ကျဆုံးသွားခဲ့ရသည့် PDF သူရဲကောင်း စိုင်းဘုန်းမင်းသန့် ရဲ့ ချစ်သူကောင်မလေး စူးနင့်ကျေးကွဲစွာ ရေးထားတဲ့စာ

ကျဆုံးသွားခဲ့ရသည့် PDF သူရဲကောင်း စိုင်းဘုန်းမင်းသန့် ရဲ့ ချစ်သူကောင်မလေး စူးနင့်ကျေးကွဲစွာ ရေးတဲ့စာ

“စိုင်းဘုန်းမင်းသန့်ရေ ငါ့မှာဖြေသိမ့်စရာကိုမရှိဘူး … ရှေ့တန်း မသွားပါနဲ့ဦး ရောက်တာမကြာသေးဘူးဆိုတာကို တအားတက်ကြွတာ အရမ်းသွားချင်တာ

ဂျန် ပါလိုက်ခဲ့ဆိုပြီး မရရအောင်ခေါ်သွားတာ … ငါတို့နှစ်ယောက်မှ ကံဆိုးလိုက်တာဟာ … ငါ့မျက်စိရှေ့တင် နင် ကျသွားတာကို မြင်ခဲ့ရပြီး ငါ့တစ်ယောက်ထဲ တစ်ညနဲ့တစ်မနက်လုံး

တောကြီးမျက်မဲထဲကနေ နာရီပေါင်းများစွာ လမ်းလျှောက်လာခဲ့ရပေမယ့် နင်ပြန်မပါတော့ ငါ ဘယ်လောက်တောင် သွေးပျက်ပြီး ကြေကွဲနေရမလဲဆိုတာ နင်မြင်နေမယ်မလား

ငါ့ကို ဘာလို့ ထားခဲ့ရတာလဲဟာ အကောင်းဆုံး ကြိုးစားပြီး မကယ်ပေးလိုက်နိုင်တဲ့ ငါ့ကိုယ်ငါလဲ … တစ်သက်လုံး အပြစ်တင်နေမှာ နင်သိလား 💔

စ သိကတည်းက ထွက်သွားတဲ့အချိန်ထိ ငါ့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စိုင်းရယ်”

စိုင်းဘုန်းမင်းသန့်ရဲ့ ကောင်မလေးတင်ထားတာပဲဖြစ်ပါတယ်။ စိုင်းဘုန်းမင်းသန့်ကတော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ယမန်နေ့က အသက်ပေးသွားခဲ့ရပြီပဲဖြစ်ပါတယ် 😢😢

#Hlaing_Pwint_Phyu

————








#Hlaing_Pwint_Phyu