နိုင်ငံ့သားကောင်းရတနာနဲ့ ပြည်သူချစ်သော တပ်မတော်ဖြစ်စေဖို့

NLD နဲ့မားသားစု လက်ထက်မှာ စစ်တပ်နဲ့ရဲဟာ အတွေ့သာခံစားရပြီး အထိကို မရရှိလိုက်ကြဘူး ဒါဟာလည်း စစ်တပ်ကြောင့်ဆိုတာ အားလုံး သိပြီးဖြစ်တယ်

သဘောက NLD နဲ့ DASSK လက်ထပ်မှာ ရိုးသားပြီး နိုင်ငံကောင်းအောင်လုပ်ဆောင်နေမှုနဲ့ တိုးတတ်လာနေမှုတွေကို မျက်ဝါးထင် တွေ့ပြီး ထိုအတွက် ကိုယ်တိုင်မခံစားလိုက်ကြရပေမယ့် သဘောကျလက်ခံပြီး ခုထိ ယုံကြည် ထောက်ခံ နေကြတယ်ဆိုတာ

သိူ့ကြောင့် NLD နဲ့ DASSK ကိုပဲ ဆက်လျက်ဦးဆောင်စေပြီး တိုင်းပြည်တိုးတက်အောင်နဲ့ စစ်တပ်အောက်မှ လွတ်မြောက်စေချင်တယ်ဆိုတာ ခု အရေးခင်းမှာ စစ်တပ်ရဲများ ဘက်ပြောင်း CDM ၀င်နေမှုနဲ့ ခုထိ ရရင် ရသလို ထွက်ပြေး ပြည်သူ့ဘက် ရပ်တည် နေကြသည်ဆိုတာ သိရင် အဖြေကို သိနိုင်ပါပြီဟု

သို့ကြောင့် အတွေ့သာရှိပြီး အထိမခံစားဖူးကြသော စစ်သား ရဲများ အနေဖြင့် ဒီလောက်လေးသိရှိ ခံစားမိတာတောင်မှ ပြည်သူနဲ့အတူ NLD DASSK NUG ကို ထောက်ခံ ၀န်းရံ ပူးပေါင်းလာကြရင် တကယ်လက်တွေ့အထိသာ ခံစားမိကြရင် တပ်တွင်း ပုန်ကန်မှုဟာ ယခုထက် မြန်သည်ဟု ယုံကြည်သည်

အကြောင်းကား ယခု ထိုသို့ဖြစ်အောင် ပြုလုပ်ထားသူဟာ မအလအာဏာရူးတသိုက်ပင်ဖြစ်လေသည်ဆိုတာနဲ့ မအလတွေဟာ- စစ်တပ်နဲ့ ပြည်သူကို ‌သွေးခွဲ- စစ်တပ်နဲ့ အစိုးရကို သွေးခွဲထားပြီး တပ်တွင်းမှာ သူတို့ အုပ်ချုပ်မှု ယန္တားကို အသက်သွင်းလို့ နိုင်ငံငယ်လေးသဖွယ် တည်ဆောက်ထားပြီး အစိုးရမကောင်းကြောင်း အမြဲရည်ညွန်း ပြောဆိုနေကြပြီး ဖန်တီးထားပြီး ပြည်သူနဲ့လည်း သွေးခွဲ ရန်တိုက်ပေးထားက

အစိုးရရဲ့ လုပ်ဆောင်မှု ထောက်ပံ့မှု ကူညီမှု စသည်များကို အောက်ခြေစစ်သားများထံ ဘာတစ်ခုမှ ရရှိအောင် လုပ်ဆောင်ဖန်တီး ချိတ်ဆက်ပေးထားခြင်း မရှိပဲ အစိုးရသက်သက် သူတို့က သက်သက်ဟန်နဲ့ ဖြစ်အောင် အောက်ခြေစစ်သားများ ရဲများအား ထိန်းချုပ် အုပ်ချုပ် ချယ်လှယ်လို့ ရနိုင်အောင် တမင် ဖန်တီး ခွဲခြားထားပြီး အစိုးရအား ရန်သူကြီး သဖွယ်ဖြစ်အောင် သူတို့စစ်တပ်နဲ့ ထိူးနှပ် သွေးခွဲထားသည်ဆိုတာ

