
မြန်မာ့အရေးနဲ့ မြောက်ကိုရီးယားအရေးကို အဖြေရှာဖို့ သမတ္တဂျိူးဘိုင်ဒန်က လေးပွင့်ဆိုင် ကွာဒ့် အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးပြီး ကြေငြာချက်တစ်ရပ် ထုတ်လိုက်ပါတယ် ။
အမေရိကန်သမတ္တ ဂျိူးဘိုင်ဒန်ဟာ ကုလညီလာခံမှာရောက်နေတဲ့ အိန္ဒိယ ၊ ဂျပန် ၊ သြစတေးလျခေါင်းဆောင်တွေနဲ့ အစီအစဉ်မရှိပဲ တွေ့ဆုံခဲ့ကြတာပါ ။ ဒါဟာ ကွာဒ့်အဖွဲ့ဝင် ခေါင်းဆောင်တွေရဲ့ ပထမဦးဆုံးအကြိမ် လူခြင်းတွေ့ဆုံ ဆွေးနွေးမှု့ပါ ။
ကွာဒ့်အဖွဲ့ရဲ့ ပူးတွဲကြေငြာချက်ကတော့ …..၊
မြန်မာနိုင်ငံက အကြမ်းဖက်မှု့တွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတာပါ ။ ဒါ့အပြင် ကုလဆုံးဖြတ်နဲ့အညီ မြောက်ကိုရီးယားရဲ့ နယူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိကို အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ် ။
ပူးတွဲကြေငြာချက်မှာ မြောက်ကိုရီးယားဟာ ရန်စမှု့တွေကို ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ် ။
“ ခိုင်မာတဲ့ ဆွေးနွေးရေးအတွက် စားပွဲဝိုင်းပေါ်ကို လာခဲ့ပါ ” လို့လည်း ဖိတ်ခေါ်ထားပါတယ် ။ ကွာဒ့်ခေါင်းတွေဟာ မြောက်ကိုရီးယားဘက်က ပြန်ပေးဆွဲထားတဲ့ ကိစ္စကို ချက်ချင်းဖြေရှင်းခိုင်းထားပါတယ် ။ နယူကလီးယား ဒုံးလက်နက်တွေ ဆက်လက်စမ်းသပ်မှု့မျိူး မလုပ်ဖို့လည်း ပြင်းထန်စွာ တားမြစ်လိုက်ပါတယ် ။
မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်ဖြင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ် ။
ဒါ့အပြင် လေးနိုင်ငံ ထိပ်သီးခေါင်းဆောင်တွေဟာ ASEAN Five Point Consensus ကို အမြန်ဆုံး အကောင်အထည်ဖော်ခိုင်းပါတယ် ။
ပူးတွဲကြေငြာချက်မှာ အင်ဒို-ပစိဖိတ်နဲ့ အခြားဘက်တွေမှာ ဒီမိုကရေစီကြံ့ခိုင်မှု့ကို တည်ဆောက်နိုင်ဖို့ ကတိပြုခဲ့ကြပါတယ် ။
မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှု့တွေကို ချက်ချင်းရပ်တန့်ဖို့ လိုအပ်ပြီး ငြိမ်းချမ်းသော အဖြေကိုရှာဖို့ တိုက်တွန်းထားပါတယ် ။
ပါတီအားလုံးဟာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု့တွေ လုပ်ရလိမ့်မယ်လို့ တောင်းဆိုထားပါတယ် ။
( ဒါကတော့ နယူးယောက်မှာရောက်နေတဲ့ ကွာဒ့်လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေ ဆွေးနွေးပွဲအပြီး ၊ ပူးတွဲကြေငြာချက်ပါ ။ )
