NUG ၏ သံတမန် ရေး ထိုးစစ်များ
ပြည်သူတို့၏ ခုခံစစ်ပွဲက အရှိန်အဟုန် မြင့်မားလာသည် နှင့်အမျှ တဖက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ သံတမန် ထိုးစစ် ကို အောင်မြင်စွာ ဆင်နွှဲလာ နေပြီ ဖြစ်သည်။
သံ အမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂ တွင်ဆက်လက် နေရာယူထားနိုင်ခဲ့မှု နှင့် အတူ စစ်အာဏာသိမ်း အဖွဲ့အား ကမ္ဘာစင်မြင့် မှ အောင်မြင်စွာ တွန်းဖယ်နိုင်ခဲ့ လေသည်။
ယခုအခါ တောင်ကိုရီးယား မြို့တော် ဆိုးလ် တွင်
NUG ကိုယ်စားလှယ်ရုံးကို စတင်ဖွင့်လှစ် နိုင်ခဲ့ပြန်ပြီး အာရှ ကုန်းမြေကို စတင်ထိုးဖေါက်လာနိုင်ခဲ့သည်။
အလားတူ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဩစတေးလျှ၊ နှင့် ချက် သမ္မတ နိုင်ငံများတွင်လည်း အသီးသီး ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် ရုံးများ ရှိ ဝန်ထမ်းများသည် သံတမန် ဆိုင်ရာ အခွင့်အရေး များ အပြည့်အဝ ရရှိပြီး ခန့်အပ်လွှာများကို သက်ဆိုင်ရာ အစိုးရ ထံ ပေးအပ်သွား ရန် ရှိသည်ဟုလည်း သိရသည်။
တရားဝင် အသိအမှတ်ပြု ခံရသည့် အဆင့် မရောက်သေးသော်လည်း ဆွေးနွေး ပြောဆိုခွင့်များ ရရှိသွားပြီ ဖြစ်သည်။ ထို့အတွက်လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမင်း မှ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဩဂုတ်လ ဆန်းပိုင်းတွင် တရားဝင် ဆွေးနွေးပြောဆိုလာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအထဲတွင် တောင်ကိုရီးယား နိုင်ငံသား များက မြန်မာ အရေးကို အထူးစိတ်ဝင်စားမှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့အားလုံးသည် စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်လာခဲ့ရသူ များ ဖြစ်သဖြင့် ကိုယ်ချင်းစာ စိတ်များ ရှိနေကြခြင်းကလည်း တကြောင်းအပါအဝင် ဖြစ်သည်။
တောင်ကိုရီယား အစိုးရ ဖက်ကတော့ ကိုယ်စားလှယ်ရုံးကို ဆိုးလ်မြို့စွန် တွင် ဖွင့်ခွင့်ပြုခဲ့ခြင်းကို အတတ်နိုင်ဆုံး ရေငုံနှုတ်ပိတ်နေကြဆဲ ဖြစ်သည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် NUG မှ နောက်ထပ် ထိုးစစ်ကြီး တရပ် အဖြစ် ၂၀၀၂ ခုနှစ် မှ စ၍ မြန်မာစစ်တပ် မှ ကျူးလွန်လာခဲ့သော စစ်ရာဇဝတ်မှုများကို ICC မှ ရုံးတင်စစ်ဆေးရန် လက်ခံကြောင်း ကြေငြာလွှာ ကို တင်သွင်းလာခဲ့သည်။
