” ပြည်သူတွေထဲက တော်လှန်ပြည်သူတွေအပြင် .. မတော်လှန်ပြည်သူတွေပါ တော်လှန်ရေး လမ်းကို ရွေးလာအောင် စကစ ကတွန်းပို့နေပြီ” ဟု ပြောလာတဲ့ ပန်ဆယ်လို

တပ်က ပြိုနေပြီလို့ ပြောရင် ကိုယ့်ကို မိုတီပေးနေတယ် ထင်ကြမယ်။ ရန်ကုန်မြို့ပေါ်က အိမ်ကြီးအိမ်ကောင်း အရောင်းတွေ ပလူကိုပျံလို့။ ပြေးဖို့ အသင့်ပြင်နေကြပြီ။

သူတို့လူတွေတောင် သူတို့ကို အတွင်းကြိတ်မယုံနေတော့ဘူး။ ပိုင်ဆိုင်မှုတွေကို ရသလောက်ယူပြီး ပြေးဖို့ အထုတ်ပြင်နေကြပြီ။

ပိုပြီးသိသာထင်ရှားတာက ဗဟိုဘဏ်က အမြဲတမ်းဘဏ္ဍာအဖြစ် ထိန်းသိမ်းထားရတဲ့ ဒေါ်လာတွေကိုသူတို့အမေလင်ပိုင် ပစ္စည်းတွေလို သဘောထားပြီး ရောင်းနေတာပဲ။ သူတို့အပြောကတော့ ဒေါ်လာဈေးကို ထိန်းညှိရန်ပေါ့။

ဒေါ်လာဝယ်လိုအား များလာပြီး ဒေါ်လာဈေးတက်လာပြီဆိုရင် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပြီး ဝယ်လိုအားကိုဖြည့်တယ်။ ရောင်းလိုအားတက်လာရင် ဝယ်လို အားနဲ့ Balance ဖြစ်ပြီး ဒေါ်လာဈေးငြိမ်အောင် ထိန်းတာ။

အခုက ဒေါ်လာ၅သန်းရောင်းတယ် ၁၀ သန်းရောင်းတယ်နဲ့ အဲ့ဒေါ်လာတွေ ဈေးကွက်ထဲ လုံးဝမရောက်ဘူး။ဘယ်ပြည်သူကမှ ဝယ်လို့ရတယ်မကြားရဘူး။ အခုဆို ဒေါ်လာဈေးက ၂၁၀၀ ဖြစ်သွားပြီ။

လုပ်နေပုံက ရှင်းတယ်။ ခိုင်မာတဲ့ ပြည်သူ့ဘဏ္ဍာ ဒေါ်လာတွေကို မခိုင်မာတော့တဲ့ မြန်မာငွေတွေ၊ ဗုံးဗောလအော ရိုက်ထုတ်ထားတဲ့ မြန်မာငွေတွေနဲ့ လဲပြီး ဒေါ်လာတွေကို သူတို့အတွက် အထုတ်ပြင်နေတာ။

တိုင်းပြည်ကို အစွန်းစွန်ဆုံး မွဲတေအောင် လုပ်ပြီး ပြည်သူတွေရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး လစ်ဖို့ လုပ်နေကြတာ။ နောက်ဆုံးအကြိမ် ခိုးရခြင်းဆိုပြီး စိတ်ကြိုက် အမဲဖျက်နေကြတာ။

အခု အကြံကုန်ပြီ။ ထပ်ခိုးချင်နေသေးတော့ ပြည်သူတွေရဲ့ USD Bank Account တွေကိုFreeze လိုက်ပြီ။ Freeze တယ်တော့ ဒဲ့မပြောဘူးပေါ့။ စည်းကမ်းတွေထပ်တိုးတယ်ပေါ့။ ထုတ်မရဘူး၊ သွင်းမရဘူး၊ လွှဲမရဘူး။ ဘာထူးလဲ Freeze တာနဲ့။

USD Bank Account ဆိုတာ အခြေခံလူတန်းစားတွေမှာ မရှိဘူး။ အခုလုပ်ရပ်က စီးပွါးရေးလုပ်ငန်းရှင်အလွှာကို ဒဲ့ထိတာ။ အဲ့ထဲမှာ ဘယ်အစိုးရတက်တက် ငါတို့လုပ်ကိုင်စားလို့ရရင် ပြီးတာပဲဆိုတော့ လူတန်းစားပါ ဘာမှလုပ်ကိုင်စားမရဘဲ လစ်ကုန်တာ။

စကစရဲ့ သူခိုးဇကပဲ စကစကို သတ်လိမ့်မယ်။ ပြည်သူတွေထဲကတော်လှန်ပြည်သူတွေအပြင် မတော်လှန်ပြည်သူတွေပါ တော်လှန်ရုံအပြင် ဘာမှလုပ်စရာမရှိတော့တဲ့ လမ်းကို စကစကတွန်းပို့နေပြီ။

ပလ္လင်ပေါ် ခွေးတက်၊ ခွေးဇာတ်ခင်းကြတဲ့ မင်းအောင်လှိုင်တို့ကို အမြန်ဆွဲချနိုင်မှတိုင်းပြည်က အနာသက်သာမှာ။ ဒင်းတို့ တစ်ရက်သက်ဆိုးရှည်လေ တိုင်းပြည်ဟာ နာလေ၊ ပြန်လည်တည်ဆောက်ဖို့ ကြာလေပဲ။

သေခါနီး ရိက္ခာယူနေတဲ့ MaALoe မျာ ငါတို့ပြည်သူ့ဘဏ္ဍာတွေကို စားသမျှ ထမင်းတစ်စေ့ချင်းစီတိုင်း အ-င်းဖြစ်ကြစမ်းပါစေ။ကျက်သတုံးတွေ။

ပန်ဆယ်လို