ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်မည်ဟု MLF ကြေညာ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်မည်ဟု MLF ကြေညာ

ရန်ကုန် ၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူး စသည့် မြို့ကြီး ‌လေးမြို့တွင် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင်များအား

လုံးဝမပတ်သက်ဘဲ ရှောင်ကြဉ်ကြရန် မြန်မာ့လွတ်မြောက်ရေးတပ်ဖွဲ့ (MLF) အဖွဲ့က ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။

အထက်ပါ မြို့ကြီးများရှိ စစ်ကောင်စီ၏ အကျိုးစီးပွားများနှင့် ၎င်းတို့နှင့် ဆက်နွှယ်သည့် ထောက်တိုင်များ ၊ အနိုင်ကျင့်၍ဓားပြမှုများ ကျူးလွန်နေသော လမ်းတံတားဂိတ်များ အားလုံးတို့ကို

MLFမှ တော်လှန်ရေး ထပ်ဆင့်မြှင့်သည့်အ‌နေဖြင့် မဟာမိတ်များနှင့်အတူ ပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

” အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်မှုတွေ၊ မသက်ဆိုင်သူတွေကို စွပ်စွဲရမ်းကားမှုတွေ၊ မီးရှို့ ဖျက်ဆီးမှုတွေ အဲဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ မြို့ပြ‌ပြောက်ကျားစစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်သွားတော့မှာပါ” ဟု MLFမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မတ်လနှောင်းပိုင်းမှ စတင်ကာ မြို့ပြ ပြောက်ကျားနှင့် စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြှင့်တင်ရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများကို တစ်စိုက်မတ်မတ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

———-

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ပဲခူးတို႔တြင္ စစ္ဆင္ေရးမ်ား တိုးျမႇင့္လုပ္မည္ဟု MLF ေၾကညာ

ရန္ကုန္ ၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ပဲခူး စသည့္ ၿမိဳ႕ႀကီး ‌ေလးၿမိဳ႕တြင္ စစ္ဆင္ေရးမ်ား တိုးျမႇင့္ျပဳလုပ္မည္ျဖစ္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီႏွင့္ ၎တို႔၏ ေထာက္တိုင္မ်ားအား

လုံးဝမပတ္သက္ဘဲ ေရွာင္ၾကဥ္ၾကရန္ ျမန္မာ့လြတ္ေျမာက္ေရးတပ္ဖြဲ႕ (MLF) အဖြဲ႕က ယေန႔ စက္တင္ဘာ ၂၄ ရက္တြင္ ထုတ္ျပန္ေတာင္းဆိုသည္။

အထက္ပါ ၿမိဳ႕ႀကီးမ်ားရွိ စစ္ေကာင္စီ၏ အက်ိဳးစီးပြားမ်ားႏွင့္ ၎တို႔ႏွင့္ ဆက္ႏႊယ္သည့္ ေထာက္တိုင္မ်ား ၊ အႏိုင္က်င့္၍ဓားျပမႈမ်ား က်ဴးလြန္ေနေသာ လမ္းတံတားဂိတ္မ်ား အားလုံးတို႔ကို

MLFမွ ေတာ္လွန္ေရး ထပ္ဆင့္ျမႇင့္သည့္အ‌ေနျဖင့္ မဟာမိတ္မ်ားႏွင့္အတူ ပစ္မွတ္ထား တိုက္ခိုက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

” အၾကမ္းဖက္စစ္ေကာင္စီရဲ႕ မတရားသျဖင့္ ဖမ္းဆီးႏွိပ္စက္မႈေတြ၊ မသက္ဆိုင္သူေတြကို စြပ္စြဲရမ္းကားမႈေတြ၊ မီးရႈိ႕ ဖ်က္ဆီးမႈေတြ အဲဒါေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ၿမိဳ႕ျပ‌ေျပာက္က်ားစစ္ဆင္ေရးကို အရွိန္ျမႇင့္ လုပ္ေဆာင္သြားေတာ့မွာပါ” ဟု MLFမွ အဖြဲ႕ဝင္တစ္ဦးက မဇၩိမကို ေျပာသည္။

အဆိုပါအဖြဲ႕အေနျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာန၏ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ မတ္လေႏွာင္းပိုင္းမွ စတင္ကာ ၿမိဳ႕ျပ ေျပာက္က်ားႏွင့္ စစ္အာဏာရွင္ေတာ္လွန္ေရး ေရခ်ိန္ျမႇင့္တင္ေရးဆိုင္ရာ စည္း႐ုံးလႈံ႕ေဆာ္မႈမ်ားကို တစ္စိုက္မတ္မတ္ ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။