ကျွန်ုပ်တို့ရဲ့ ဘဝမှာ မဆင်မခြင် ကောက်ယူခြင်းမပြုသင့်သည့် ကောက်ရပစ္စည်း(၇)မျိုး

ကျွန်ုပ်တို့ရဲ့ ဘဝမှာ မဆင်မခြင် မကောက်ယူသင့်သည့် ကောက်ရပစ္စည်း(၇)မျိုး

(၁) ဖုန်းဆင်းမ်ကဒ်များ

ပြစ်မှုကျူးလွန်ထားသူများ ၊ လိမ်လည်လှည့်စားသူများဟာ ဆင်းမ်ကဒ်အဟောင်းများကို လွှင့်ပစ်လေ့ရှိပါတယ်။ ထို့ကြောင့် ဆင်းမ်ကဒ်ဟောင်းများ ကောက်ယူမိခြင်းဟာ ပြသာနာများစွာနှင့် အမှုပတ်ခံရနိုင်ပါတယ်။

(၂) ငှက်ပေါက်စ

တစ်ခါတစ်ရံ အသိုက်မှ ပြုတ်ကျနေသော ငှက်ပေါက်စလေးများကို တွေ့ရတဲ့အခါ ကောက်ယူမွေးစားခြင်းမျိုးများ မပြုလုပ်သင့်ပါဘူး။ ငှက်‌ပေါက်စလေးများဟာ ငှက်မိဘများရဲ့ အုပ်ထိန်းမှုနဲ့ ပိုးကောင်လေးများကို စားသောက်အသက်ရှင်ကြတာဖြစ်လို့ သင့်အိမ်မှာပြုစုပျိုးထောင်ဖို့မဖြစ်နိုင်ပါဘူး ။

(၃) နားကျပ်များ

နားကျပ်များတွင် အသုံးပြုသော ရာဘာအစွပ်လေးများဟာ ဘတ်တီးရီးယား ပိုးမွှားများစွာ ခိုအောင်းနေနိုင်သောကြောင့် မဆင်မခြင် ကောက်ယူအသုံးမပြုသင့်ပါဘူး။

(၄) ဆေးထိုးအပ်နှင့်ပင်အပ်များ

မည်သို့သောအခြေအနေ မည်သည့်နေရာတွင်ဖြစ်စေ ဆေးထိုးအပ် ၊ ပြွန်နဲ့ ပင်အပ် များကို မကောက်ယူ မကိုင်တွယ်ရပါဘူး။ ရောဂါပေါင်းများစွာ ကူးစက်ခံနိုင်ချေ ရှိပါတယ်။

(၅) သံသယဖြစ်ဖွယ် စစ်ရေးသုံး ဖောက်ခွဲရေးပစ္စည်းများ

အဆိုပါပေါက်ကွဲစေနိုင်သော ပစ္စည်းများကို လယ်ကွင်းနှင့် တောတောင်များကြားမှာ တွေ့ရတတ်ပါတယ်။လယ်သမားများနှင့် ဥယျာဉ်မှူးများ အနေဖြင့် အထူးဂရုပြုရပါမယ်။ ထိတွေ့ ကိုင်တွယ်ခြင်းမျိုး မပြုလုပ်ပဲ တာဝန်ရှိရဲဝန်ထမ်းများနဲ့ စစ်တပ်ကို အမြန်ဆုံးအကြောင်းကြားရပါမယ်။

(၆) လက်နက်အနေဖြင့်အသုံးပြုထားသော ဓားနှင့်အခြားပစ္စည်းများ

တာဝန်ရှိရဲများနှင့် ပြသာနာ မဆက်နွယ်ချင်ရင်တော့ မတော်တဆမှု တစ်ခုခုမှ ရရှိလာသော ဓား၊ရိုင်ဖယ်သေနတ် စသော လက်နက်ပစ္စည်းများအပါအဝင် အခြားလှပသော မည်သည့်ပစ္စည်းမျိုး ဖြစ်စေ ဝေးဝေးရှောင်ရပါမယ်။ သင့်စပ်စုချင်စိတ်ကြောင့် မှုခင်းစုံစမ်းစစ်ဆေးချက်များမှာ သင့်လက်ဗွေရာကို အလွယ်တူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။

(၇) ဆက်သွယ်ရေးကိရိယာများ

Walkie-talkie ကဲ့သိုသော ဆက်သွယ်ရေးကိရိယာများဟာ သင့်ကိုဥပဒေဆိုင်ရာ အရာရှိများနှင့် ပဋိပက္ခများ ဖြစ်စေနိုင်ပါတယ်။ထို့ကြောင့် ထိုကဲ့သို့သော ကိရိယာများတွေ့ရှိရပါက တာဝန်ရှိသူဝန်ထမ်းများကို ဖြစ်စေ ၊ တာဝန်ကျရဲများကိုဖြစ်စေ အကြောင်းကြားသင့်ပါတယ်။

