ထရန့် Vs ဘိုင်ဒန် မည်သူ ကမ္ဘာ့ခေါင်းဆောင် စူပါပါဝါလဲ..

မနက်က ထရန့်နဲ့ပတ်သက်ပြီး အသိပေးစရာနဲ့ သူ့ထောက်ခံသူ မှန်ကန်စွာ ရေးနေသူတွေအတွက် ကိုယ်၌အပါ ထရန့်ဘက်က ရပ်တည်ပြီး အစစ်မှန်ကို ချပြချင်တာက

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ

(၁) နိုင်သူက ထရန့်ပါ (ထိုအတွက် သူ့ထောက်ခံသူ အရေအတွက် ပုံရိပ်နဲ့တင် သက်သေရှိသည်ဟု)

(၂) ဘိုင်ဒန်က မဲရှုံးရုံမဟုတ် ချီးနားရယ် အခြား နိုင်ငံတွေက နည်းပညာလိမ်ညာ ကူညီပြီး ထရန့်ကြောက်လို့ ဘိုင်ဒန်ကို ရွေးချယ် တင်လိုက်ကြတာ

( ဒါလည်း သတင်းနဲ့ သက်သေ လုပ်ရပ်တွေ ရှိနေပါတယ်)
ထိုအတွက် ဘိုင်ဒန်တက်ရင် ချီးနားက ပိုကြွလာမယ် မြန်မာ့အရေး အာဏာသိမ်းနိုင်တယ် လှုပ်ခတ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ကြိုရေး ပြသခဲ့ကြပါတယ်

တဖက် ဘိုင်ဒန်ထောက်ခံသူတွေကတော့ ထရန့်ကြောင့် ချီးနား မလှုပ်နိုင်တာကို သဘောကျပေမယ့် သံတမန်နည်းနိုင်ငံရေးပညာမပါပဲ တဇွတ်ထိုး လုပ်တတ်တဲ့ ထရန့်ကို သိပ်မကြိုက်ကြသလို

ချီးနားကို အပျော့နည်း soft power နဲ့ သွားလို့ မရလို့ ဘွင့်ရှင်း ဟော့ဒ်ုင်း ချစေ လုပ်စေချင်သူတွေနဲ့ soft power မသုံးပဲ hard power နဲ့ သွားနေရင် ပိုဒုက္ခရောက်ပြီး W3,ထိ ရောက်နိုင်လို့ ဘိုင်ဒန်တက်ရင် DASSK နဲ့ ရင်းနှီးလို့ မြန်မာ့အရေး ပိုအဆင်ပြေမယ်လို့ တွက်ဆထားပြီး ဘိုင်ဒန်သာ ထောက်ခံသူတွေလည်း ရှိခဲ့ပါတယ်

သို့သော် မြ့န်မာ မပြောနဲ့ တကမ္ဘာလုံး ထောက်ခံမှုနဲ့ ယှဉ်ရင်တောင် ထရန့်ကြိုက်သူ ထောက်ခံသူကာများနေတဲ့အတွက် ဘိုင်ဒန်ထောက်ခံသူ နည်းသလို ခုထိလည်း အားမရ မကြိုက်သူနဲ့ သူတက်လာရင် ခုလို ဖြစ်မယ်ဆိုတာ ထရန့်ထောက်ခံသူတွေ ကြိုပြ ရေးထား အသိပေးခဲ့ပါတယ်

ဒီတော့ ဘိုင်ဒန် ခုလို အဆင်ပြေနေခြင်းဟာ ထရန့်ဖောက်ခဲ့တဲ့လမ်းကို သူကျွမ်းကျင်တဲ့ နိုင်ငံရေး နည်းလမ်း soft powerနဲ့ ထိန်းကြောင်း လျောက်လှန်းနေလို့ဆိုတာနဲ့ ဒါတောင် ထင်သလောက် မဟုတ် ခရီးမတွင်ပဲ ထရန့်နဲ့ယှဉ်ရင် လုပ်ဆောင်မှုက ထရန့်က စွာပြီး ပိုသွတ် ထက်နေတာကို တွေ့ရတယ်

ဒါဆို ထရန့် Vs ဘိုင်ဒန် ယှဉ်မယ်ဆိုရင် ထရန့်က မိုက်ရူးရဲဆန် တဇွတ်ထိုး လုပ်တတ်ပေမယ့် အားနည်းချက်ရှိပေမယ့် လုပ်ဆောင်မှုပါဝါက ခက်ထန်မာကြောပြီး ပြတ်သားတဲ့အတွက် US နဲ့ ကမ္ဘာအတွက် အဆင်ပြေသလို

ဘိုင်ဒန်လုပ်ဆောင်မှုက ပညာသားပါပေမယ့် ပျော့ညံ့ပြီး အချိန်ယူ အားပျော့နေတဲ့အတွက် ချီးနားနဲ့ အခြားနိုင်ငံတွေရဲ့ ခေါင်းပေါ်တက်မှုနဲ့ US နိုင်ငံရေး ပါဝါဟာ ကျရှူံးနေရတယ်ဆိုတာ

သို့ဆို ထိုအတွက် အဖြေက လာမည့်ရွေးကောက်ပွဲမှာ ထရန့်ပြန်လာမလားဆိုတာနဲ့ ထိုအတွက် ထရန့်အပေါ် လူဘယ်လောက်ကြိုက်မှု သလဲဆိုတာနဲ့

