ကချင်မြေမှ စိတ်ဝင်စားစရာကောင်းလှတဲ့ ဂေါ်ရ်ခါးတပ်အကြောင်း

ကျနော်တို့ဟာ နှစ်ပေါင်းများစွာ ဂေါ်ရ်ခါး မိဘပြည်သူများရဲ့မေတ္တာငတ်ခဲ့ရာမှ ဒီတခါနွေဦးတော်လှန်ရေးအရွေ့မှာ ဂေါ်ရ်ခါး ပြည်သူများဟာ ကျနော်တို့ ကေအိုင်အေ ဂေါ်ရ်ခါး ရဲဘော်များကို သတိတရ ဂရုစိုက်လာပါတော့တယ်။

FBကွန်မန့်များမှာ ကျနော်တို့ ကေအိုင်အေ ဂေါ်ရ်ခါး ရဲဘော်များအတွက် ဆုတောင်းပေးသံများဟာ မကြုံစဖူးအကြုံထူးတော့အံ့သြပီတိ ဖြစ်ရတာ ဝန်ခံပါတယ်။

ရှေ့တန်းစစ်မြေပြင်တွေမှာ ရောက်လာတဲ့ရိက္ခာများဟာလွန်ခဲ့သောနှစ်ကာလများထက် အနည်းငယ်စိုပြေလာတွေကိုသတိထားမိပါတယ်။ ပုံမှန်ပံ့ပိုးနေကျ ကချင်လူထုရဲ့ ဆေးဝါးရိက္ခာများထက် အနည်းငယ် အမယ်စုံလာတာဟာ မြန်မာပြည်သူများနဲ့ ကျနော်တို့ ဂေါ်ရခါးလူထုရဲ့ ချွေးနှဲစာများပါဝင်လာမှန်းတန်းသိပါတယ်။

အကျိုးလို၍ ညောင်ရေလောင်းခြင်းဟု မမှတ်ယူပဲပြည်သူ့ရဲဘော်ကို ပြည်သူများကဂရုစိုက် ဂရုဏာသက်ခြင်းဟုကြည်နူးစွာ မှတ်ယူပါတယ်။

တလုပ်စားဖူး သူ့ကျေးဇူး ဆိုသည့်အတိုင်း ကျေးဇူးရှင်ပြည်သူများကိုစောင့်ရှောက်ရမည်။ ပြည်သူများ၏ ရင်ဝယ်သားကောင်းရတနာများ ဖြစ်ရမည်ဟု ရိုးရှင်းစွာခံယူပါသည်။

ပြည်မတောင်တန်း ပထဝီအနိမ့်အမြင့် မတူညီသော်ငြားလည်း ဧရာဝတီ မြစ်ရေသည်ကျနော်တို့ ကချင်ဒေသမှ တနိူင်ငံလုံးသို့ စီးဆင်းသွားသကဲ့သို့ တမြေထဲနေ တရေထဲသောက်ကြရတဲ့သွေးချင်းညီအကိုများ ဖြစ်ကြောင်း နွေးနွေးထွေးထွေးခံစားရပါတယ်။

ပြည်မတောင်တန်း တွဲလက်များဟာ ခိုင်ခိုင်မာမာ ဆက်တွဲထားကြမယ်ဆိုရင် အာဏာရှင်များရဲ့ဆုပ်ကိုင်ထားမူများကတဖြည်းဖြည်းချင်း လက်လွတ်ရပြီး ကျနော်တို့ပြည်သူတွေလိုချင်တဲ့ပန်းတိုင်ကို ရောက်ပါမယ်လို့ယုံကြည်ပါတယ်။

Zawgyi Version

က်ေနာ္တို႔ဟာ ႏွစ္ေပါင္းမ်ားစြာ ေဂၚရ္ခါး မိဘျပည္သူမ်ားရဲ႕ေမတၱာငတ္ခဲ့ရာမွ ဒီတခါေႏြဦးေတာ္လွန္ေရးအေ႐ြ႕မွာ ေဂၚရ္ခါး ျပည္သူမ်ားဟာ က်ေနာ္တို႔ ေကအိုင္ေအ ေဂၚရ္ခါး ရဲေဘာ္မ်ားကို သတိတရ ဂ႐ုစိုက္လာပါေတာ့တယ္။

FBကြန္မန္႔မ်ားမွာ က်ေနာ္တို႔ ေကအိုင္ေအ ေဂၚရ္ခါး ရဲေဘာ္မ်ားအတြက္ ဆုေတာင္းေပးသံမ်ားဟာ မႀကဳံစဖူးအႀကဳံထူးေတာ့အံ့ၾသပီတိ ျဖစ္ရတာ ဝန္ခံပါတယ္။

ေရွ႕တန္းစစ္ေျမျပင္ေတြမွာ ေရာက္လာတဲ့ရိကၡာမ်ားဟာလြန္ခဲ့ေသာႏွစ္ကာလမ်ားထက္ အနည္းငယ္စိုေျပလာေတြကိုသတိထားမိပါတယ္။ ပုံမွန္ပံ့ပိုးေနက် ကခ်င္လူထုရဲ႕ ေဆးဝါးရိကၡာမ်ားထက္ အနည္းငယ္ အမယ္စုံလာတာဟာ ျမန္မာျပည္သူမ်ားနဲ႔ က်ေနာ္တို႔ ေဂၚရခါးလူထုရဲ႕ ေခြၽးႏွဲစာမ်ားပါဝင္လာမွန္းတန္းသိပါတယ္။

အက်ိဳးလို၍ ေညာင္ေရေလာင္းျခင္းဟု မမွတ္ယူပဲျပည္သူ႔ရဲေဘာ္ကို ျပည္သူမ်ားကဂ႐ုစိုက္ ဂ႐ုဏာသက္ျခင္းဟုၾကည္ႏူးစြာ မွတ္ယူပါတယ္။

တလုပ္စားဖူး သူ႔ေက်းဇူး ဆိုသည့္အတိုင္း ေက်းဇူးရွင္ျပည္သူမ်ားကိုေစာင့္ေရွာက္ရမည္။ ျပည္သူမ်ား၏ ရင္ဝယ္သားေကာင္းရတနာမ်ား ျဖစ္ရမည္ဟု ႐ိုးရွင္းစြာခံယူပါသည္။

ျပည္မေတာင္တန္း ပထဝီအနိမ့္အျမင့္ မတူညီေသာ္ျငားလည္း ဧရာဝတီ ျမစ္ေရသည္က်ေနာ္တို႔ ကခ်င္ေဒသမွ တႏိူင္ငံလုံးသို႔ စီးဆင္းသြားသကဲ့သို႔ တေျမထဲေန တေရထဲေသာက္ၾကရတဲ့ေသြးခ်င္းညီအကိုမ်ား ျဖစ္ေၾကာင္း ေႏြးေႏြးေထြးေထြးခံစားရပါတယ္။

ျပည္မေတာင္တန္း တြဲလက္မ်ားဟာ ခိုင္ခိုင္မာမာ ဆက္တြဲထားၾကမယ္ဆိုရင္ အာဏာရွင္မ်ားရဲ႕ဆုပ္ကိုင္ထားမူမ်ားကတျဖည္းျဖည္းခ်င္း လက္လြတ္ရၿပီး က်ေနာ္တို႔ျပည္သူေတြလိုခ်င္တဲ့ပန္းတိုင္ကို ေရာက္ပါမယ္လို႔ယုံၾကည္ပါတယ္။