စစ်သားနှင့်ရဲများ CDMမပြုလုပ်ရေး စစ်ခေါင်းဆောင်များ တလှည့်စီလိုက်လံရှင်းပြနေရပြီ

စစ်ကောင်စီမှ ၄င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင် များဖြစ်သည့် အောက်ခြေစစ်သားနှင့် ရဲများ CDMပြုလုပ်မည်ကိုစိုးရိမ်နေပြီး စစ်ခေါင်း ဆောင်များမှ ဒေသအလိုက်ခွဲ၍ တလှည့်စီ လိုက် လံရှင်းပြနေကြောင်း ရဲတပ်ဖွဲ့နှင့်စစ်တပ်အသိုင်း အဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၃ ရက်နေ့မှ စ၍ အာဏာသိမ်းစစ်ခေါင်းဆောင်မှ မန္တလေးတိုင်း ၊ ကချင်ပြည်နယ် အတွင်းမြို့များရှိ စစ်တပ်မိသား စုများ သို့စည်းရုံးရေးဆင်းနေရပြီး၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်မှလည်း

ယမန်နေ့စက်တင်ဘာ ၁၈ ရက်နေ့က စစ်ဘကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံ အ နောက်မြောက်ဒေသတိုင်းအတွင်းရှိမြို့များမှ ရဲ တပ်ဖွဲ့ဝင်များသို့လည်းကောင်း အသီးသီးလိုက် လံရှင်းပြနေရကြောင်း သိရသည်။

စစ်အာဏာသိမ်းခေါင်းဆောင်များမှ ၄င်းတို့အနေဖြင့် ရွေး ကောက်ပွဲမဲမသမာမှုများကြောင့် နိုင်ငံတော်အာဏာအား ခေတ္တထိန်းသိမ်း ထားခြင်းသာဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ​ဆူပူဆန္ဒပြမှုများ

ဖြစ်ပေါ်လာသဖြင့် ထိန်း သိမ်းသည့် သဘောဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းသာဖြစ်ကြောင်း စသည့်စကားရပ်များအသုံးပြု၍ ၄င်းတို့၏တပ်ဖွဲ့ဝင်များအား ဒေသအနှံ့လိုက်လံရှင်းပြနေရကြောင်းသိရသည်။

”မနေ့က ဝန်ကြီးလာတွေ့တယ်။ တခြားထွေ ထွေ ထူးထူးတော့မဟုတ်ပါဘူး။ ဓာတ်ပြားဟောင်းတွေပါဘဲ။ ဒီဘက်က တိုက်ပွဲပြင်း ထန်နေတော့ သူ့မျက်နှာလာပြတဲ့သဘောပါ ။”ဟု စစ်ကိုင်း တိုင်းရဲတပ်ဖွဲ့ဝင်တဦးက ပြောကြောင်း MPA သတင်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းစဉ်ကတည်းက မဲမသမာမှုကြောင့် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာက ယုံကြည်လာစေရန် ဆက်တိုက်ပြောဆိုလာခဲ့သည်မှာ ၇ လပင် ကျော်လာခဲ့ပြီဖြစ်သည်။

သို့သော်လည်း ၎င်း၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်များကို မြန်မာပြည်သူများက လက်မခံသလို နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း ထောက်ခံမှုမရဘဲ စစ်ခေါင်းဆောင်၏ မိုက်မဲလွန်းလှသည့် လုပ်ရပ်တခု အဖြစ်ဖြင့်သာ ရှုမြင်ကြသည်။

လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသည့် ဗိုလ်ကြီးလင်းထက်အောင်ကမူ တပ်ချုပ်သည် စစ်တပ်အပေါ် ထောက်ခံမှု လျော့ကျနေခြင်းအား ကာကွယ်ရန် စစ်တပ်အမာခံနေရာဖြစ်သည့် ဗိုလ်လောင်း သင်တန်းကျောင်းတွင် စည်းရုံးရေးဆင်းနေခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“သူ့ဘက်ကို အဲဒီနေရာတွေက မထောက်ခံတော့ဘူး ဆိုတာ နဲ့ သူမထင်ထားတာတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ သူထင်လို့ သွားစည်းရုံးတယ်လို့ မြင်တယ်။ NLD က မဲခိုးတယ်ဆိုတာ ဒီအချိန်မှာ ဘယ်သူမှ မယုံကြဘူး၊ တပ်တွင်းမှာလည်း ဒါကို ရင်ထဲက လက်မခံတဲ့ သူက ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။

ဒါကြောင့် သူ့ကိုထောက်ခံမှု လျော့ကျသွားမှာစိုးလို့ သူကိုယ်တိုင် သွားပြောတယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

CDM ဗိုလ်ကြီး တဦးဖြစ်သူ Captain Zero ကလည်း စစ်ကောင်စီဥက္ကဌ၏ ရှင်းပြသည့် လုပ်ရပ်နှင့်ပတ်သက်၍ “ဒီအချိန်မှာသူတို့ကို ယုံကြည်နေတာက ဒီ တပ်အသိုင်းဝိုင်း သေးသေးလေးပဲ ရှိတော့တာ၊ အပြင်က သူတို့ကို မယုံကြည်တော့ဘူး။ သူတို့အပေါ် ယုံကြည်မှု ရှိနေသေးတဲ့ တပ်တွင်းအသိုင်းဝိုင်းကို လိုက်စည်းရုံး နေတာပဲ ဖြစ်ပါတယ်။

သူတို့ကလည်း ပြင်ပနဲ့ အဆက်သွယ်ဖြတ်ခံထားရတော့ ဆက်ယုံကြည်နေကြ တာ ဖြစ်ပါတယ်။ ဒါကိုလည်း သိတဲ့အတွက် နီးစပ်ရာ အသိုင်းသိုင်းကို လိုက်ရှင်းပြနေတာပဲ ဖြစ်ပါ တယ်” ဟု သုံးသပ်ပြောဆိုကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။

ထို့ပြင် စစ်ကောင်စီဘက်မှ ၄င်းတို့တပ်ဖွဲ့အတွင်း ရေတပ်သို့ရေချုပ်၊ လေတပ်သို့လေချုပ်စသဖြင့် တပ်ဖွဲ့အလိုက်အကြီးဆုံးပုဂ္ဂိုလ်များအသုံးပြု၍ ပြောဆိုစည်းရုံးနေပြီး ၄င်းတို့လက်လှမ်းမမီသည့် ဒေသများသို့ သက်ဆိုင်ရာစစ်တိုင်းမှူးများ စေလွှတ်၍ အလှည့်ကျ စည်းရုံးပြောဆိုနေရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲချုပ်-၂ ရဲဗိုလ်ချုပ်အောင်နိုင်သူ ကိုယ်တိုင်ဆင်း၍ ကွပ်ကဲနေရပြီး ထူးချွန်ရဲတပ်ဖွဲ့ဝင်များအားလည်း ဆုချီးမြှင့်မှုများပြလုပ်နေကြောင်း သိရသည်။

Ref: MPA