ဗဟိုဘဏ်က ထုတ်ရောင်းနေတဲ့ အမေရိကန်ဒေါ်လာတွေက ဘယ်ကရတာလဲ

နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားဝင်ငွေက သွင်းကုန် ထုတ်ကုန် ပို့ကုန် Export Importနဲ့ တခြား နိုင်ငံတကာရင်နှီးမြုပ်နှံမှုတွေက ဝင်ငွေတွေ၊ သယံဇာတရောင်းချရငွေတွေအပြင် စီးပွားရေးကျချိန်တို့ ကပ်ဆိုက်ချိန်တို့မှာ

ကျုပ်တို့မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်တွေနဲ့ တခြား ဂျပန်လိုနိုင်ငံတွေက ချေးပေး လှူပေးထားတာတွေကို မြန်မာကျပ်ငွေကြေးအာမခံအဖြစ် ဒေါ်လာငွေကို ဗဟိုဘဏ်က အမြဲတမ်း ဘဏ္ဍာအဖြစ် ထိန်းသိမ်းထားရတာပါ။

၂၂.၉.၂၀၂၁ ရက်နေ့တွင် ဗဟိုဘဏ် စက်တင်ဘာလအတွက် ၄ကြိမ်မြောက် ထုတ်ရောင်းရာ စုစုပေါင်း ၄၈သန်းရှိ လေလံပျှမ်းမျှဈေး ၁၇၅၅ ဖြင့် ယနေ့ ၁၀သန်းရောင်းချလိုက်ကြောင်း သိရပါတယ်။

နိုင်ငံရဲ့ ဝင်ငွေ ထွက်ငွေနဲ့ အသုံးစရိတ်ကို တွက်ချက်ပြီး Gross domestic product (GDP)ဆိုတဲ့ စီးပွားရေးအခြေအနေပြသည့် ကိန်းဂဏန်းတစ်ခုထွက်လာတယ်၊ ကမ္ဘာမှာ လက်ရှိအမေရိကန်က GDPအမြင့်ဆုံး အကောင်းဆုံးနဲ့

တရုတ်က ဒုတိယလိုက်ပြီး ဂျပန်နဲ့ ဂျာမနီ အစရှိတဲ့ နိုင်ငံကြီးတွေက နောက်ကလိုက်နေတာ၊ မြန်မာပြည်ကတော့ အောက်နားက စာရင်းထဲမှာပေါ့။ GDP အတက်အကျပေါ် မူတည်ပြီးလည်း နိုင်ငံရဲ့ဘဏ္ဍာအနေအထားကို ဆုံးရှုံးမှုကို သိရှိနိုင်တယ်။

နိုင်ငံ့စီးပွားရေး အတက်အကျ ငွေကြေးဖောင်းပွမှုတွေမှာ အစည်းအဝေးတွေလုပ်ပြီး ဘဏ္ဍာထိန်းထားသည့်အထဲက အရှုံးခံထုတ်ရောင်းတာတို့ ပြန်ဝယ်ပေးတာတို့ လုပ်ရတာပါ၊ သူများနိုင်ငံတွေမှာ လုပ်ကြတာပေါ့ဗျာ၊

ကျုပ်တို့ဆီမှာတော့ နိုင်ငံ့ရဲ့ စီးပွားရေး နောက်ဆုံးထွက်သက်ဖြစ်သည့် ကျပ်ငွေအာမခံအပေါင်ဒေါ်လာတွေကို မိဘအမွေလို့ အားတိုင်း အောက်ဈေးနဲ့ ဟိုဖက်ရပ်ကွက်က လူတွေကို ထုတ်ရောင်းပေးနေတာ အားလုံးအသိပဲလေ။

တစ်ဒေါ်လာ ကျပ်2000ကျော်နေချိန် တကယ်လိုအပ်နေသည့် ပြည်သူ့လုပ်ငန်းခွင်‌တွေကို မဟုတ်ပဲ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတော့မည့် အာဏာရှင်တွေရဲ့ မိသားစုတွေကို အောက်ဈေး1700ကျော်နဲ့ ထုတ်ရောင်းပေးနေတာ၊

ဘဏ္ဍာဒေါ်လာ‌တွေကို ဝယ်တဲ့နေရာမှာလည်း ပြန်ပေးသွားတာက အာမခံမရှိပဲ ရိုက်ထုတ်ထားတဲ့ မြန်မာကျပ်ပိုက်ဆံနဲ့ဆိုတော့ ဘဏ္ဍာရေးက မိအေးနှစ်ခါ သုံးခါနာတာလောက်သွားကျပါတယ်၊

ဒီဘဏ္ဍာတိုက်ထဲက ထွက်သွားတဲ့ ပြည်သူပိုင်သည့် ဒေါ်လာငွေတွေ တိုင်းပြည်ထဲက ပြည်သူ့လက်ထဲမှာ လည်ပတ်မနေပဲနဲ့ နိုင်ငံရပ်ခြားမှာ သူတို့မိသားစုတွေ ရင်းနှီးမြုပ်နှံဖို့အတွက် အလုံးလိုက် အရင်းလိုက် ထွက်သွားတော့ ဈေးကွက်ထဲမှာ ဒေါ်လာအရောင်းအဝယ်မရှိတော့ပဲ ကျပ်ငွေဈေးကျ ဖောင်းပွမှုက နေ့စဉ်နဲ့အမျှ ဆိုးဝါးလာမှာပါ။

