မြဝတီ မြန်မာ့အသံမှာ ကြေညာတာနဲ့ မြေပြင်က ဖုန်း/ဒိုင်း/ဂွမ်းသွားတာတွေ ကွာခြားပုံ ပန်ဆယ်လိုပြော

မြဝတီ မြန်မာ့အသံမှာ ကြေညာတာနဲ့ မြေပြင်က ဖုန်း/ဒိုင်း/ဂွမ်းသွားတာတွေ ကွာခြားပုံ ပန်ဆယ်လိုပြော

PDF တွေ အများကြီးအဖမ်းခံနေရလား။ ညတိုင်းလိုလို မြဝတီမြန်မာ့အသံကနေ PDF တွေ ဖမ်းမိတာ အများကြီးဆိုတော့ အချို့က အားလျော့တဲ့ လေသံတွေ ဖြစ်လာတယ်။ အဲ့တော့ ပြောပြမယ်။

အဖမ်းခံရသူတိုင်း PDF တွေလားဆိုတော့ မဟုတ်ဘူး။ PDF တွေ ပါလားဆိုတော့ ပါတယ်။ ဆိုလိုတာက PDF တွေ အဖမ်းခံရတာတွေ ရှိလားဆိုတော့ ရှိတယ်။ ဒါပေမယ့် မြဝတီ မြန်မာ့အသံမှာ ကြေညာသလောက် များမနေဘူး။

တစ်နေရာရာမှာ ဖုန်း/ဒိုင်း/ဂွမ်းသွားတယ်။ လုပ်သွားသူ မမိလိုက်ဘူးဆိုရင် ပထွေးတွေက ကောင်းကောင်းဖျင်ကြိတ်မှာဆိုတော့ တွေ့ရာလူ/ အနီးနားကလူ ဆွဲဖမ်းသွားရော။

ဖမ်းသွားပြီး စစ်ကြောရေးမှာ နှိပ်စက်၊ စစ်မေး။ မသိပါဘူး ဖြေရင် ထပ်ရိုက်၊ မလုပ်ပါဘူးဖြေရင် ထပ်ရိုက်။ နောက်ဆုံးတော့ မထူးပါဘူး၊ ဟုတ်ပါတယ်၊ လုပ်ပါတယ်ဆိုပြီး ဖြေလိုက်ရရော။

စစ်ကြောရေးထဲက အရှင်ထွက်နိုင်ရင် မသေတော့ဘူး၊ ဖြေခိုင်းတဲ့အတိုင်းမဖြေရင် သတ်မှာဆိုတော့ ဟုတ်တယ်သာ ဖြေလိုက်ကြတာ။ အချို့ဆို ဖြစ်စဉ်ကိုတောင် ဘာမှန်းသိလိုက်ရှာတာ မဟုတ်ဘူး။

ဟုတ်ပါတယ်၊ လုပ်ပါတယ် ဖြေလိုက်ရင် မြဝတီ၊ မြန်မာ့အသံမှာ PDF တွေ မိပြီ ဘာညာ မြှားတွေထိုးပြီးကြေညာ၊ ဇာတ်ညွှန်းအတိုင်း ရေးပြ ဘလာဘလာ။

မမိရင် စောက်သုံးမကျရကောင်းလား ပထွေးတွေ ရှယ်ပက်ကေ့ချ်နဲ့ ဖျင်ချတာလည်း သက်သာ၊ PDF တွေ အများကြီးမိနေတယ်လို့ ပြည်သူကို အားငယ်အောင်လုပ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တွေ လုပ်ကြတာ။

အချို့တွေ စိတ်အားလျော့ကျလာလို့ MaALoe တွေ ခင်းနေတဲ့အကွက်ကို ပြောပြတာ။ အဖမ်းခံလိုက်ရသူတွေက PDF တွေ မဟုတ်လည်း ငါတို့ ပြည်သူတွေပဲ။ ငါတို့သွေးသားတွေပဲ။ ငါတို့ကို အနိုင်ကျင့်ရက်စက်တာပဲ။

ဒီကောင်တွေလက်အောက်မှာ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလို သတ်နေတာ ခံပြီးနေကြမလား။ ဘာအနာဂတ်မှ မရှိ ရှင်လျက်နဲ့ သေခံကြရမလား။

ဘာအပြစ်မှမရှိတဲ့ သူတွေက အသက်တွေ ပေးခဲ့ကြရသလို ဘာအပြစ်မှ မရှိသူတွေက ထောင်ထဲမှာ။ ငါတို့နိုင်မှ သူတို့တွေ လွတ်မြောက်နိုင်မှာ။

ရက်စက်နေသမျှတွေ မကြည့်ရက်လည်း ကြည့်ထား။ နာကျည်းစိတ်ဟာ အကြီးဆုံးလောင်စာပဲ ဖြစ်ရမယ်။

ပန်ဆယ်လို

——–

ျမဝတီ ျမန္မာ့အသံမွာ ေၾကညာတာနဲ႔ ေျမျပင္က ဖုန္း/ဒိုင္း/ဂြမ္းသြားတာေတြ ကြာျခားပုံ ပန္ဆယ္လိုေျပာ

