အာဆီယံအလံကို မီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလာမြေမှ ကျောင်းသားများရဲ့မြင်ကွင်းပုံရိပ်များ

ဒီကနေ့ဇွန်လ(၅)ရက်နေ့ညနေပိုင်းအချိန်မှာတော့မန္တလေးမြို့ကကျောင်းသား၊ကျောင်းသူတွေဟာမြန်မာပြည်သူတွေနဲ့အတူမရပ်တည်တဲ့အာ‌ဆီယံရဲ့အလံကိုမီးရှို့ကာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “AESANအလံအားမီးရှို့ခြင်းကျွန်ုပ်တို့ငယ်စဉ်အခါကအာဆီယံဆိုသည်မှာဒေသတွင်းနိုင်ငံများအကြားအချင်းချင်းဖေးမကူညီစောင့်ရှောက်ရန်နှင့်ပူးပေါင်းလုပ်ဆောင်ရန်အတွက်ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ကြသောအများကအားကျရသည့်Asian Basedအဖွဲ့ကြီး ဖြစ်သည်။ယခုအခါအချင်းချင်းကူညီစောင့်ရှောက်ခြင်းဆိုသည်မှာ မသူတော်အချင်းချင်းဖြစ်နေပြီးပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်ကားဒီမိုကရေစီကိုဖျက်ဆီးခြင်းဟုကျွန်ုပ်တို့မျက်ဝါးထင်ထင်ကြုံတွေ့နေရပြီဖြစ်သည်။

“ယနေ့တွင်ပင်အာဆီယံဥက္ကဋ္ဌ(ကိုယ်စားလှယ်)နှင့်အတွင်းရေးမှုးချုပ်ဆိုသူတို့သည်မြန်မာနိုင်ငံသို့လာရောက်ကာဖက်ဆစ်အစိုးရအားအသိအမှတ်ပြုမှုရရှိနိုင်ရင်ကြိုးစားလျက်ရှိသည်။ကျွန်ုပ်တို့တကသများသည်ကားUNကိုမမျှော်အာဆီယံကိုမမျှော်ကိုယ့်တိုင်းပြည်လွတ်လပ်ရေးကိုကိုယ်တိုင်တိုက်ယူရမည်ဟုသာခံယူသည်။ ထို့ကြောင့်အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်တွင်ယင်းမသူတော်တို့ကြီးစိုးသောအာဆီယံဟုအမည်ခံသည့်အဖွဲ့ကြီးနှင့်ဆွေးနွေးပတ်သတ်ဆက်ဆံစရာမရှိသဖြင့်ဤမသူတော်အာဆီယံအလံအားမီးရှို့ဖျောက်ဖျက်ပစ်လိုက်သည်။သွေးကြွေးမှာဆွေးနွေးစရာမရှိ”ဆိုပြီးရေးသားကာကျောင်းသားကျောင်းသူတွေရဲ့သဘောထားကိုထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။

မြန်မာပြည်သူတွေအနေနဲ့စစ်အာဏာရှင်စနစ်ကိုအသက်ပေါင်းများစွာပေးဆပ်ပြီးတိုက်ထုတ်နေရချိန်မှာအာဆီယံနိုင်ငံတွေအနေနဲ့စစ်ကောင်စီကိုအသိအမှတ်ပြုမှုရရှိစေနိုင်ရေးအတွက်ကြိုးပမ်းပေးနေခြင်းကဆိုးရွားတဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။အခုလိုအာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုမရှိတဲ့လုပ်ရပ်တွေကြောင့်ကျောင်းသားတွေကအာဆီယံအလံကိုမီးရှို့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

———–

Photo credit-Original Uploader