မြန်မာအတွက် ခန့်အပ်နိုင်ဖွယ်ရှိတဲ့ ကုလအထူးကိုယ်စားလှယ် ဟေဇာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်အဖြစ်နိုလန် ဟေဇာကို ကိုခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ သံတမန်တွေပြော

လာမယ့်အောက်တိုဘာလကုန်မှာ တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာရဲ့ နေရာမှာ နိုလန် ဟေဇာကို ခန့်အပ်နိုင်ဖွယ်ရှိတယ်လို့ ထိပ်တန်းသံအမတ် (၂)ယောက်က ပြောတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

အသစ်ခန့်အပ်မယ်လိုသတင်းထွက်နေတဲ့ နိုလန် ဟေဇာ ဟာ ကုလသမဂ္ဂဆိုင်ရာအမျိုးသမီးရံပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၉၄ က‌နေ၂၀၀၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖမ်းသူဖြစ်သလို အာရှပစိဖိတ်ဆိုင်ရာကုလသမဂ္ဂလူမှုစီးပွားကော်မရှင် (ESCAP) ရဲ့ အမှုဆောင် အတွင်းရေးမှူး တယောက်လည်းဖြစ်ပါတယ်။

သူဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရှေ့တီမောဆိုင်ရာ အထူးအကြံပေးအဖြစ် အရှေ့တီမောရဲ့ ငြိမ်းချမ်းရေးတည်‌ဆောက်ရေးအထောက်အကူပြုဖို့ ၂၀၁၃ ကနေ ၂၀၁၅အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသမီးဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို စွမ်းဆောင်နိုင်ခဲ့တာကြောင့်သူ့ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ဖို့ အဆိုပြုခံရဖူးပါတယ်။

ဖေဖော်ဝါရီ (၁)ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လက်ရှိအထူးကိုယ်စားလှယ် ခရစ္စတင်းရှနာဘာဂနာကို ပြည်ဝင်ခွင့်မပေးဘဲ ပိတ်ထားခဲ့တာပါ။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် လက်ရှိသူ့ရဲ့ညှိနှိုင်းမှုတွေကို စစ်တပ်က မကြိုဆိုဘူးလို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာစက်တင်ဘာ (၁၄)ရက်က ဖော်ပြထားပါတယ်။

———–

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕အထူးကိုယ္စားလွယ္အျဖစ္ႏိုလန္ ေဟဇာကို ကိုခန႔္အပ္ႏိုင္ဖြယ္ရွိတယ္လို႔ သံတမန္ေတြေျပာ

လာမယ့္ေအာက္တိုဘာလကုန္မွာ တာဝန္ၿပီးဆုံးေတာ့မယ့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ရွိအထူးကိုယ္စားလွယ္ ခရစၥတင္းရွနာဘာဂနာရဲ႕ ေနရာမွာ ႏိုလန္ ေဟဇာကို ခန႔္အပ္ႏိုင္ဖြယ္ရွိတယ္လို႔ ထိပ္တန္းသံအမတ္ (၂)ေယာက္က ေျပာတယ္ဆိုတဲ့သတင္းေတြ ထြက္ေနပါတယ္။

အသစ္ခန႔္အပ္မယ္လိုသတင္းထြက္ေနတဲ့ ႏိုလန္ ေဟဇာ ဟာ ကုလသမဂၢဆိုင္ရာအမ်ိဳးသမီးရံပုံေငြအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာအျဖစ္ ၁၉၉၄ က‌ေန၂၀၀၇ ခုႏွစ္အထိ ထမ္းေဆာင္ခဲ့ဖမ္းသူျဖစ္သလို အာရွပစိဖိတ္ဆိုင္ရာကုလသမဂၢလူမႈစီးပြားေကာ္မရွင္ (ESCAP) ရဲ႕ အမႈေဆာင္ အတြင္းေရးမႉး တေယာက္လည္းျဖစ္ပါတယ္။

သူဟာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အေရွ႕တီေမာဆိုင္ရာ အထူးအႀကံေပးအျဖစ္ အေရွ႕တီေမာရဲ႕ ၿငိမ္းခ်မ္းေရးတည္‌ေဆာက္ေရးအေထာက္အကူျပဳဖို႔ ၂၀၁၃ ကေန ၂၀၁၅အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္အမ်ိဳးသမီးဘဝျမႇင့္တင္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ တရားမွ်တမႈကို စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္သူ႔ကို ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုခ်ီးျမႇင့္ဖို႔ အဆိုျပဳခံရဖူးပါတယ္။

ေဖေဖာ္ဝါရီ (၁)ရက္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီဟာ လက္ရွိအထူးကိုယ္စားလွယ္ ခရစၥတင္းရွနာဘာဂနာကို ျပည္ဝင္ခြင့္မေပးဘဲ ပိတ္ထားခဲ့တာပါ။ ျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ အားလုံးပါဝင္တဲ့ေတြ႕ဆုံေဆြးေႏြးေရးအတြက္ လက္ရွိသူ႔ရဲ႕ညႇိႏႈိင္းမႈေတြကို စစ္တပ္က မႀကိဳဆိုဘူးလို႔လည္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာစက္တင္ဘာ (၁၄)ရက္က ေဖာ္ျပထားပါတယ္။