
မြန်မာ့ပထမဆုံးအင်ဂျင်နီယာအကြောင်း
ဖန်ချက်ဝန်ဦးရွှေအိုး(မြန်မာ့ပထမဆုံးအင်ဂျင်နီယာ)(နပိုလီယံ၏ကြယ်တာရာတံဆိပ်ကိုရရှိခဲ့သူ) မင်းတုန်းမင်းလက်ထက်တွင်ကနောင်မင်းသားကြီး၏အစီအစဉ်ဖြင့်နိုင်ငံရပ်ခြားသို့ပညာတော်သင်များစေလွှတ်ရာမှမြန်မာ့ပထမဆုံးအင်ဂျင်နီယာဘွဲ့ရပညာရှင်တစ်ဦးပေါ်ထွက်လာသည်။
ထိုသူမှာပြင်သစ်ပြန်ဖန်ချက်ဝန်ဦးရွှေအိုးဖြစ်သည်။ ဦးရွှေအိုးကို၁၈၃၆ခုနှစ်မတ်လ၁ရက်တွင်ရွှေဘိုခရိုင်ကျောက်မြောင်းမြို့အပိုင်နွယ်ငြိမ်းရွာတွင်မွေးဖွားခဲ့သည်။မွေးချင်း၅ယောက်အနက်ဒုတိယဖြစ်သည်။
၅နှစ်သားအရွယ်တွင်နွယ်ငြိမ်းရွာလက်ရေးကျောင်းတွင်ပညာစတင်သင်ကြားခဲ့ပြီး၁၀နှစ်သားတွင်ရှင်သာမဏေဝတ်ခဲ့သည်။ထို့နောက်အမရပူရသို့ပြောင်းရွှေ့နေထိုင်ရာဆရာတော်နှင့်အတူနန်းတွင်းသို့မကြာခဏလိုက်ပါရ၍နန်းတွင်း၌လက်ဖက်ရည်တော်အဖြစ်အမှု့ထမ်းခွင့်ရခဲ့သည်။
ထိုကာလအတွင်းမင်းတုန်းမင်း၏ခွင့်ပြုချက်ဖြင့်ကနောင်မင်းသားကြီးကနိုင်ငံခြားသို့ပညာတော်သင်များရွေးချယ်စေလွှတ်နေချိန်ဖြစ်သည်။ကလကတ္တားသို့ပထမဆုံးစေလွှတ်သောပညာတော်သင်၅ဦးအဖွဲ့တွင်ဦးရွှေအိုးပါဝင်ခဲ့သည်။
၁၈၅၇တွင်ပညာတော်သင်၅ဦးအဖွဲ့အဖြစ်ကနောင်မင်းသားကြီးကမောင်ထွန်းအောင်၊မောင်ရွှေပင်၊မောင်ညွန့်၊အောင်ပေါက်ကျိုင်းနှင့်မောင်ရွှေအိုးတို့ကိုရွေးချယ်ခဲ့သည်။ပညာတော်သင်အျားနိုင်ငံရပ်ခြားတွင်ယဉ်ကျေးစွာနေထိုင်တတ်ရန်အတုမရှိကျောင်းဆရာတော်ထံတွင်အခြေခံစာပေနှင့်ယဉ်ကျေးမှု့ရေးရာတို့ကိုသင်ကြားရသည်။
ယောမင်းကြီးဦးဘိုးလှိုင်ကလည်းပညာတော်သင်များအထောက်အပံ့ရစေရန်အလင်္ကာနိဿယကျမ်းခေါ်ပြဋ္ဌာန်းစာအုပ်ပြုစုသင်ကြားစေခဲ့သည်။၁၈၅၇တွင်ပညာတော်သင်အဖွဲ့အိန္ဒိယသို့စတင်ထွက်ခွာသည်။ကလကတ္တားရှိဒိုရေစတန်ကောလိပ်တွင်ပညာသင်ကြားခွင့်ရသည်။
ကျောင်းအုပ်ကြီးဂျော့စမစ်၏အကူအညီဖြင့်ပညာတော်သင်အဖွဲ့သည်အင်္ဂလိပ်ဘာသာစကားနှင့်သိပ္ပံပညာဝိဇ္ဇာဘာသာရပ်များကိုပါသင်ကြားခွင့်ရခဲ့ကြသည်။သင်ယူရသောဘာသာရပ်များမှာသင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ၊သတ္တဗေဒ၊ပထဝီဝင်နှင့်သမိုင်းတို့ဖြစ်ကြသည်။
