
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး MICHELLE BACHELET က မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုလိုက်ပါတယ် ။ ဒီကနေ့ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၂၃ ရက်နေ့ ၊ ကြာသာပတေးနေ့မှာ လူ့အခွင့်အရေးအဖွဲ့ရဲ့ တောင်းဆိုတဲ့ အစီရင်ခံစာကို တင်သွင်းလိုက်ပါတယ် ။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး က လုံခြုံရေးကောင်စီ ဟာ မြန်မာ့အရေးမှာ ဆင်က ( ELEPHANT DANCE ) နေသလို အချိန်ဆွဲနေတယ် လို့ ဝေဖန်ထားပါတယ် ။
အစီရင်ခံစာကတော့ …..၊
မြန်မာနိုင်ရဲ့ အခြေအနေဟာ ပေါက်ကွဲသံတွေနဲ့ ပြည်တွင်းစစ်ကြီးဆီကို ဦးတည်နေပါပြီ ။ အချို့ဒေသတွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေပြီး အရပ်သားခုခံကာကွယ်ရေးတပ်ဖွဲ့တွေလည်း သေကြေ ၊ ဒဏ်ရာရ ၊ ဖမ်းဆီး နှိပ်စက်ခံနေရပါပြီ ။ ဒါ့အပြင် ကိုဗစ်နိုင်တင်း ကပ်ရောဂါကလည်း ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ကုလအဖွဲ့ကြီးအတွက် အမြန်ဆုံး အက်ရှင်ဝင်နိုင်မှသာ ဆိုးရွားတဲ့ အခြေအနေတွေကို ထိန်းနိုင်ပါလိမ့်မယ် ။
မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ အာဏာသိမ်းစကတည်းက အရပ်သားပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်းနေပါတယ် ။ မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့တွေကို ကြည့်နိုင်ပါတယ် ။
အချို့ ပြစ်မှု့တွေဟာ အလွန်ပြင်းထန်ပါတယ် ။ မြန်မာပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့် ၊ လွတ်လပ်မှု့ ၊ လုံခြုံရေးတွေအတွက် ကူညီဖို့ လိုပါတယ် ။ ညှဉ်းပန်းနှိပ်စက်မှု့ကို အချိန်မီတားမြစ်ဖို့ လိုအပ်ပါတယ် ။ တရားမျှတသော ရုံးတင်စစ်ဆေးပိုင်ခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်တွေအတွက် တာဝန်ယူပေးဖို့လိုပါတယ် ။
ဒီချိူးဖောက်မှု့တွေကို ရပ်တန်ဖို့နဲ့ မြန်မာ့လုံခြုံရေးအဖွဲ့အစည်း ပြန်လည်ဖွဲ့စည်းဖို့ ( REFORM ) ၊ ပြုပြင်ပြောင်းလဲဖို့တွေကို မြန်မာစစ်တပ်ဘက်က လက်ခံမှု့ မရှိခဲ့ပါဘူး ။ ဒါက ခိုင်မာတဲ့ တာဝန်ခံမှု့ အစီအမံတွေ အရေးတကြီးလိုအပ်နေတယ်ဆိုတာ မြင်သာပါတယ် ။ အာဏာသိမ်းမှု့ကို ဆန့်ကျင်တော်လှန်နေတဲ့ သက်သေ ၇၀ ကျော်နဲ့ တွေ့ဆုံပြီးပါပြီ ။
စစ်တပ်ဟာ ဆန္ဒပြပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ဦးခေါင်းတည့်တည့်ကို ပစ်ခတ်ဖို့ စစ်ခေါင်းဆောင်တွေက အမိန့်ပေးထားပါတယ် ။ ဒဏ်ရာရသူတွေကို ဆေးကုသခွင့်မပေးနိုင်ဖို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ် ။
ကျမ်းမာရေးလုပ်သားတွေဟာ ဖမ်းဝရန်းထုတ်ခံရပြီး အချို့က တောတောင်တွေထဲအထိ ထွက်ပြေးနေရပါတယ် ။ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ ၊ သတင်းသမားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူပေါင်း ၈၀၀၀ ကျော်ကို ဖမ်းဆီးထားပါတယ် ။ လူ ၁၂၀ ကျော်ဟာ ဖမ်းဆီးခံရပြီးချိန်မှာ ၊ လက်လွန်အောင် ညှဉ်းပမ်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ပါတယ် ။ အချို့ဟာ ဆေးကုသခွင့် ၊ အစာစားခွင့် ၊ အိပ်စက်ခွင့်တွေတောင် မရခဲ့ပဲ သေဆုံးခဲ့ကြရတာပါ ။
ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်တာဟာ ပြည်သူတွေကို လက်နက်ကိုင်ချင်လာအောင် တွန်းအားပေးလိုက်သလိုပါပဲ ။ လူ့အခွင့်အရေး ချိူးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ ခုခံကာကွယ်ဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး ။
လက်ရှိအခြေအနေမှာတော့ မြန်မာစစ်တပ်ဟာ ခုခံကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အရပ်သားပြည်သူတွေနဲ့ ထိပ်တိုက်တွေ့နေပါပြီ ။ အချို့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အနိုင်မရနိုင်တော့ တိုက်လေယာဉ်တွေ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ချေမှုန်းနေပါတယ် ။ ဒီလို တိုက်လေယာဉ်တွေ သုံးတဲ့အတွက် ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးနေပါတယ် ။
မြန်မာ့အမျိူးသားရေး အကျိူးဆက်တွေဟာ ကြောက်စရာကောင်းသလို ၊ ကြေကွဲဖွယ်လည်း ကောင်းလှပါတယ် ။
ဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုလိုက်တဲ့ အစီရင်ခံစာပါ ။
သုံးသပ်ရရင် …….၊
URGENT ACTION လို့ သုံးထားပါတယ် ။ မြန်မာပြည်သူတွေကို လက်နက်ကိုင်ခုခံချင်လာအောင် လုပ်သူနဲ့ ပြည်တွင်းစစ်ကို ဖန်တီးသူအဖြစ် စစ်ကောင်စီကို စွပ်ဆွဲထားပါတယ် ။ ကုလညီလာခံမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ပြည်သူ့ကိုယ်စားပြုသူအဖြစ် အချိန်ကာလမသတ်မှတ်ပဲ လက်ခံထားပါတယ် ။
အချို့ကတော့ ကုလညီလာခံကနေ NUG ကို ရက်စ် အော် နိုး အဖြေတစ်ခုခုရမှ ကျေနပ်မယ်လို့ ပြောကြပါတယ် ။ တကယ်လို့ ပြည်သူတွေဘက်ကနိုင်ခဲ့ရင် လက်နက်ရှိတဲ့ ကျားဆိုးက မထူးဇာတ်ခင်းမှာကို ကုလက ကြိူမြင်နေလို့ တစ်ဆင့်ချင်း ဖြေရှင်းလိမ့်မယ်လို့ ထင်ပါတယ် ။
ဘကြီးအောင် LA