ယခုလိုအရမ်းပူပြင်းလှတဲ့နွေပူပူမှာ မန်ကျည်းဖျော်ရည်လုပ်သောက်ရင်း အခုလိုကျန်းမာရေးဂရုစိုက်ကျမယ်
ယခုလိုအရမ်းပူပြင်းလှတဲ့နွေပူပူမှာ မန်ကျည်းဖျော်ရည်လုပ်သောက်ရင်း အခုလိုကျန်းမာရေးဂရုစိုက်ကျမယ်
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ယခုလိုအရမ်းပူပြင်းလှတဲ့ နွေပူပူမှာ မန်ကျည်းဖျော်ရည်လုပ်သောက်ရင်း ယခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိလာပါလိမ့်မယ်။
မန်ကျည်းသီးသည် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ သွေးတိုးရောဂါနှင့် အဆစ်အမျက်ရောင်ရောဂါတို့ကို သက်သာစေနိုင်သည့်အပြင် သွေးတွင်းအဆီဓာတ်ကိုလျှော့ချပေးပြီး ခန္ဓာကိုယ်တွင်း
အဆိပ်သင့်ခြင်းကို ပြယ်စေသည့် အာနိသင်များလည်းရှိပါသည်။ မီးဖိုချောင်တွင်မပါမဖြစ် မန်ကျည်သီးမှည့်သည် ဝမ်းအတွက် အကောင်းဆုံးအာဟာရတစ်ခုဖြစ်ရုံသာမက ဆေးဖက်လည်းဝင်ပါသည်။
ညအိပ်ယာမဝင်မီအချိန်၌ ထန်းလျက်နှင့် ဆားအနည်းငယ်ပါဝင်သည့် မန်ကျည်းဖျော်ရည်တစ်ခွက်ကို သောက်ပါက ဝမ်းမှန်စေပါသည်။ သို့ရာတွင် မန်ကျည်းသီးကို သွေးပေါင်ကျစေရန်အတွက်
သောက်သုံးရာတွင် ဆားထည့်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ မန်ကျည်းသီးကို သန့်သန့်ရှင်းရှင်း ပြုလုပ်စားသောက်လျှင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော
မီးဖိုချောင်သုံးဆေးတစ်ခွက်ဖြစ်ပါသည်။ ဖတ်ရှုပေးကြတဲ့စာဖတ်ပရိတ်သတ်တွေလဲ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Crd
———-