မောင်ရွှေအိုးသည်ဒိုရေစတန်ကောလိပ်တွင်၁နှစ်ခွဲခန့်ပညာဆည်းပူးပြီးနောက်၁၈၅၈တွင်မြန်မာပြည်သို့ပြန်လာသည်။ရန်ကုန်တွင်ခရီးတစ်ထောက်နားရာ အိန္ဒိယမှအတူလိုက်ပါလာသော မြန်မာစကားတတ်သည့်ဘုန်းတော်ကြီးလေကွမ်တီနှင့်သာသနာပြုဘုန်းတော်ကြီးဘီဂန်ဒေတို့နှင့်
သွားရောက်တွေ့ဆုံစဉ်မြန်မာဘုရင်နှင့်ဆက်သွယ်ရန်ကြိုးစားနေသူပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် ကောင့်ဟင်နရီဆာဆေားနှင့်တွေ့ခွင့်ရသည်။ဆာဆေးသည်မောင်ရွှေအိုးနှင့်အတူမြန်မာဘုရင်ပိုင်ရေနန်းယဉ်သာသင်္ဘောဖြင့်မန္တလေးသို့လိုက်ပါခဲ့သည်။
နန်းတွင်းသို့ရောက်သောအခါဆာဆေးသည်မင်းတုန်းမင်းနှင့်တွေ့ဆုံပြီးမြန်မာပညာတော်တော်သင်၃ဦးပြင်သစ်သို့စေလွှတ်မည့်ကိစ္စကိုသဘောတူညီမှု့ရခဲ့သည်။ ထို့ကြောင့်ကလကတ္တားမှပြန်ရောက်ခါစအတွင်းတော်မြဲအဖြသ်ရာထူးတို့ခံရသောဦးရွှေအိုးနှင့်ပညာတော်သင်၂ဦးကိုရွေးချယ်စေလွှတ်ခဲ့သည်။
မင်းထင်ပညာသိဒ္ဓိကျော်ခေါင်ဘွဲ့ခံဦးရွှေအိုးနှင့်အဖွဲ့သည်၁၈၅၉မတ်လ၁၃တွင်မန္တလေးမှစတင်ထွက်ခွာသည်။ပြင်သစ်သို့ရောက်သောအခါဆာဆေး၏နေအိမ်တွင်တည်းခိုကြပြီးအင်္ဂလိပ်ပါမောက္ခဂျွန်ဆင်ထံတွင်ပြင်သစ်ဘာသာစကားသင်ကြားကြသည်။
ထို့နောက်ဦးရွှေအိုးသည်ပါရီမြို့ပင်သီယန်သိပ္ပံကျောင်းတွက်ပညာသင်ခွင့်ရသည်။ပင်သီယန်ကျောင်းမှသိပ္ပံဘွဲ့ရပြီးနောက်ပါရီမြို့ဗဟိုဝိဇ္ဇာနှင့်ထုတ်လုပ်မှု့ကျောင်းတွင်မဟာသိပ္ပံဘွဲ့လွန်တန်းတက်ရင်းတစ်ဖက်မှမြို့ပြအင်ဂျင်နီဟာဘွဲ့ယူရန်ပညာသင်ကြားခဲ့သည်။
မြန်မာဘုရင်ကလည်းပညာတော်သင်များကို၁လအင်္ဂလိပ်ဒင်္ဂါး၈၀၀ထောက်ပံ့ပေးသည်။ပြင်သစ်နိုင်ငံတွင်ဦးရွှေအိုးသည်မြိပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သည်။ပြင်သစ်တွင်နေစဉ်ဦးရွှေအိုးသည်ပြင်သစ်သူ၁ဦးနှင့်အိမ်ထောင်ကျကာသား၁ယောက်ထွန်းကားခဲ့သည်။
