ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ၌ လူပုဂ္ဂိုလ်များ နေခွင့်မပြုရန် စစ်ကောင်စီ သတိပေး

ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ လူပုဂ္ဂိုလ်တွေ အမြဲတမ်း မနေထိုင်ဖို့နဲ့ ယာယီ နေထိုင်သူတွေရှိပါက ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ညွန်ကြားထားတယ်လို့ သိရပါတယ်။

CRPH၊ NUG၊ PDF အဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုအောင်းလှုပ်ရှားတာတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခန့်သာသနာရေးဝန်ကြီးဦးကိုကိုက စက်တင်ဘာ ၂၁ ရက် ရက်စွဲပါစာနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။

စက်တင်ဘာ ၁၂ ရက်က ဧရာဝတီတိုင်းထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ လက်လုပ်ဖောက်ခွဲ ရေးပစ္စည်းတချို့ဖမ်းမိတာ၊ စက်တင်ဘာ ၁၄ ရက်က မိတ္ထီလာမြို့က ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း

ငွေစက္ကူအတု လုပ်တဲ့ကွန်ပြူတာ ဆက်စပ်ပစ္စည်းတွေနဲ့ ငွေစက္ကူအတုတွေ ဖမ်းမိခဲ့တယ်လို့ အခုထုတ်ပြန်တဲ့စာမှာ ရည်ညွှန်းဖော်ပြထားပါတယ်။

အဲဒီအသိပေးစာကို ဒီရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေဆီ ထပ်ဆင့်ဖြန့်ဝေ ရောက်ရှိလာတယ်လို့ ကျောင်းထိုင်ဆရာတော်တချို့က ဆိုပါတယ်။

ပထမတခါ နှုတ်နဲ့ အကြောင်းကြားပြီး ခုစာပါရောက်လာကြောင်း အဓိက လူစိမ်း လက်မခံဖို့ ဖြစ်ကြောင်း လိူင်သာယာမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ပါတယ်။

Crd – ဒီဗွီဘီ

———

ဘုန္းႀကီးေက်ာင္းနဲ႔ သီလရွင္ေက်ာင္းေတြမွာ လူပုဂၢိဳလ္ေတြ အၿမဲတမ္း မေနထိုင္ဖို႔နဲ႔ ယာယီ ေနထိုင္သူေတြရွိပါက ဧည့္စာရင္းတိုင္ဖို႔ စစ္ေကာင္စီက ၫြန္ၾကားထားတယ္လို႔ သိရပါတယ္။

CRPH၊ NUG၊ PDF အဖြဲ႕ေတြဟာ ဘုန္းႀကီးေက်ာင္းေတြမွာ ခိုေအာင္းလႈပ္ရွားတာေတြ လုပ္ေနတာေၾကာင့္ ျဖစ္တယ္လို႔ စစ္ေကာင္စီခန႔္သာသနာေရးဝန္ႀကီးဦးကိုကိုက စက္တင္ဘာ ၂၁ ရက္ ရက္စြဲပါစာနဲ႔ ထုတ္ျပန္အသိေပးထားပါတယ္။

စက္တင္ဘာ ၁၂ ရက္က ဧရာဝတီတိုင္းထဲက ဘုန္းႀကီးေက်ာင္းတစ္ခုမွာ လက္လုပ္ေဖာက္ခြဲ ေရးပစၥည္းတခ်ိဳ႕ဖမ္းမိတာ၊ စက္တင္ဘာ ၁၄ ရက္က မိတၳီလာၿမိဳ႕က ဘုန္းႀကီးေက်ာင္းဝင္းတစ္ခုအတြင္း

ေငြစကၠဴအတု လုပ္တဲ့ကြန္ျပဴတာ ဆက္စပ္ပစၥည္းေတြနဲ႔ ေငြစကၠဴအတုေတြ ဖမ္းမိခဲ့တယ္လို႔ အခုထုတ္ျပန္တဲ့စာမွာ ရည္ၫႊန္းေဖာ္ျပထားပါတယ္။

အဲဒီအသိေပးစာကို ဒီရက္ပိုင္းအတြင္း ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔သီလရွင္ေက်ာင္းေတြဆီ ထပ္ဆင့္ျဖန႔္ေဝ ေရာက္ရွိလာတယ္လို႔ ေက်ာင္းထိုင္ဆရာေတာ္တခ်ိဳ႕က ဆိုပါတယ္။

ပထမတခါ ႏႈတ္နဲ႔ အေၾကာင္းၾကားၿပီး ခုစာပါေရာက္လာေၾကာင္း အဓိက လူစိမ္း လက္မခံဖို႔ ျဖစ္ေၾကာင္း လိူင္သာယာၿမိဳ႕နယ္မွ ေက်ာင္းထိုင္ဆရာေတာ္တပါးက မိန႔္ပါတယ္။

Crd – ဒီဗီြဘီ