
ကမ္ဘာ့နိုင်ငံတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ ”ကမ္ဘာ့ကုလသမဂ္ဂ” ဖြစ်ဖို့ဆိုရင် ပြောင်းလဲတိုးတက်နေတဲ့ ခေါတ််နဲ့ ကိုက်ညီမယ့် ”ကုလသမဂ္ဂလုံခြုရေးကောင်စီ”ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်တယ်လို့ ဥရောပတိုက်က လက်တီဗာ လစ်သူရေးနီးယားနဲ့ အက်စတိုနီးယားနိုင်ငံသမ္မတတွေက ပြောပါတယ်။
အခုနှစ်ဟာ လက်တီဗာ လစ်သူရေးနီးယားနဲ့ အက်စတိုနီးယား(၃) နိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့တာ နှစ် ၃၀ ပြည့်နှစ်ဖြစ်ပါတယ်။” ကုလသမဂ္ဂစထောင်ချိန်ကနေ အခုချိန်ထိ ကမ္ဘာ့လူသားမျိုးဆက်တွေပြောင်းခဲ့သလို အခင်းအကျင်းတွေလည်းပြောင်းလာပါတယ်။
အခု မျိုးဆက်သစ်တွေအတွက်ဆိုရင်လက်ရှိကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်နေပါပြီ။ လုံခြုံရေးကောင်စီဟာ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားကို လွှမ်းခြုံကိုယ်စားပြုနေဖို့လိုနေပါပြီ” လို့ လက်တီဗာ သမ္မတ Egils Levits က ညီလာခံမိန့်ခွန်းမှာ ထဲ့သွင်းပြောသွားပါတယ်။
လစ်သူရေးနီးယားသမ္မတ Gitanas Nausėda ကလည်း” လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားပြီး အားပြိုင်မှုတွေကြောင့် ဆုံးဖြတ်ချက်တွေ ချက်ချင်းမချနိုင်ကြတဲ့ အကျိုးဆက်ဟာ ရက်စက်ကြမ်းကြုပ်မှုတွေ သတ်ဖြတ်မှုတွေကို ပိုအားပေးနေသလိုဖြစ်နေပါတယ်။
စစ်ရာဇဝတ်မှုတွေ လူသားမဆန်တဲ့ဖိနှိပ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်လာရင် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ကို ကန့်သတ်ဖို့ လိုပါတယ်” လို့ ညီလာခံမှာပြောသွားပါတယ်။
အလားတူ အက်စတိုနီးယားနိုင်ငံက အမျိုးသမီးသမ္မတKersti Kaljulaid ကလည်း ပိုမိုမြန်ဆန်ထိရောက်ပြီး နိုင်ငံအများစုသဘောထားကို လွှမ်းခြုံကိုယ်စားပြုမယ့်အဖွဲ့အစည်းဖြစ်ဖို့ အကြံပြုပါတယ်။
သမ္မတ (၃) ဦးစလုံးဟာ စက်တင်ဘာ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းဖို့ သဘောထားတွေတင်ပြခဲ့ကြတယ်လို့သိရပါတယ်။
ဥရောပတိုက်က နိုင်ငံငယ် (၃) ခုဖြစ်တဲ့ လစ်သူရေးနီးယား လက်တီဗာနဲ့ အက်စတိုနီးယားနိုင်ငံတွေဟာ မြန်မာစစ်တပ်အာဏာသိမ်းတာကို တောက်လျှောက်ဆန့်ကျင်လာသလို လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ စဉ်ဆက်မပြတ်တောင်းဆိုနေတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။
