မြို့ပေါင်း ၂၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ်တောက်

အကြမ်းဖက်စစ်​ကောင်စီက မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်​တောက်

အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချဖို့နဲ့ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှုတွေ ကျူးလွန် ဖို့အတွက် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တချို့က မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ် တောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံ၊ မိုးကုတ်မြို့တွေ၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ စစ်ကိုင်းတိုင်း၊ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ဖြတ်တောက်ထားခဲ့တာလို့ သိ ရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကစတင်ကာ အင်တာနက်ဖြတ်တောက်ခံထားရတာဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်းမြို့တွေနဲ့ ချင်းပြည်နယ်၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ ပလက်ဝမြို့တွေမှာတော့ စက်တင်ဘာ ၂၃ ရက်ကစတင်ဖြတ်တောက်ထားခဲ့တာမို့ မြို့ပေါင်း ၂၂ မြို့ထိ ရှိလာနေတာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အင်တာနက် လွတ်လပ်ခွင့်အခြေအနေဟာ အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့ လတ်တလော ပူးပေါင်းထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ မြို့ရွာအနှံ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၂၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၃၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Crd – ဒီဗွီဘီ

———-

အၾကမ္းဖက္စစ္​ေကာင္စီက ၿမိဳ႕ေပါင္း ၂၀ ေက်ာ္ကို အင္တာနက္ျဖတ္​ေတာက္

အၾကမ္းဖက္စစ္ေကာင္စီက သတင္းအေမွာင္ခ်ဖို႔နဲ႔ လူမဆန္စြာ ရက္စက္သတ္ျဖတ္မႈေတြ က်ဴးလြန္ ဖို႔အတြက္ ျမန္မာႏိုင္ငံ တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕က ၿမိဳ႕ေပါင္း ၂၀ ေက်ာ္ကို အင္တာနက္ျဖတ္ ေတာက္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မႏၲေလးတိုင္း၊ ျမင္းၿခံ၊ မိုးကုတ္ၿမိဳ႕ေတြ၊ မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕၊ စစ္ကိုင္းတိုင္း၊ အရာေတာ္၊ ယင္းမာပင္၊ ကနီ၊ ပုလဲ၊ ေရဦး၊ တန႔္ဆည္၊ ဘုတလင္ၿမိဳ႕ေတြမွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၅ ရက္ေန႔က စတင္ျဖတ္ေတာက္ထားခဲ့တာလို႔ သိ ရပါတယ္။

ဒါ့အျပင္ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕မွာေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၀ ရက္ကစတင္ကာ အင္တာနက္ျဖတ္ေတာက္ခံထားရတာျဖစ္ၿပီး မေကြးတိုင္း၊ ဂန႔္ေဂါ၊ ၿမိဳင္၊ ထီးလင္းၿမိဳ႕ေတြနဲ႔ ခ်င္းျပည္နယ္၊ ထန္တလန္၊ ဖလမ္း၊ တီးတိန္၊ တြန္းဇံ၊ မတူပီ၊ ကန္ပက္လက္၊ မင္းတပ္နဲ႔ ပလက္ဝၿမိဳ႕ေတြမွာေတာ့ စက္တင္ဘာ ၂၃ ရက္ကစတင္ျဖတ္ေတာက္ထားခဲ့တာမို႔ ၿမိဳ႕ေပါင္း ၂၂ ၿမိဳ႕ထိ ရွိလာေနတာပါ။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕အင္တာနက္ လြတ္လပ္ခြင့္အေျခအေနဟာ အရင္ႏွစ္ကထက္ အဆင့္ ၁၄ ဆင့္ေလာက္ က်ဆင္းသြားတယ္လို႔ Freedom House အဖြဲ႕နဲ႔ Freedom of Expression Myanmar အဖြဲ႕တို႔ လတ္တေလာ ပူးေပါင္းထုတ္ေဝလိုက္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံ ၿမိဳ႕႐ြာအႏွံ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြစတင္ခဲ့တာ လနဲ႔ခ်ီၾကာျမင့္ေနခဲ့ၿပီ ျဖစ္ကာ တိုက္ပြဲေတြ ေၾကာင့္ ေဒသခံေတြ ေထာင္ေသာင္းခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးတိမ္း ေရွာင္ေနၾကရပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စတင္ကာ အၾကမ္းဖက္စစ္အုပ္စုက မတရားအာဏာသိမ္းယူခဲ့တာကို ဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ ေႏြဦးေတာ္လွန္ေရးကာလဟာ ၈ လနီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီကာလေတြအတြင္း အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္က်ဆုံးရသူေတြ၊ ဖမ္းဆီး ေထာင္ခ်ခံရသူေတြနဲ႔အတူ ႏိုင္ငံအဝန္း ေတာေရာၿမိဳ႕ပါမက်န္ ေဒသခံျပည္သူ႔ကာကြယ္ ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကားတိုက္ပြဲေတြလည္း ျပင္းထန္ေနတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)ရဲ႕ ထုတ္ျပန္ခ်က္ အရ လတ္တေလာအခ်ိန္ထိ အာဏာသိမ္းစစ္ေကာင္စီတပ္ရဲ႕ ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ အျပစ္မဲ့က်ဆုံးျပည္သူ ၁၁၂၀ ေက်ာ္၊ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူေပါင္း ၈,၃၀၀ ေက်ာ္ ရွိခဲ့ တယ္လို႔ ဆိုပါတယ္။

လတ္တေလာမွာေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က စစ္အာဏာရွင္ ဆန႔္က်င္ေရး ခုခံတြန္းလွန္စစ္စတင္ေၾကာင္းနဲ႔ မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ အၾကမ္းဖက္ စစ္အုပ္ခ်ဳပ္ေရးကို လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ စက္တင္ဘာ ၇ ရက္က ေၾကညာထားပါတယ္။

Crd – ဒီဗြီဘီ