
NUG ၊ CRPH တို့နှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ရန်ကုန်၊ စက်တင်ဘာ ၂၀
လက်ရှိ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဆန္ဒနှင့် မည်သည့်အခါမှ ဆန့်ကျင်မည် မ ဟုတ်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ယနေ့ ရုံးချိန်းတွင် ရှေ့နေများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
CRPH ၊ NUG တို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဆိုသော လူမှုကွန်ရက် တွင် ပြန့်နှံ့နေသော သတင်းများအပေါ် ရှေ့နေများက မေးမြန်းသော အခါ ဒေါ်အောင်ဆန်းစုကြည်က လူထုဆန္ဒနှင့် မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Photo – Reuters
———-
NUG ၊ CRPH တို႔ႏွင့္ပတ္သက္ၿပီး ျပည္သူ႔ဆႏၵကို မဆန႔္က်င္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆို
ရန္ကုန္၊ စက္တင္ဘာ ၂၀
လက္ရွိ ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူ႔ဆႏၵႏွင့္ မည္သည့္အခါမွ ဆန႔္က်င္မည္ မ ဟုတ္ေၾကာင္း ယေန႔ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ယေန႔ ႐ုံးခ်ိန္းတြင္ ေရွ႕ေနမ်ားႏွင့္ေတြ႕ဆုံစဥ္ ၎က အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။
CRPH ၊ NUG တို႔ကို ေဒၚေအာင္ဆန္းစုၾကည္က လက္မခံဆိုေသာ လူမႈကြန္ရက္ တြင္ ျပန႔္ႏွံ႔ေနေသာ သတင္းမ်ားအေပၚ ေရွ႕ေနမ်ားက ေမးျမန္းေသာ အခါ ေဒၚေအာင္ဆန္းစုၾကည္က လူထုဆႏၵႏွင့္ မည္သည့္အခါမွ ဆန႔္က်င္မည္မဟုတ္ေၾကာင္း ေျပာဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
Photo – Reuters