လူသားချင်းစာနာထောက်ထားမှု ကူညီပေးဖို့နဲ့ မြန်မာ နိုင်ငံဟာ လုံးဝပြိုလဲတော့မယ်လို့ ပြော

လူသားချင်းစာနာထောက်ထားမှု ကူညီပေးဖို့နဲ့ မြန်မာ နိုင်ငံဟာ လုံးဝပြိုလဲတော့မယ်လို့ ပြော

စက်တင်ဘာ ၂၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မီရှဲလ်ဘက်ချလက်က မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

ကုလမဟာမင်းကြီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖို့နဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေမဖြစ်အောင် တားဆီးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို နှစ်ဆတိုး ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းလိုက်ပြီးနောက်မှာ မျိုးစုံဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေထဲက တချို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်။

ဒါကြောင့် ကျူးလွန်သူတွေ တာဝန်ခံမှုရှိလာအောင် နိုင်ငံတကာက ဝင်ရောက်ဆောင်ရွက်သင့်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ထန်ထလန်မြို့ တစ်မြို့လုံးနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“အရပ်သား ပြည်သူတွေနေထိုင်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဝတ်ပြုကိုးကွယ်ရာနေရာတွေနဲ့

အရပ်သားပြည်သူတွေကို အကာအကွယ်ပေးထားတဲ့ တခြားအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအားလုံးကို ချက်ချင်းရပ်တန့်ပါ”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက အကူညီလိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှု ကူညီသူ ပေးအပ်တာ ခွင့်ပြုဖို့လည်း ကုလမဟာမင်းကြီးက တိုက်တွန်းပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေဟာ အကာအကွယ်ပေးရမယ့် သူတွေပါ။ ပစ်မှတ်ထားဖြိုခွင်းရမှာ မဟုတ်ပါဘူး။ ဒေသခံ အရပ်သားတွေဆိုတာကလည်း အကူညီတွေ ပေးအပ်တဲ့နေရာမှာ အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ရမယ့် သူတွေဖြစ်ပါတယ်”လို့ သူက စစ်အုပ်စုကို ရည်ညွှန်းတိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်မယ့် လက္ခဏာမရှိတာကြောင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ အဆိုးရွားဆုံး ဖြစ်မလာခင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချက်ချင်းဆောင်ရွက်ဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အလေးထားမှုကို၊ ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအတွက် အင်မတန်အရှက်ရစရာကြီးပဲပါ၊ ဒါပေမဲ့ စစ်ခေါင်းတွေဟာ အရှက်မရှိကြဘူးဆိုတော့ ပြောသမျှတွေဟာ အလကားဖြစ်နေပါတယ်။

ဒါကြောင့် UN ရဲ့ ပြောဆိုမှု​တွေ တကယ်လက်တွေ့ဖြစ်လာဖို့ အရေးတကြီးလိုနေပါတယ်”လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ကုလမဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

DeltaNewsAgency

———-

လူသားခ်င္းစာနာေထာက္ထားမႈ ကူညီေပးဖို႔နဲ႔ ျမန္မာ ႏိုင္ငံဟာ လုံးဝၿပိဳလဲေတာ့မယ္လို႔ ေျပာ

စက္တင္ဘာ ၂၃ ရက္ေန႔က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပတဲ့ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ မီရွဲလ္ဘက္ခ်လက္က ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာ တင္သြင္းခဲ့တာပါ။

ကုလမဟာမင္းႀကီးက ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီဖို႔နဲ႔ က်ယ္ျပန႔္တဲ့ ပဋိပကၡေတြမျဖစ္ေအာင္ တားဆီးႏိုင္ဖို႔ ႏိုင္ငံတကာအေနနဲ႔ ျမန္မာ့အေရးကို ႏွစ္ဆတိုး ႀကိဳးပမ္းဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