ပြင်သစ်နိုင်ငံတွင်ပညာသင်ကြားစဉ်သိပ္ပံပညာရှင်အသိမိတ်ဆွေများလည်းရရှိခဲ့သည်။ထိုထဲမှထင်ရှားသူများမှာဓာတုဗေဒအလှည့်ကျဇယားကိုဖော်ထုတ်ခဲ့သူရုရှားသိပ္ပံပညာရှင်မင်ဒီလိနှင့်လေကြောင်းပျံသန်းရေးဆိုင်ရာသိပ္ပံပညာရှင်အာဘယ်ဟူရိုဒဘီနဖ်တို့ဖြစ်ကြသည်။
သိပ္ပံပညာကိုစိတ်ဝင်စားသောဦးရွှေအိုးသည်ပြင်သစ်တွင်နပိုလီယံဘုရင်ရဲ့ကြယ်တာရာတံဆိပ်ကိုပါလက်ခံရရှိခဲ့သည်။ ၁၈၆၆တွင်ကနောင်မင်းသားကြီးလုပ်ကြံခံလိုက်ရ၍ပညာတော်သင်များအားထောက်ပံ့သူမရှိတော့သဖြင့်ဦးရွှေအိုးသည်မြန်မာပြည်သို့ပြန်လာသည်။
တိုင်းတားမင်းကြီး၏သမီးမခင်တုတ်နှင့်လက်ဆက်ကာသားသမီး၅ဦးထွန်းကားခဲ့သည်။အင်္ဂလိပ်စကားရောပြင်သစ်စကားပါတတ်ကျွမ်းသောဦးရွှေအိုးသည်ယောအတွင်းဝန်၏လက်အောကတွင်နိုင်ငံခြားရေးကိစ္စများကိုစီမံလုပ်ကိုင်အမှု့ထမ်းရသည်။
ဦးရွှေအိုးသဘ်သြသဓရတနာအမည်ရှိဖန်ချက်ခြင်းပညာရပ်ဆိုင်ရာစာတမ်ူကိုဆက်သွင်းခဲ့သဖြင့်ဖန်ချက်ဝန်ရာခန့်အပ်ခန့်ရသည်။
ဖန်ချက်ဝန်အဖြစ်အမှု့ထမ်းစဉ်ပြင်သစ်ပညာရှင်Amdre Marie Anpereရေးသားပြုစုသော chemistry ကျမ်းကိုမှီငြမ်း၍လောကဓာတ်ဆေးကျမ်းကြီးခေါ်ဓာတုဗေဒကျမ်း၁စောင်ကိုပြုစုခဲ့သည်။
ကင်းဝန်မင်းကြီးနှင့်အတူဥရောပသို့သံအဖွဲ့ဝင်အဖြစ်လိုက်ပါခွင့်ရခဲ့သည်။ ၁၈၇၉သီပေါမင်းနန်းတက်လာချိန်တွင်ဦးရွှေအိုးအားကျောက်ရဲမြို့စားဝန်ထောက်ခန့်အပ်ခံရသည်။သြဂုတ်လတွင်အတွင်းဝန်အဖြစ်ရာထူးတိုးခံရသည်။
၁၈၈၅နိုဝင်ဘာတွင်ကင်းဝန်မင်းကြီး၊တိုင်းတားမင်းကြီးတို့နှင့်အတူစစ်ပြေငြိမ်းရေးစာချုပ်ညလုံးပေါက်ပြုစုကာနောက်နေ့နံနက်ရွာသစ်ကြီးအရောက်အင်္ဂလိပ်စစ်သင်္ဘောများထံသွားရောက်ပို့ဆောင်ခဲ့သည်မှာထင်ရှားသည်။
အင်ဂျင်နီယာဘွဲ့ရဦးရွှေအိုးသည်သီပေါမင်းပါတော်မူပြီးနောက်ဗြိတိသျှတိုထံတွင်ဝင်ရောက်အမှု့မထမ်းခဲ့ပေ။ကျောက်မြောင်းမြို့တွင်ရေခဲစက်လုပ်ငန်းတည်ထောင်အသက်မွေးခဲ့သည်။အားလပ်ချိန်တွင်စာဖတ်ခြင်း၊လက်စွဲဘာဂျာတီးမှုတ်ခြင်းတို့ပြုလုပ်အပန်းဖြေလေ့ရှိသည်။
မြန်မာ့ပထမဆုံးအင်ဂျင်နီဟာနပိုလီယံ၏ကြယ်တာရာတံဆိပ်ရရှိသူဦးရွှေအိုးသည်၁၉၀၅ခုနှစ်ဒီဇင်ဘာ၂၂အသက်၆၉နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။