ထိုကြေငြာချက် ဖြင့် စစ်တပ်၏ ရာဇဝတ်မှု များအား အိုင်စီစီ တာဝန်ရှိသူများ အနေဖြင့် သက်သေအထောက်အထားများ စတင် စုဆောင်းပြီး တရားစွဲဆိုနိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။ ယင်းနှင့်အတူ နိုင်ငံတွင်းတွင် ရိုဟင်ဂျာ များ အား လူမဆန်စွာ ကျူးလွန်ခဲ့မှုများ ရှိနေကြောင်း လူသိရှင်ကြား အသိအမှတ် ပြုလိုက်ခြင်း ဖြစ်၍ လွန်စွာ အရေးပါသော ခြေလှမ်းကြီး ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများ က သုံးသပ်ခဲ့ကြသည်။
ထိုမတိုင်မီ တပတ်က ဆူဒန် အစိုးရမှ အိုင်စီစီမှ အလိုရှိနေသော သမ္မတဟောင်း အိုမာ အယ် ဘာရှီရား အား အိုင်စီစီ သို့ လွှဲပြောင်းပေးတော့မည် ဟု ထုတ်ပြန်ကြေညာလာခဲ့ပြန်သည်။
မင်းအောင်လှိုင်သည် ထိုသို့ တရားစွဲဆို လွှဲပြောင်းခံရမည်ကို စိုးရွံ့နေမှုများက အာဏာသိမ်းခဲ့ရသည့် အကြောင်းရင်းများထဲတွင် တခုအပါအဝင် ဖြစ်သည်။
ထိုသို့ ဖြစ်လာနိုင်ရန် NUG မှာ ရောမ ပြဌာန်းချက်ကို လက်မှတ်ထိုးနိုင်ရန် လှုပ်ရှားလာပြီ ဖြစ်သည်။ ထိုနည်း ဖြင့် အနည်းဆုံး မင်းအောင်လှိုင် အာဏာ စွန့်လွှတ်ရေး အပေါ် နိုင်ကွက် ရလာတော့မည် ဖြစ်သည်။
NUG သည် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ဖြင့် နိူင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာသည့် အစိုးရ တရပ် ထူထောင်သွားမည်ဟု ကမ္ဘာသိ ကြေညာခဲ့ပြီးလည်း ဖြစ်သည်။
နိုင်ငံတကာ မှ NUG ၏ ရောမပြဌာန်းချက် အား
လက်မှတ်ထိုး အတည်ပြုခြင်းကို လက်ခံကြဖို့သာ လိုတော့သည်။ ထို အနေအထား အတွက် ကုလသမဂ္ဂ တွင် ကန်လန်ကာ နောက်ကွယ် ဆွေးနွေးမှုများ ပြုလုပ်နေပြီလည်း ဖြစ်သည်။
တခု ကံကောင်းနေရသည်က အိုင်စီစီတွင် စစ်ကောင်စီ ဖက်မှ လိုက်လံကန့်ကွက် နေသော ရုရှား နှင့် တရုတ် တို့ ပါဝင်ခြင်း မရှိ၍ အတည်ပြုခံရဖို့
အလားအလာ ကောင်းနေပေသည်။
Hla Soe Wai
ကိုးကား ။။ Nikkei Asia Review / East Asia Forum
(ပုံတွင် မြန်မာတို့နှင့် တသားတည်း ရှိကြောင်း
တောင်ကိုရီယား နိုင်ငံသား များက ဆန္ဒထုတ်ဖေါ် ခဲ့ကြစဉ်)
——-
NUG ၏ သံတမန် ရေး ထိုးစစ္မ်ား
ပြည်သူတို့၏ ခုခံစစ္ပြဲက အရှိန်အဟုန် မြင့်မားလာသည် နှင့်အမျှ တဖက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရမွ သံတမန် ထိုးစစ် ကို အောင်မြင်စွာ ဆင်နွှဲလာ နေပြီ ဖြစ်သည်။
သံ အမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂ တွင်ဆက်လက် နေရာယူထားနိုင်ခဲ့မှု နှင့် အတူ စစ်အာဏာသိမ်း အဖွဲ့အား ကမ္ဘာစင်မြင့် မွ အောင်မြင်စွာ တွန်းဖယ်နိုင်ခဲ့ လေသည်။
NUG ကိုယ်စားလှယ်ရုံးကို စတင်ဖွင့်လှစ် နိုင်ခဲ့ပြန်ပြီး အာရွ ကုန်းမြေကို စတင်ထိုးဖေါက်လာနိုင်ခဲ့သည်။