PDF ေတြ အမ်ားႀကီးအဖမ္းခံေနရလား။ ညတိုင္းလိုလို ျမဝတီျမန္မာ့အသံကေန PDF ေတြ ဖမ္းမိတာ အမ်ားႀကီးဆိုေတာ့ အခ်ိဳ႕က အားေလ်ာ့တဲ့ ေလသံေတြ ျဖစ္လာတယ္။ အဲ့ေတာ့ ေျပာျပမယ္။

အဖမ္းခံရသူတိုင္း PDF ေတြလားဆိုေတာ့ မဟုတ္ဘူး။ PDF ေတြ ပါလားဆိုေတာ့ ပါတယ္။ ဆိုလိုတာက PDF ေတြ အဖမ္းခံရတာေတြ ရွိလားဆိုေတာ့ ရွိတယ္။ ဒါေပမယ့္ ျမဝတီ ျမန္မာ့အသံမွာ ေၾကညာသေလာက္ မ်ားမေနဘူး။

တစ္ေနရာရာမွာ ဖုန္း/ဒိုင္း/ဂြမ္းသြားတယ္။ လုပ္သြားသူ မမိလိုက္ဘူးဆိုရင္ ပေထြးေတြက ေကာင္းေကာင္းဖ်င္ႀကိတ္မွာဆိုေတာ့ ေတြ႕ရာလူ/ အနီးနားကလူ ဆြဲဖမ္းသြားေရာ။

ဖမ္းသြားၿပီး စစ္ေၾကာေရးမွာ ႏွိပ္စက္၊ စစ္ေမး။ မသိပါဘူး ေျဖရင္ ထပ္႐ိုက္၊ မလုပ္ပါဘူးေျဖရင္ ထပ္႐ိုက္။ ေနာက္ဆုံးေတာ့ မထူးပါဘူး၊ ဟုတ္ပါတယ္၊ လုပ္ပါတယ္ဆိုၿပီး ေျဖလိုက္ရေရာ။

စစ္ေၾကာေရးထဲက အရွင္ထြက္ႏိုင္ရင္ မေသေတာ့ဘူး၊ ေျဖခိုင္းတဲ့အတိုင္းမေျဖရင္ သတ္မွာဆိုေတာ့ ဟုတ္တယ္သာ ေျဖလိုက္ၾကတာ။ အခ်ိဳ႕ဆို ျဖစ္စဥ္ကိုေတာင္ ဘာမွန္းသိလိုက္ရွာတာ မဟုတ္ဘူး။

ဟုတ္ပါတယ္၊ လုပ္ပါတယ္ ေျဖလိုက္ရင္ ျမဝတီ၊ ျမန္မာ့အသံမွာ PDF ေတြ မိၿပီ ဘာညာ ျမႇားေတြထိုးၿပီးေၾကညာ၊ ဇာတ္ၫႊန္းအတိုင္း ေရးျပ ဘလာဘလာ။

မမိရင္ ေစာက္သုံးမက်ရေကာင္းလား ပေထြးေတြ ရွယ္ပက္ေက့ခ်္နဲ႔ ဖ်င္ခ်တာလည္း သက္သာ၊ PDF ေတြ အမ်ားႀကီးမိေနတယ္လို႔ ျပည္သူကို အားငယ္ေအာင္လုပ္။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေတြ လုပ္ၾကတာ။

အခ်ိဳ႕ေတြ စိတ္အားေလ်ာ့က်လာလို႔ MaALoe ေတြ ခင္းေနတဲ့အကြက္ကို ေျပာျပတာ။ အဖမ္းခံလိုက္ရသူေတြက PDF ေတြ မဟုတ္လည္း ငါတို႔ ျပည္သူေတြပဲ။ ငါတို႔ေသြးသားေတြပဲ။ ငါတို႔ကို အႏိုင္က်င့္ရက္စက္တာပဲ။

ဒီေကာင္ေတြလက္ေအာက္မွာ ဖမ္းခ်င္သလိုဖမ္း၊ သတ္ခ်င္သလို သတ္ေနတာ ခံၿပီးေနၾကမလား။ ဘာအနာဂတ္မွ မရွိ ရွင္လ်က္နဲ႔ ေသခံၾကရမလား။

ဘာအျပစ္မွမရွိတဲ့ သူေတြက အသက္ေတြ ေပးခဲ့ၾကရသလို ဘာအျပစ္မွ မရွိသူေတြက ေထာင္ထဲမွာ။ ငါတို႔ႏိုင္မွ သူတို႔ေတြ လြတ္ေျမာက္ႏိုင္မွာ။

ရက္စက္ေနသမွ်ေတြ မၾကည့္ရက္လည္း ၾကည့္ထား။ နာက်ည္းစိတ္ဟာ အႀကီးဆုံးေလာင္စာပဲ ျဖစ္ရမယ္။

ပန္ဆယ္လို