
ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီတောင်းဆို
စက်တင်ဘာ၊ ၂၄
မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ စစ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။
Annual Ministerial Meeting on the Responsibility to Protect အမည်ရှိ အစည်းအဝေးကို စက်တင်ဘာ ၂၀ညရက်နေ့က (၇၆) ကြိမ်မြောက်
ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်မိုးထွန်းမှာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရပြီး NUG အဖွဲ့ကို ကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်တာကြောင့်
၎င်းရဲ့ ပါဝင်တက်ရောက်မှုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။
၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး တရားမဝင် ကိုယ်စားလှယ်များနဲ့ ထိတွေ့ဆောင်ရွက်ခြင်းနဲ့
အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ်ရန် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုထားပါတယ်။
Crd – MyanmarPlatform
———-
ဦးေက်ာ္မိုးထြန္းကို အသိအမွတ္မျပဳၾကရန္ ႏိုင္ငံတကာအသိုင္းအဝိုင္းသို႔ စစ္ေကာင္စီေတာင္းဆို
စက္တင္ဘာ၊ ၂၄
ျမန္မာႏိုင္ငံဆိုင္ရာ ကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အသိအမွတ္မျပဳၾကရန္ ႏိုင္ငံတကာအသိုင္းအဝိုင္းသို႔ စစ္ေကာင္စီက ေတာင္းဆိုလိုက္ပါတယ္။
Annual Ministerial Meeting on the Responsibility to Protect အမည္ရွိ အစည္းအေဝးကို စက္တင္ဘာ ၂၀ညရက္ေန႔က (၇၆) ႀကိမ္ေျမာက္
ကုလသမဂၢအေထြေထြညီလာခံျပင္ပမွာ က်င္းပခဲ့ၿပီး အဆိုပါ အစည္းအေဝးမွာ ကုလသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ပါဝင္တက္ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။
ဦးေက်ာ္မိုးထြန္းမွာ ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္မႈျဖင့္ တရားရင္ဆိုင္ေနရၿပီး NUG အဖြဲ႕ကို ကိုယ္စားျပဳ၍ မိန႔္ခြန္းေျပာၾကားခဲ့ျခင္း ျဖစ္တာေၾကာင့္
၎ရဲ႕ ပါဝင္တက္ေရာက္မႈမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳျခင္းမရွိေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ ထားပါတယ္။
၎ကို ပါဝင္တက္ေရာက္ခြင့္ျပဳတဲ့ ႏိုင္ငံမ်ားနဲ႔ အဖြဲ႕အစည္းမ်ားရဲ႕ အျပဳအမူကို ျမန္မာႏိုင္ငံက ျပင္းထန္စြာ ကန႔္ကြက္ပယ္ခ်ၿပီး တရားမဝင္ ကိုယ္စားလွယ္မ်ားနဲ႔ ထိေတြ႕ေဆာင္႐ြက္ျခင္းနဲ႔
အားေပးအားေျမႇာက္ျပဳျခင္းမွ ေရွာင္ၾကဥ္ရန္ စစ္ေကာင္စီလက္ေအာက္ခံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုင္ငံတကာအသိုက္အဝန္းကို ထပ္ေလာင္း ေတာင္းဆိုထားပါတယ္။
Crd – MyanmarPlatform