ဒေါ်အောင်ဆန်းစုကြည် လက်မခံလိုက်တဲ့ စာအိတ် (၂) ခု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည်ဆိုသော စာအိတ်နှစ်အိတ်ကို သူမကလက်မခံဘဲ ” ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ကသာ ဆုံးဖြတ်ရမည်ဆိုကာ” ပြန်ပေးလိုက်သည်ဟု သူမ၏ရှေ့နေတစ်ဦး အပြောအရ သိရသည်။

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်သို့ ရောက်ရှိနေသည့် ကာကီရောင်စာအိတ်ရှည်နှစ်လုံးအား နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် ယနေ့ရုံးချိန်းထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ထံသို့

သူမ၏ရှေ့နေအဖွဲှဝင်တစ်ဦးက ပေးအပ်ရန်ကြိုးစားကြောင်းနှင့် ပါတီရုံးသို့ ရောက်ရှိနေသည့်စာဖြစ်သောကြောင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကသာ ပါတီကိစ္စဆုံးဖြတ်ရမည်ဖြစ်ကြောင်းပြောဆိုသည်ဟု ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

စာနှင့်ပတ်သက်သော အသေးစိတ်ကိုသိရှိခြင်းမရှိဟု ဦးခင်မောင်ဇော်ကပြော သည်။အာဏာသိမ်းစစ်တပ်က အမှုများစွာကပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် အမှုနှစ်ခုအတွက် ရုံးချိန်းထွက်ရသည်။

ပထမအမှုမှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင် တို့နှင့်အတူ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြစ်သည်။ ထို့အပြင် သူတစ်ဦးတည်းအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ (၂၅) နှင့်ဆိုင်သော အမှုကိုလည်း ရင်ဆိုင်ရသည်။

အမှုနှစ်ခုလုံးအတွက် နောက်ရုံးချိန်းကို စက်တင်ဘာ ၂၁ရက်နေ့သို့ ချိန်းဆိုထား သည်။ဒေါ်အောင်ဆန်းစုကြည်၏အမှုများတွက် ပုံမှန်ရုံးချိန်းများမှာ တနင်္လာနေ့နှင့် အင်္ဂါနေ့များဖြစ်ပြီး COVID-19 ကပ်ဘေးကြောင့်

တရားရုံးထုတ်မှုများ ရပ်ဆိုင်း ထားခဲ့ရာက ယမန်နေ့ကရုံးချိန်းတွင် အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်မှာ ကားမူး၍ နေထိုင်မကောင်းသဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ပြန်လည်ကောင်းမွန် နေပြီဆိုသော်လည်း ခေါင်းအနည်းငယ်မူးနေသေးကြောင်းသိရသည်ဟု ရှေ့နေ က ပြန်ပြောပြသည်။

ရှေ့နေအဖွဲ့နှင့်တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ခံထားရသည်ကိစ္စများနှင့်ပတ်သက်၍ ရှေ့နေကိုယ်စားလှယ်လွဲစာ (ပါဝါ) အား လက်မှတ်ထိုးရယူခဲ့သည်။

———

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ ေပးပို႔သည္ဆိုေသာ စာအိတ္ႏွစ္အိတ္ကို သူမကလက္မခံဘဲ ” ပါတီဗဟိုအလုပ္မႈေဆာင္အဖြဲ႕ကသာ ဆုံးျဖတ္ရမည္ဆိုကာ” ျပန္ေပးလိုက္သည္ဟု သူမ၏ေရွ႕ေနတစ္ဦး အေျပာအရ သိရသည္။

ရန္ကုန္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးခ်ဳပ္သို႔ ေရာက္ရွိေနသည့္ ကာကီေရာင္စာအိတ္ရွည္ႏွစ္လုံးအား ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ အထူးတရား႐ုံးတြင္ ယေန႔႐ုံးခ်ိန္းထြက္လာေသာ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔

သူမ၏ေရွ႕ေနအဖြဲွဝင္တစ္ဦးက ေပးအပ္ရန္ႀကိဳးစားေၾကာင္းႏွင့္ ပါတီ႐ုံးသို႔ ေရာက္ရွိေနသည့္စာျဖစ္ေသာေၾကာင့္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ကသာ ပါတီကိစၥဆုံးျဖတ္ရမည္ျဖစ္ေၾကာင္းေျပာဆိုသည္ဟု ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာသည္။

စာႏွင့္ပတ္သက္ေသာ အေသးစိတ္ကိုသိရွိျခင္းမရွိဟု ဦးခင္ေမာင္ေဇာ္ကေျပာ သည္။အာဏာသိမ္းစစ္တပ္က အမႈမ်ားစြာကပ္ခံထားရေသာ ေဒၚေအာင္ဆန္းစုၾကည္ သည္ ယေန႔တြင္ အမႈႏွစ္ခုအတြက္ ႐ုံးခ်ိန္းထြက္ရသည္။

ပထမအမႈမွာ ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္ႏွင့္ ေနျပည္ေတာ္ေကာင္စီဥကၠဌ ဦးမ်ိဳးေအာင္ တို႔ႏွင့္အတူ ဆူပူရန္လႈံ႕ေဆာ္မႈဆိုင္ရာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) ျဖစ္သည္။ ထို႔အျပင္ သူတစ္ဦးတည္းအေနျဖင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒပုဒ္မ (၂၅) ႏွင့္ဆိုင္ေသာ အမႈကိုလည္း ရင္ဆိုင္ရသည္။

အမႈႏွစ္ခုလုံးအတြက္ ေနာက္႐ုံးခ်ိန္းကို စက္တင္ဘာ ၂၁ရက္ေန႔သို႔ ခ်ိန္းဆိုထား သည္။ေဒၚေအာင္ဆန္းစုၾကည္၏အမႈမ်ားတြက္ ပုံမွန္႐ုံးခ်ိန္းမ်ားမွာ တနလၤာေန႔ႏွင့္ အဂၤါေန႔မ်ားျဖစ္ၿပီး COVID-19 ကပ္ေဘးေၾကာင့္

တရား႐ုံးထုတ္မႈမ်ား ရပ္ဆိုင္း ထားခဲ့ရာက ယမန္ေန႔က႐ုံးခ်ိန္းတြင္ အသက္ ၇၆ ႏွစ္အ႐ြယ္ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္မွာ ကားမူး၍ ေနထိုင္မေကာင္းသျဖင့္ စစ္ေဆးႏိုင္ျခင္း မရွိဘဲ ျဖစ္ခဲ့ရသည္။

ယေန႔႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရး ျပန္လည္ေကာင္းမြန္ ေနၿပီဆိုေသာ္လည္း ေခါင္းအနည္းငယ္မူးေနေသးေၾကာင္းသိရသည္ဟု ေရွ႕ေန က ျပန္ေျပာျပသည္။

ေရွ႕ေနအဖြဲ႕ႏွင့္ေတြ႕ဆုံစဥ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ ခံထားရသည္ကိစၥမ်ားႏွင့္ပတ္သက္၍ ေရွ႕ေနကိုယ္စားလွယ္လြဲစာ (ပါဝါ) အား လက္မွတ္ထိုးရယူခဲ့သည္။