အလားတူ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဩစေတးလွ်၊ နှင့် ချက် သမ္မတ နိုင်ငံများတွင်လည်း အသီးသီး ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် ရုံးများ ရွိ ဝန်ထမ်းများသည် သံတမန် ဆိုင်ရာ အခွင့်အရေး မ်ား အပြည့်အဝ ရရှိပြီး ခန့်အပ်လွှာများကို သက်ဆိုင်ရာ အစိုးရ ထံ ပေးအပ်သွား ရန် ရှိသည်ဟုလည်း သိရသည်။
ထိုအထဲတွင် တောင်ကိုရီးယား နိုင်ငံသား မ်ားက မြန်မာ အေရးကို အထူးစိတ်ဝင်စားမှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့အားလုံးသည် စစ်အာဏာရှင် အဆက်ဆက္ကို တော်လှန်လာခဲ့ရသူ မ်ား ဖြစ်သဖြင့် ကိုယ်ချင်းစာ စိတ်များ ရှိနေကြခြင်းကလည်း တကြောင်းအပါအဝင် ဖြစ်သည်။
တောင်ကိုရီယား အစိုးရ ဖက္ကေတာ့ ကိုယ်စားလှယ်ရုံးကို ဆိုးလ်မြို့စွန် တွင် ဖွင့်ခွင့်ပြုခဲ့ခြင်းကို အတတ်နိုင်ဆုံး ရေငုံနှုတ်ပိတ်နေကြဆဲ ဖြစ်သည်။
ဩဂုတ္လ ၂၀ ရက်နေ့တွင် NUG မွ နောက်ထပ် ထိုးစစ်ကြီး တရပ် အဖြစ် ၂၀၀၂ ခုနှစ် မွ စ၍ မြန်မာစစ်တပ် မွ ကျူးလွန်လာခဲ့သော စစ်ရာဇဝတ်မှုများကို ICC မွ ရုံးတင်စစ်ဆေးရန် လက်ခံကြောင်း ကြေငြာလွှာ ကို တင်သွင်းလာခဲ့သည်။
ထိုကြေငြာချက် ဖြင့် စစ်တပ်၏ ရာဇဝတ်မှု မ်ားအား အိုင်စီစီ တာဝန်ရှိသူများ အနေဖြင့် သက်သေအထောက်အထားများ စတင် စုဆောင်းပြီး တရားစွဲဆိုနိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။ ယင်းနှင့်အတူ နိုင်ငံတွင်းတွင် ရိုဟင်ဂျာ မ်ား အား လူမဆန္စြာ ကျူးလွန်ခဲ့မှုများ ရှိနေကြောင်း လူသိရှင်ကြား အသိအမှတ် ပြုလိုက်ခြင်း ဖြစ်၍ လြန္စြာ အရေးပါသော ခြေလှမ်းကြီး ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများ က သုံးသပ်ခဲ့ကြသည်။
ထိုမတိုင်မီ တပတ္က ဆူဒန် အစိုးရမွ အိုင်စီစီမှ အလိုရှိနေသော သမ္မတဟောင်း အိုမာ အယ် ဘာရွီရား အား အိုင်စီစီ သို့ လွှဲပြောင်းပေးတော့မည် ဟု ထုတ်ပြန်ကြေညာလာခဲ့ပြန်သည်။
မင်းအောင်လှိုင်သည် ထိုသို့ တရားစြဲဆို လွှဲပြောင်းခံရမည်ကို စိုးရွံ့နေမှုများက အာဏာသိမ်းခဲ့ရသည့် အကြောင်းရင်းများထဲတွင် တခုအပါအဝင် ဖြစ်သည်။
NUG သည် ဖက်ဒရယ် ဒီမိုကေရစီ စနစ်ဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာသည့် အစိုးရ တရပ် ထူထောင်သွားမည်ဟု ကမ္ဘာသိ ကြေညာခဲ့ပြီးလည်း ဖြစ်သည်။
နိုင်ငံတကာ မွ NUG ၏ ရောမပြဌာန်းချက် အား
တခု ကံကောင်းနေရသည်က အိုင်စီစီတွင် စစ်ကောင်စီ ဖက်မှ လိုက်လံကန့်ကွက် နေသော ရုရှား နှင့် တရုတ် တို့ ပါဝင်ခြင်း မရွိ၍ အတည်ပြုခံရဖို့
Hla Soe Wai
တောင်ကိုရီယား နိုင်ငံသား မ်ားက ဆန္ဒထုတ်ဖေါ် ခဲ့ကြစဉ်)