ဒါ‌ကြောင့် ဗဟိုဘဏ်က ရှိသမျှ နိုင်ငံပိုင် အာမခံဒေါ်လာတွေ ဘယ်လောက်ထုတ်ရောင်းရောင်း ဘာမှထူးလာမှာ မဟုတ်ပါဘူး၊ နိုင်ငံတကာကနေ အကြွေးအနေနဲ့ ချေးပြီး ယူထားတဲ့ ဒေါ်လာတွေကုန်သွားရင်တော့ အကြွေးပင်လယ်ထဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေ လက်ပစ်ကူးပြီး ရုန်းကုန်ရင်း ကျန်ခဲ့ရမှာပါ၊

သူတို့မိသားစုတွေကတော့ နိုင်ငံခြားမှာ ပြည်သူပိုင်ဒေါ်လာတွေနဲ့ ရင်နှီးမြုပ်နှံရင်း သားစဉ်မြေးဆက် သာယာဖို့ ကြံစည် လုပ်ဆောင်နေတာပါ၊ အခုရက်ပိုင်း မြို့တွေက အာဏာရှင်ပိုင် ကျွန်းအပြည့်နဲ့ သိန်းသောင်းချီတန် အိမ်ကြီးအိမ်ကောင်းတွေ ဇွတ်ရောင်းနေတာ ကြည့်ရင်၊ ဒေါ်လာဈေးကွက်ထဲမှာ ရောင်းဖို့

မရှိလောက်အောင် ဈေးပျက် ပစ္စည်းပြတ်ဖြစ်သွားတာကို ကြည့်ခြင်းအားဖြင့် ဟိုဖက်ရပ်ကွက်က သွေးပျက်ပြီး သင်္ဘောပျက်ကြီးလို့ တစစနဲ့ ‌ဖြေးဖြေးချင်းနစ်မြုပ်နေသည့် မြန်မာနိုင်ငံကြီးကို ဖျက်စီးစွန့်ပစ်ပြီး ပြေးနေကြပြီဆိုတာ စုံစမ်းကြည့်စရာမလို့ အသိသာကြီးပါ၊

သူတို့ရဲ့ အောက်‌ခြေက လူတွေပဲ မသိကျေးကျွန်ပြုခံနေရရင်း သူတို့ဖျက်စီးလိုက်တဲ့ မြုပ်တော့မည့်သင်္ဘာပျက်ကြီးရဲ့ အထွက်လမ်းကြောင်း အသက်ကယ်လှေတွေကို အာဏာရှင်တစ်စုအတွက် အသက်ပေးရင်း ကာကွယ်နေကြတာပါ၊

ဒီလိုဖြစ်‌နေအောင်လည်း အမိန့်နာခံခြင်းဆိုသည့် အခွင့်အာဏာအောက်မှာ အမှန်တရားကို ဆုံးဆုံးမြုပ်အောင် နှစ်ပေါင်းများစွာ လေ့ကျင်မှိုင်းတိုက်ထားတာပါ။ အချိန်မီ နိုးထဖို့ အမှန်တကယ်လိုအပ်ပါပြီ။

မြန်မာပြည်ရဲ့ စီးပွားရေး GDPဘယ်လောက်ကျသွားလည်း ဒီကာလမှာ ဘယ်လောက်အနုတ်ပြသွားလည်းဆိုတာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ

ပြေးမည့်သူတွေ နိုင်ငံကို အကြွေးတွေ ဒုက္ခတွေနဲ့ အခွံကြီးပဲ ချန်မထားခဲ့သေးခင်ပေါ့ဗျာ၊ အစောကယ်တင်နိုင်လေ အမြန်ပြန်ထူထောင်နိုင်လေပဲ၊ ကျွန်တော်တို့ ခင်ဗျားတို့ သားသမီးတွေ လက်ထက် ကျွန်တော်တို့လိုမျိုး နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင်ပါ။

သေချာတာကတော့ဘအမှန်တရားအတွက် တိုက်နေသည့် ဓမ္မဝါဒီသမားတွေက တစ်ချိန်တစ်ရက်ကာလတစ်ခုမှာ သေချာပေါက်အောင်မြင်ပြီး တိုင်းပြည်ကို ပြန်ကယ်တင်နိုင်ချိန် ဒီဘဏ္ဍာ‌ရေးအလွဲသုံးစားကိစ္စတွေကို

Back Dateနဲ့ ပြန်လိုက်ပြီး ကမ္ဘာနဲ့ချီပြီး အကုန်ပြန်ရှင်းမှာပါ၊ မတရားမှု ဆိတ်ကွယ်ရာ မရှိစေရပါ‌ဘူး၊ လုပ်ရဲရင် ခံရဲဖို့၊ ပြည်သူ့ပစ္စည်းခိုးရဲရင် ရှင်းရဲဖို့ ဘယ်နိုင်ငံရောက်နေနေ အဖမ်းခံရဲဖို့သာ ပြင်ဆင်ထားပါ။

မြန်မာပြည်ရဲ့ စီးပွားရေး GDPဘယ်လောက်ကျသွားလည်း ဒီကာလမှာ ဘယ်လောက်အနုတ်ပြသွားလည်းဆိုတာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ။

Hadee Maung