– ထောက်ခံမှု အရေတွက် လက်ခံနိုင်မှုအား- ချီးနားကြောက်ရွံ့စိုးရိမ်မှုနဲ့- ဒီမိုကရက်တို့ စိုးရိမ် ဖျက်နှောင့်မှုစသည်တို့ကို ကြည့် ဆုံးဖြတ်ရမှာ ဖြစ်ပြီး / ဆက်လျက် ဖြစ်ပေါ်မှုကို မြင်တွေ့ခံစားကြရအုံးမည်ဆိုတာနဲ့ ထိုအရာကပင် ထရန့်ရဲ့စူပါပါဝါ အရှိန်ဟုန် ဖြစ်သည်ဆိုတာ

သို့အတွက် ယုံကြည်ပါတယ် နိုင်ငံရေးအပါး၀သွားတဲ့ ထရန့်အနေနဲ့ နောက်တခါ ပြန်ရှင်သန်လာမယ်ဆိုရင် ပထမ အတွေ့ကြုံ သင်ခန်းစာတွေနဲ့အတူ ကမ္ဘာကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး စူပါပါဝါနေရာကို ပြန်ယူပြီး ချီးနားကို ကောင်းစွာ ဦးချိုးထားနိုင်လိမ့်မည်ဆိုတာ

ထိုအတွက် သူတည်ခဲ့တဲ့ ထောင်ခြောက်မိုင်း Trade War နဲ့ အာကာသမစ်ရှင် Weather Weapon တွေဟာလည်း ကောင်းစွာ အစွမ်းပြပြီး အချိန်ကျလာတဲ့အခါ ချီးနားထောက်တိုင်တွေ ပြိုလဲလို့ ချီးနားပြည် ၅စိတ်ပဲ ကွဲသွားမလားဆိုတာနဲ့

ဘိုင်ဒန်ရဲ့ သူ့အပေါ် ကျေးဇူးရှိနေတဲ့ ချီးနားကို ထိုသို့ မဖြစ်စေဖို့ ဖေးမပြီး နိုင်ငံရေးကို အခြားနည်းဖြင့်သာ လုပ်ဆောင်သွားလေမလားဆိုတာ စောင့်ကြည့်ဖွယ်ရာပါပဲဟု

အကြောင်းက …- အာဖဂန်ကို စွန့်ပြီး လက်နက်တွေ ထားခဲ့မှုနဲ့- မြန်မာ့အရေးကို ဘိုင်ဒန်ဟာ ကျင့်ဖင်နဲ့ ဆွေးနွေးမှုထိုအရာတွေထက် ထရန့်က နူနဲ့ပစ်မှာကြောက်လို့ ချီးနားက ကြောက်လန့်နေပြီး US စစ်ရေးချုပ်ကို ဖုန်းဆက်ပြီး ထရန့်ကို ထိန်းဖို့နဲ့ စစ်ရေးနဲ့ မဖြေရှင်းဖို့ တောင်းဆိုမှုကို

US စစ်ရေးချုပ်က တာ၀န်ယူပြီး လက်ခံ သဘောတူပြီး ဘာမှမဖြစ်စေရကြောင်း အာမခံပြီး ထရန့်ကို ထိန်းသိမ်းဖို့နဲ့ ဘိုင်ဒန်ကို ‌ရွေးကောက်ရလဒ်အတိုင်း
တင်မြောက်ဖို့ စစ်တပ်က ပါ၀င် ကူညီ လုပ်ဆောင်ပေးရခြင်းတွေကို ကြည့်ခြင်းအားဖြင့်

ချီးနားကျင့်ဖင်ဟာ ထရန့်ကို အလွန်မင်း ကြောက်လန့်နေပြီး ဆက်လျက် မပေါ်ထွန်းလာစေချင်ဘူးဆိုတာနဲ့ ကမ္ဘာ့န်ိုင်ငံရေးစင်မြင့်မှာ ဆက်လျက် ထွက်ပေါ်မလာစေဖို့ ရတဲ့နည်းနဲ့ အမဲဖျက်လို့

ကမ္ဘာ့အရေးမှာ US ချီးနား အထူးသဖြင့် ထရန့် ကျင့်ဖင် ဆက်လျက် ပွဲဆူ မင်းမူနေကြအုံးမလားဆိုတာ ခုထဲက ထရန့်ကြိုက်သူ မကြိုက်သူတွေကြားရေပန်းစားလျက် စိတ်၀င်စားဖွယ် သတင်းတွေက

ဒီရေအလား မြင့်တက်လာဖွယ်ရှိနိုင်ကြောင်းထိုအတွက် ဘိုင်ဒန် အသုံးမကျလေ ထရန့်ဟာ ပွဲဆူလာဖွယ်ရှိလေမို့ ခုထဲက ဘိုင်ဒန်နဲ့ ချီးနားဟာ ထရန့်ပုံရိပ် အသံကြားတာနဲ့ စိုးရိမ်ထိပ်လန့်နေပြီ ဖြစ်ကြောင်း ‌မြေကြီးလက်ခတ် မလွဲပါဟု !!

မင်းကြည်ညိုနေ 🕊️