တက်ညီလက်ညီ လုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ်ရောက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောသည်။

တက်ညီလက်ညီ ကြိုးစားအားထုတ် လုပ်ဆောင်ပါက အာဆီယံတွင် အလယ်အလတ်အဆင့်ရှိသည့် နိုင်ငံအဖြစ် (၅)နှစ်အတွင်း ရောက်နိုင်မည်ဖြစ်သလို (၁၀)နှစ်အတွင်းတွင်

အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ကို အပြည့်အဝယုံကြည်သလို မြေပေါ် မြေအောက် သယံဇာတများကို ပေါင်းစည်းပြီး အသုံးပြုရင် မဖြစ်နိုင်စရာအကြောင်း မရှိကြောင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံသည်

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး သတ်မှတ်ထားသည့် စံနှုန်းများ ဆက်လက်ပြည့်မီရေး ကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံ့အာဏာကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့က သိမ်းလိုက်ပြီးနောက် လက်ရှိ၌ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားကုမ္ပဏီများလည်း လုပ်ငန်းများ ရပ်ဆိုင်းသွားကြသလို နိုင်ငံမှ ထွက်ခွာရန်လည်း ပြင်ဆင်နေမှုများရှိနေသည်။

——-

တက္ညီလက္ညီ ႀကိဳးစားလုပ္ေဆာင္ပါက (၁၀)ႏွစ္အတြင္း အာဆီယံ၏ ထိပ္တန္းႏိုင္ငံအျဖစ္ ေရာက္ႏိုင္မည္ဟု အာဏာသိမ္းစစ္ေခါင္းေဆာင္က ၂၀၂၁ခုႏွစ္ စက္တင္ဘာလ(၂၂)ရက္ေန႔က ျပဳလုပ္သည့္ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ အစည္းအေဝးတြင္ ေျပာသည္။

တက္ညီလက္ညီ ႀကိဳးစားအားထုတ္ လုပ္ေဆာင္ပါက အာဆီယံတြင္ အလယ္အလတ္အဆင့္ရွိသည့္ ႏိုင္ငံအျဖစ္ (၅)ႏွစ္အတြင္း ေရာက္ႏိုင္မည္ျဖစ္သလို (၁၀)ႏွစ္အတြင္းတြင္

အာဆီယံ၏ ထိပ္တန္းႏိုင္ငံအျဖစ္ ေရာက္ႏိုင္မည္ကို အျပည့္အဝယုံၾကည္သလို ေျမေပၚ ေျမေအာက္ သယံဇာတမ်ားကို ေပါင္းစည္းၿပီး အသုံးျပဳရင္ မျဖစ္ႏိုင္စရာအေၾကာင္း မရွိေၾကာင္း

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံမ်ား ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီ သည့္ ဖြံ႕ၿဖိဳးမႈပန္းတိုင္မ်ား (Sustainable Development Goals-SDGs) 2015-2030 ကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရန္ အတည္ျပဳခဲ့ၾကၿပီးျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံသည္

ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံအျဖစ္မွ လြတ္ေျမာက္ေရး သတ္မွတ္ထားသည့္ စံႏႈန္းမ်ား ဆက္လက္ျပည့္မီေရး ကိုလည္း စီမံကိန္းမ်ား၊ လုပ္ငန္းစဥ္မ်ားႏွင့္ ခ်ိတ္ဆက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ သြားၾကရန္ လိုအပ္ေၾကာင္းလည္း ၎က ဆိုသည္။

ႏိုင္ငံ့အာဏာကို အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္အဖြဲ႕က သိမ္းလိုက္ၿပီးေနာက္ လက္ရွိ၌ ျမန္မာႏိုင္ငံအတြင္းမွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ ႏိုင္ငံျခားကုမၸဏီမ်ားလည္း လုပ္ငန္းမ်ား ရပ္ဆိုင္းသြားၾကသလို ႏိုင္ငံမွ ထြက္ခြာရန္လည္း ျပင္ဆင္ေနမႈမ်ားရွိေနသည္။

Crd – tachileik