
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ”ချက်ချင်းလုပ်ဆောင်မယ့်၊ အပြုသဘောဆောင်တဲ့၊ ထိရောက်တဲ့၊ ပူးပေါင်းလုပ်ဆောင်တဲ့၊ ရလဒ်ကိုအခြေခံတဲ့
အရေးယူဆောင်ရွက်ချက်တွေ’ အရေးတကြီး လုပ်ဖို့ လိုနေတယ်လို ကုလသမဂ္ဂရဲ့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကို စာရေးသား တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၁၇ ရက် ရက်စွဲနဲ့ ရေးသားထုတ်ပြန်တဲ့ စာထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကို အထီးကျန်ဖြစ်အောင် ဖယ်ကျဉ်ထားဖို့နဲ့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မသွားမချင်း စစ်တပ်ကို ထောက်ပံ့တာတွေ ဖြတ်တောက်ထားဖို့အတွက် ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း ဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၂၀ ကျော်အတွင်း လူ တစ်ထောင်ကျော် သတ်ဖြတ်ခံရသလို ထောင်နဲ့ချီပြီး ဖမ်းဆီးနှိပ်စက်တာတွေ ခံနေရတယ်လို့ ဦးကျော်မိုးထွန်းက သူ့ရဲ့စာထဲမှာ ရေးပါတယ်။
စက်တင်ဘာ ၉ ရက်က မကွေးတိုင်း မြင်သားရွာမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးကြောင်းနဲ့ စက်တင်ဘာ ၁၀ ရက်မှာလည်း အဲဒီဒေသက နှမ်းခါးရွာမှာ အိမ်ခြေ ၃၆ လုံး မီးရှို့ခံရကြောင်းလည်း ဖော်ပြပါတယ်။
အဲဒီစာနဲ့အတူ စာမျက်နှာ ၇ မျက်နှာပါ အပတ်စဉ် မြန်မာနိုင်ငံအခြေအနေ စာတမ်းတစ်ခုကိုလည်း အတွင်းရေးမှူးချုပ်ဆီ ပူးတွဲ ပေးပို့ထားတာ တွေ့ရပါတယ်။
ဦးကျော်မိုးထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် / မြန်မာအသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးတွဲအလုပ်လုပ်နေပါတယ်။
လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကိုလည်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်တက်ရောက်ခွင့်ရနေပါတယ်။
ဒါပေမယ့် အထွေထွေညီလာခံကနေ NUG က တင်ထားတဲ့ ဦးကျော်မိုးထွန်းကို ဆက်အသိအမှတ်ပြုမလား၊ စစ်ကောင်စီက တင်သွင်းတဲ့ ဦးအောင်သူရိန်ကို ရွေးမလား၊ ဒါမှမဟုတ် ဘယ်သူမှ အတည်မပြုဘဲ ဆိုင်းငံ့ထားမလား ဆိုတာ အသစ်ဖွဲ့ထားတဲ့ ၉ နိုင်ငံပါ အရည်အချင်းစစ်ကော်မတီကနေ ဆုံးဖြတ်ရဖို့ရှိပါတယ်။
အထွေထွေညီလာခံရဲ့ မူလအစီအစဉ်အရတော့ အထွေထွေညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာဘက်က မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိပါတယ်။
———-
ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ သတ္ျဖတ္ဖမ္းဆီးမႈေတြ ဆက္ျဖစ္ေနတဲ့အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ”ခ်က္ခ်င္းလုပ္ေဆာင္မယ့္၊ အျပဳသေဘာေဆာင္တဲ့၊ ထိေရာက္တဲ့၊ ပူးေပါင္းလုပ္ေဆာင္တဲ့၊ ရလဒ္ကိုအေျခခံတဲ့
အေရးယူေဆာင္႐ြက္ခ်က္ေတြ’ အေရးတႀကီး လုပ္ဖို႔ လိုေနတယ္လို ကုလသမဂၢရဲ႕ လက္ရွိ ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူးတားရက္စ္ကို စာေရးသား ေတာင္းဆိုလိုက္ပါတယ္။
စက္တင္ဘာလ ၁၇ ရက္ ရက္စြဲနဲ႔ ေရးသားထုတ္ျပန္တဲ့ စာထဲမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စစ္တပ္ကို အထီးက်န္ျဖစ္ေအာင္ ဖယ္က်ဥ္ထားဖို႔နဲ႔ ျမန္မာျပည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္မသြားမခ်င္း စစ္တပ္ကို ေထာက္ပံ့တာေတြ ျဖတ္ေတာက္ထားဖို႔အတြက္ ခိုင္မာတဲ့ေဆာင္႐ြက္ခ်က္ေတြ လိုအပ္တယ္လို႔လည္း ေဖာ္ျပပါတယ္။
စစ္အာဏာသိမ္းၿပီး ရက္ေပါင္း ၂၂၀ ေက်ာ္အတြင္း လူ တစ္ေထာင္ေက်ာ္ သတ္ျဖတ္ခံရသလို ေထာင္နဲ႔ခ်ီၿပီး ဖမ္းဆီးႏွိပ္စက္တာေတြ ခံေနရတယ္လို႔ ဦးေက်ာ္မိုးထြန္းက သူ႔ရဲ႕စာထဲမွာ ေရးပါတယ္။
စက္တင္ဘာ ၉ ရက္က မေကြးတိုင္း ျမင္သား႐ြာမွာ စစ္ေကာင္စီတပ္ေတြ တိုက္ခိုက္မႈေၾကာင့္ အရပ္သားေတြအပါအဝင္ အနည္းဆုံး လူ ၁၈ ဦး ေသဆုံးေၾကာင္းနဲ႔ စက္တင္ဘာ ၁၀ ရက္မွာလည္း အဲဒီေဒသက ႏွမ္းခါး႐ြာမွာ အိမ္ေျခ ၃၆ လုံး မီးရႈိ႕ခံရေၾကာင္းလည္း ေဖာ္ျပပါတယ္။
အဲဒီစာနဲ႔အတူ စာမ်က္ႏွာ ၇ မ်က္ႏွာပါ အပတ္စဥ္ ျမန္မာႏိုင္ငံအေျခအေန စာတမ္းတစ္ခုကိုလည္း အတြင္းေရးမႉးခ်ဳပ္ဆီ ပူးတြဲ ေပးပို႔ထားတာ ေတြ႕ရပါတယ္။
ဦးေက်ာ္မိုးထြန္းဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရလက္ထက္က ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ / ျမန္မာအသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံရၿပီး စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ ပူးတြဲအလုပ္လုပ္ေနပါတယ္။
လက္ရွိက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံကိုလည္း ျမန္မာကိုယ္စားလွယ္အျဖစ္ ဆက္တက္ေရာက္ခြင့္ရေနပါတယ္။
ဒါေပမယ့္ အေထြေထြညီလာခံကေန NUG က တင္ထားတဲ့ ဦးေက်ာ္မိုးထြန္းကို ဆက္အသိအမွတ္ျပဳမလား၊ စစ္ေကာင္စီက တင္သြင္းတဲ့ ဦးေအာင္သူရိန္ကို ေ႐ြးမလား၊ ဒါမွမဟုတ္ ဘယ္သူမွ အတည္မျပဳဘဲ ဆိုင္းငံ့ထားမလား ဆိုတာ အသစ္ဖြဲ႕ထားတဲ့ ၉ ႏိုင္ငံပါ အရည္အခ်င္းစစ္ေကာ္မတီကေန ဆုံးျဖတ္ရဖို႔ရွိပါတယ္။
အေထြေထြညီလာခံရဲ႕ မူလအစီအစဥ္အရေတာ့ အေထြေထြညီလာခံေနာက္ဆုံးေန႔ျဖစ္တဲ့ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ျမန္မာဘက္က မိန႔္ခြန္းေျပာၾကားဖို႔ အစီအစဥ္ရွိပါတယ္။