———–
ကမာၻ႔ႏိုင္ငံေတြကို အမွန္တကယ္ကိုယ္စားျပဳတဲ့ ”ကမာၻ႔ကုလသမဂၢ” ျဖစ္ဖို႔ဆိုရင္ ေျပာင္းလဲတိုးတက္ေနတဲ့ ေခါတ္္နဲ႔ ကိုက္ညီမယ့္ ”ကုလသမဂၢလုံျခဳေရးေကာင္စီ”ကို ျပန္လည္ျပင္ဆင္ဖြဲ႕စည္းသင့္တယ္လို႔ ဥေရာပတိုက္က လက္တီဗာ လစ္သူေရးနီးယားနဲ႔ အက္စတိုနီးယားႏိုင္ငံသမၼတေတြက ေျပာပါတယ္။
အခုႏွစ္ဟာ လက္တီဗာ လစ္သူေရးနီးယားနဲ႔ အက္စတိုနီးယား(၃) ႏိုင္ငံ ကုလသမဂၢအဖြဲ႕ဝင္ျဖစ္ခဲ့တာ ႏွစ္ ၃၀ ျပည့္ႏွစ္ျဖစ္ပါတယ္။” ကုလသမဂၢစေထာင္ခ်ိန္ကေန အခုခ်ိန္ထိ ကမာၻ႔လူသားမ်ိဳးဆက္ေတြေျပာင္းခဲ့သလို အခင္းအက်င္းေတြလည္းေျပာင္းလာပါတယ္။
အခု မ်ိဳးဆက္သစ္ေတြအတြက္ဆိုရင္လက္ရွိကုလသမဂၢ အထူးသျဖင့္ လုံၿခဳံေရးေကာင္စီရဲ႕ ဖြဲ႕စည္းပုံကို ျပင္ဆင္သင့္ေနပါၿပီ။ လုံၿခဳံေရးေကာင္စီဟာ ကမာၻ႔အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕သေဘာထားကို လႊမ္းၿခဳံကိုယ္စားျပဳေနဖို႔လိုေနပါၿပီ” လို႔ လက္တီဗာ သမၼတ Egils Levits က ညီလာခံမိန္႔ခြန္းမွာ ထဲ့သြင္းေျပာသြားပါတယ္။
လစ္သူေရးနီးယားသမၼတ Gitanas Nausėda ကလည္း” လုံၿခဳံေရးေကာင္စီမွာ ဗီတိုအာဏာကိုင္ထားၿပီး အားၿပိဳင္မႈေတြေၾကာင့္ ဆုံးျဖတ္ခ်က္ေတြ ခ်က္ခ်င္းမခ်ႏိုင္ၾကတဲ့ အက်ိဳးဆက္ဟာ ရက္စက္ၾကမ္းၾကဳပ္မႈေတြ သတ္ျဖတ္မႈေတြကို ပိုအားေပးေနသလိုျဖစ္ေနပါတယ္။
စစ္ရာဇဝတ္မႈေတြ လူသားမဆန္တဲ့ဖိႏွိပ္မႈေတြ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြနဲ႔ပတ္သက္လာရင္ လုံၿခဳံေရးေကာင္စီမွာ ဗီတိုအာဏာသုံးခြင့္ကို ကန္႔သတ္ဖို႔ လိုပါတယ္” လို႔ ညီလာခံမွာေျပာသြားပါတယ္။
အလားတူ အက္စတိုနီးယားႏိုင္ငံက အမ်ိဳးသမီးသမၼတKersti Kaljulaid ကလည္း ပိုမိုျမန္ဆန္ထိေရာက္ၿပီး ႏိုင္ငံအမ်ားစုသေဘာထားကို လႊမ္းၿခဳံကိုယ္စားျပဳမယ့္အဖြဲ႕အစည္းျဖစ္ဖို႔ အႀကံျပဳပါတယ္။
သမၼတ (၃) ဦးစလုံးဟာ စက္တင္ဘာ ၂၂ ရက္ေန႔က ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္နဲ႔ေတြ႕ဆုံခဲ့ၾကၿပီး လုံၿခဳံေရးေကာင္စီျပင္ဆင္ဖြဲ႕စည္းဖို႔ သေဘာထားေတြတင္ျပခဲ့ၾကတယ္လို႔သိရပါတယ္။
ဥေရာပတိုက္က ႏိုင္ငံငယ္ (၃) ခုျဖစ္တဲ့ လစ္သူေရးနီးယား လက္တီဗာနဲ႔ အက္စတိုနီးယားႏိုင္ငံေတြဟာ ျမန္မာစစ္တပ္အာဏာသိမ္းတာကို ေတာက္ေလွ်ာက္ဆန္႔က်င္လာသလို လုံၿခဳံေရးေကာင္စီကေန ထိေရာက္တဲ့အေရးယူမႈေတြလုပ္ဖို႔ စဥ္ဆက္မျပတ္ေတာင္းဆိုေနတဲ့ႏိုင္ငံေတြလည္းျဖစ္ပါတယ္။