———— 

ကြၽႏ္ုပ္တို႔ရဲ႕ ဘဝမွာ မဆင္မျခင္ မေကာက္ယူသင့္သည့္ ေကာက္ရပစၥည္း(၇)မ်ိဳး

(၁) ဖုန္းဆင္းမ္ကဒ္မ်ား

ျပစ္မႈက်ဴးလြန္ထားသူမ်ား ၊ လိမ္လည္လွည့္စားသူမ်ားဟာ ဆင္းမ္ကဒ္အေဟာင္းမ်ားကို လႊင့္ပစ္ေလ့ရွိပါတယ္။ ထို႔ေၾကာင့္ ဆင္းမ္ကဒ္ေဟာင္းမ်ား ေကာက္ယူမိျခင္းဟာ ျပသာနာမ်ားစြာႏွင့္ အမႈပတ္ခံရႏိုင္ပါတယ္။

(၂) ငွက္ေပါက္စ

တစ္ခါတစ္ရံ အသိုက္မွ ျပဳတ္က်ေနေသာ ငွက္ေပါက္စေလးမ်ားကို ေတြ႕ရတဲ့အခါ ေကာက္ယူေမြးစားျခင္းမ်ိဳးမ်ား မျပဳလုပ္သင့္ပါဘူး။ ငွက္‌ေပါက္စေလးမ်ားဟာ ငွက္မိဘမ်ားရဲ႕ အုပ္ထိန္းမႈနဲ႔ ပိုးေကာင္ေလးမ်ားကို စားေသာက္အသက္ရွင္ၾကတာျဖစ္လို႔ သင့္အိမ္မွာျပဳစုပ်ိဳးေထာင္ဖို႔မျဖစ္ႏိုင္ပါဘူး ။

(၃) နားက်ပ္မ်ား

နားက်ပ္မ်ားတြင္ အသုံးျပဳေသာ ရာဘာအစြပ္ေလးမ်ားဟာ ဘတ္တီးရီးယား ပိုးမႊားမ်ားစြာ ခိုေအာင္းေနႏိုင္ေသာေၾကာင့္ မဆင္မျခင္ ေကာက္ယူအသုံးမျပဳသင့္ပါဘူး။

(၄) ေဆးထိုးအပ္ႏွင့္ပင္အပ္မ်ား

မည္သို႔ေသာအေျခအေန မည္သည့္ေနရာတြင္ျဖစ္ေစ ေဆးထိုးအပ္ ၊ ႁပြန္နဲ႔ ပင္အပ္ မ်ားကို မေကာက္ယူ မကိုင္တြယ္ရပါဘူး။ ေရာဂါေပါင္းမ်ားစြာ ကူးစက္ခံႏိုင္ေခ် ရွိပါတယ္။

(၅) သံသယျဖစ္ဖြယ္ စစ္ေရးသုံး ေဖာက္ခြဲေရးပစၥည္းမ်ား

အဆိုပါေပါက္ကြဲေစႏိုင္ေသာ ပစၥည္းမ်ားကို လယ္ကြင္းႏွင့္ ေတာေတာင္မ်ားၾကားမွာ ေတြ႕ရတတ္ပါတယ္။လယ္သမားမ်ားႏွင့္ ဥယ်ာဥ္မႉးမ်ား အေနျဖင့္ အထူးဂ႐ုျပဳရပါမယ္။ ထိေတြ႕ ကိုင္တြယ္ျခင္းမ်ိဳး မျပဳလုပ္ပဲ တာဝန္ရွိရဲဝန္ထမ္းမ်ားနဲ႔ စစ္တပ္ကို အျမန္ဆုံးအေၾကာင္းၾကားရပါမယ္။

(၆) လက္နက္အေနျဖင့္အသုံးျပဳထားေသာ ဓားႏွင့္အျခားပစၥည္းမ်ား

တာဝန္ရွိရဲမ်ားႏွင့္ ျပသာနာ မဆက္ႏြယ္ခ်င္ရင္ေတာ့ မေတာ္တဆမႈ တစ္ခုခုမွ ရရွိလာေသာ ဓား၊႐ိုင္ဖယ္ေသနတ္ စေသာ လက္နက္ပစၥည္းမ်ားအပါအဝင္ အျခားလွပေသာ မည္သည့္ပစၥည္းမ်ိဳး ျဖစ္ေစ ေဝးေဝးေရွာင္ရပါမယ္။ သင့္စပ္စုခ်င္စိတ္ေၾကာင့္ မႈခင္းစုံစမ္းစစ္ေဆးခ်က္မ်ားမွာ သင့္လက္ေဗြရာကို အလြယ္တူ ရွာေဖြေတြ႕ရွိသြားႏိုင္ပါတယ္။

(၇) ဆက္သြယ္ေရးကိရိယာမ်ား

Walkie-talkie ကဲ့သိုေသာ ဆက္သြယ္ေရးကိရိယာမ်ားဟာ သင့္ကိုဥပေဒဆိုင္ရာ အရာရွိမ်ားႏွင့္ ပဋိပကၡမ်ား ျဖစ္ေစႏိုင္ပါတယ္။ထို႔ေၾကာင့္ ထိုကဲ့သို႔ေသာ ကိရိယာမ်ားေတြ႕ရွိရပါက တာဝန္ရွိသူဝန္ထမ္းမ်ားကို ျဖစ္ေစ ၊ တာဝန္က်ရဲမ်ားကိုျဖစ္ေစ အေၾကာင္းၾကားသင့္ပါတယ္။

Credit