စစ္အုပ္စုက အာဏာသိမ္းလိုက္ၿပီးေနာက္မွာ မ်ိဳးစုံျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြထဲက တခ်ိဳ႕ဟာ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေျမာက္တယ္။

ဒါေၾကာင့္ က်ဴးလြန္သူေတြ တာဝန္ခံမႈရွိလာေအာင္ ႏိုင္ငံတကာက ဝင္ေရာက္ေဆာင္႐ြက္သင့္တယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားထားပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနခ်ိန္အတြင္း စစ္အုပ္စုရဲ႕ အၾကမ္းဖက္ တိုက္ခိုက္မႈေၾကာင့္ ခ်င္းျပည္နယ္ ထန္ထလန္ၿမိဳ႕ တစ္ၿမိဳ႕လုံးနီးပါး အိုးအိမ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

“အရပ္သား ျပည္သူေတြေနထိုင္တဲ့ လူေနရပ္ကြက္ေတြကို ေလေၾကာင္းကေန တိုက္ခိုက္တာ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာ၊ ေဆး႐ုံ၊ ေဆးခန္း၊ စာသင္ေက်ာင္း၊ ဝတ္ျပဳကိုးကြယ္ရာေနရာေတြနဲ႔

အရပ္သားျပည္သူေတြကို အကာအကြယ္ေပးထားတဲ့ တျခားအေဆာက္အဦေတြကို ပစ္မွတ္ထားတိုက္ခိုက္တဲ့ စစ္ဆင္ေရးေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ပါ”လို႔ သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံက အကူညီလိုအပ္ေနတဲ့သူေတြကို လူသားခ်င္းစာနာေထာက္ထားမႈ ကူညီသူ ေပးအပ္တာ ခြင့္ျပဳဖို႔လည္း ကုလမဟာမင္းႀကီးက တိုက္တြန္းပါတယ္။

“က်န္းမာေရးဝန္ထမ္းေတြဟာ အကာအကြယ္ေပးရမယ့္ သူေတြပါ။ ပစ္မွတ္ထားၿဖိဳခြင္းရမွာ မဟုတ္ပါဘူး။ ေဒသခံ အရပ္သားေတြဆိုတာကလည္း အကူညီေတြ ေပးအပ္တဲ့ေနရာမွာ အဓိကထားၿပီး ပူးေပါင္းေဆာင္႐ြက္ရမယ့္ သူေတြျဖစ္ပါတယ္”လို႔ သူက စစ္အုပ္စုကို ရည္ၫႊန္းတိုက္တြန္းခဲ့ပါတယ္။

စစ္အုပ္စုဟာ သူတို႔ရဲ႕ က်ဴးလြန္မႈေတြကို ရပ္တန႔္မယ့္ လကၡဏာမရွိတာေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ပဋိပကၡေတြ အဆိုး႐ြားဆုံး ျဖစ္မလာခင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ခ်က္ခ်င္းေဆာင္႐ြက္ဖို႔ လိုေနၿပီလို႔လည္း ဆိုပါတယ္။

“ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ အေလးထားမႈကို၊ ကုလသမဂၢရဲ႕ တုံ႔ျပန္မႈေတြဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြအတြက္ အင္မတန္အရွက္ရစရာႀကီးပဲပါ၊ ဒါေပမဲ့ စစ္ေခါင္းေတြဟာ အရွက္မရွိၾကဘူးဆိုေတာ့ ေျပာသမွ်ေတြဟာ အလကားျဖစ္ေနပါတယ္။

ဒါေၾကာင့္ UN ရဲ႕ ေျပာဆိုမႈ​ေတြ တကယ္လက္ေတြ႕ျဖစ္လာဖို႔ အေရးတႀကီးလိုေနပါတယ္”လို႔ ႏိုင္ငံေရးေဆာင္းပါးရွင္တစ္ဦးက သုံးသပ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္ေပၚလာဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ကုလမဟာမင္းႀကီးက တိုက္တြန္းခဲ့ပါတယ္။

DeltaNewsAgency