သို့ကြောင့် အောက်ခြေတပ်သားများမှ ခုထိ ဘာမှ မသိနားမလည်ပဲ အစိုးရရဲ့ ရင်ငွေ့ အကျိုးရလဒ်များကို မခံစားရပဲ ခုလို မအလတသိုက် အောက်မှာသာ မျက်စိသူငယ်နားသူငယ်ဖြင့် ရပ်တည် ရှင်သန်နေကြရတယ် အမိန့်ကို ဘုရားတဆူလို ကိုးကွယ်နေကြရတယ်ဆိုတာ

အကယ်၍ အစိုးရရဲ့ အကျိုးရလဒ် ထောက်ပံ့မှု အသီးပွင့်တွေသာ ခံစားရရင်( လစာ + ရိက္ခာ + နေစရာ + ရာထူး ) စသည်များသာ ခံစားရရှိပါက NLD အစိုးရရဲ့လုပ်ဆောင်မှုနဲ့ ဒီမိကရေစီ အနှစ်သာရကို ကောင်းစွာ နားလည် သိရှိခံစားကြပြီး အဆိုးကောင်း ခွဲခြားနိုင်မှုနဲ့အတူ ယခုလို နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ မအလအကြောင်းများအား သိရှိပြီး ယခုအရေးမှာ နိုင်ငံအတွက် ပြည်သူနဲ့အတူ ပိုမိုပူးပေါင်းပါ၀င်လာကြမည်ဆိုတာ ယုံကြည်ရင်း

တချို့ကပြောတယ် သူတို့သိပါတယ် သိရဲ့ စုံလုံးကန်းနေတာဆိုရင် ထိုသူများဟာ တပ်တွင်းမှာ ခိုးစား ပေါင်းစား ဂွင်ရနေသူများနဲ့ အစိုးရရဲ့ အကျိုးရလဒ်ကို ခံစားရသည့်တိုင်း အကျင့်စာရိတ္တ ပျက်ပြားနေသော သူများပင်ဖြစ်ပြီး တိုင်းပြည်ထက် ကိုယ်ကျိုးရှေ့ရှု့ပြီး ပါးစပ်ကသာ တိုင်းပြည်လူမျိူဟုအော် လက်တွေ့မှာ ကိုယ်ကျင့်စိတ်ထားများ ပျက်ပြားပြီး မတရားမှုကို လုပ်ဆောင်ကျင့်သုံးနေကြသူများဆိုတာ အသိပေးရင်း

အရေးတော်ပုံအောင်မြင်ဖို့နဲ့ စစ်အာဏာရှင် အမြစ်ပြတ်ပြီး တိူးတတ်အေးချမ်းတဲ့ နိုင်ငံအဖြစ် တည်ဆောက် ရှိစေလိုကြရင် ယခုတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ပူးပေါင်း ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီအသွင်ကို တည်ဆောက်လို့ အားလုံး အေးချမ်း သင့်မြတ်စွာနဲ့ အတူတကွလက်တွဲပြီး စည်းလုံးညီညွတ်စွာဖြင့် ငြိမ်းချမ်းရေး နိူင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ထပ်ခါ ပန်ကြားရင်း

တပ်မတော်ထဲမှ စစ်သားရဲဘော် တပ်သားများနဲ့ အရာရှိများအား ဖိတ်ခေါ်ကမ်းလင့်ကြိုဆိုရင်း ပြည်သူ့သားကောင်းများအဖြစ် ရဲ၀င့်စွာ နိုင်ငံနဲ့ပြည်သူအတွက် ချစ်ကြည်ဖြူစွာ ရပ်တည်ပေးဖို့ ဖိတ်ခေါ် ဦးညွတ်ပါရစေခဗျာ လေးစားစွာဖြင့်

သို့ဖြင့် – ပြည်သူသာ အဓိကဖြင့် – ပြည်သူချစ်တဲ့ တပ်မတော် စစ်သည်သားကောင်း များ ဖြစ်အောင် / အဖြစ်သို့ ဦးတည်ရင်း နိုင်ငံပြည်သူ မျိုးဆက်အတွက် ရှေ့ရှု့လို့
အရေးတော်ပုံ အောင်ရမည်ဟု !!

မအလမှ 🪖နဲ့ အစိုးရအားသွေးခွဲနေပုံ မိန့်ခွန်းများ

မင်းကြည်ညိုနေ 🕊️