ရဲသားတစ်ဦး သေနတ် နှစ်လက် သယ်ဆောင်၍ ပြည်သူ့ဘက်သို့ ခိုလှုံ

မုံရွာစီးပွားရေးဘဏ်မှ လုံခြုံရေးအစာင့် ရဲသားတစ်ဦး သေနတ် နှစ်လက် သယ်ဆောင်၍ ပြည်သူ့ဘက်သို့ ခိုလှုံ၊ ဟားခါး CDF ထံသို့ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာ မြန်မာ့စီးပွားရေးဘဏ်မှ လုံခြုံရေးအစောင့် စစ်သား ၁ ဦးသည် သေနတ် နှစ်လက် သယ်ဆောင်၍ ပြည်သူ့ဘက်သို့တရားဝင်

ခိုလှုံလိုက်ပြီး ယနေ့ ဟားခါး CDF ထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကြောင်း မုံရွာ PDF သံမဏိ တပ်ဖွဲ့က ပြောသည်။

မုံရွာစီးပွားရေးဘဏ် အစောင့်ကျသည့် အဓမ္မဘက်မှဓမ္မဘက်သို့ကူးပြောင်းလာသော CDM သူရဲကောင်း ရဲတပ်သားကို သေနတ်နှစ်လက်ဖြင့် ဟားခါး CDF ထံ အနှောင့်အယှက် ကင်းစွာဖြင့် သံမဏိတပ်ဖွဲ့က ယနေ့အပြီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သံမဏိတပ်ဖွဲ့က ပြောဆိုထားသည်။

———–


ရန်ကုန်၊ စက်တင်ဘာ ၁၉