စာရေးသူရဲ့ ဝေဖန်သုံးသပ်မှု့ မပါဝင်ပါဘူး ။
ဘကြီးအောင် LA
———
ျမန္မာ့အေရးနဲ႔ ေျမာက္ကိုရီးယားအေရးကို အေျဖရွာဖို႔ သမတၱဂ်ိဴးဘိုင္ဒန္က ေလးပြင့္ဆိုင္ ကြာဒ့္ အစည္းအေဝးမွာ ေတြ႕ဆုံေဆြးေႏြးၿပီး ေၾကျငာခ်က္တစ္ရပ္ ထုတ္လိုက္ပါတယ္ ။
အေမရိကန္သမတၱ ဂ်ိဴးဘိုင္ဒန္ဟာ ကုလညီလာခံမွာေရာက္ေနတဲ့ အိႏၵိယ ၊ ဂ်ပန္ ၊ ၾသစေတးလ်ေခါင္းေဆာင္ေတြနဲ႔ အစီအစဥ္မရွိပဲ ေတြ႕ဆုံခဲ့ၾကတာပါ ။ ဒါဟာ ကြာဒ့္အဖြဲ႕ဝင္ ေခါင္းေဆာင္ေတြရဲ႕ ပထမဦးဆုံးအႀကိမ္ လူျခင္းေတြ႕ဆုံ ေဆြးေႏြးမႈ႕ပါ ။
ကြာဒ့္အဖြဲ႕ရဲ႕ ပူးတြဲေၾကျငာခ်က္ကေတာ့ …..၊
ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈ႕ေတြ ရပ္တန္႔ဖို႔နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ေတာင္းဆိုထားတာပါ ။ ဒါ့အျပင္ ကုလဆုံးျဖတ္နဲ႔အညီ ေျမာက္ကိုရီးယားရဲ႕ နယူကလီးယားလက္နက္ ဖ်က္သိမ္းေရး ကတိကို အေကာင္အထည္ေဖာ္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္ ။
ပူးတြဲေၾကျငာခ်က္မွာ ေျမာက္ကိုရီးယားဟာ ရန္စမႈ႕ေတြကို ေရွာင္ၾကဥ္ဖို႔ သတိေပးထားပါတယ္ ။
“ ခိုင္မာတဲ့ ေဆြးေႏြးေရးအတြက္ စားပြဲဝိုင္းေပၚကို လာခဲ့ပါ ” လို႔လည္း ဖိတ္ေခၚထားပါတယ္ ။ ကြာဒ့္ေခါင္းေတြဟာ ေျမာက္ကိုရီးယားဘက္က ျပန္ေပးဆြဲထားတဲ့ ကိစၥကို ခ်က္ခ်င္းေျဖရွင္းခိုင္းထားပါတယ္ ။ နယူကလီးယား ဒုံးလက္နက္ေတြ ဆက္လက္စမ္းသပ္မႈ႕မ်ိဴး မလုပ္ဖို႔လည္း ျပင္းထန္စြာ တားျမစ္လိုက္ပါတယ္ ။
ျမန္မာႏိုင္ငံကို ျမန္ျမန္ဆန္ဆန္ျဖင့္ ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ ေတာင္းဆိုထားပါတယ္ ။
ဒါ့အျပင္ ေလးႏိုင္ငံ ထိပ္သီးေခါင္းေဆာင္ေတြဟာ ASEAN Five Point Consensus ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ခိုင္းပါတယ္ ။
ပူးတြဲေၾကျငာခ်က္မွာ အင္ဒို-ပစိဖိတ္နဲ႔ အျခားဘက္ေတြမွာ ဒီမိုကေရစီႀကံ့ခိုင္မႈ႕ကို တည္ေဆာက္ႏိုင္ဖို႔ ကတိျပဳခဲ့ၾကပါတယ္ ။
ျမန္မာစစ္တပ္ဟာ အၾကမ္းဖက္မႈ႕ေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ လိုအပ္ၿပီး ၿငိမ္းခ်မ္းေသာ အေျဖကိုရွာဖို႔ တိုက္တြန္းထားပါတယ္ ။
ပါတီအားလုံးဟာ အျပဳသေဘာေဆာင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈ႕ေတြ လုပ္ရလိမ့္မယ္လို႔ ေတာင္းဆိုထားပါတယ္ ။
( ဒါကေတာ့ နယူးေယာက္မွာေရာက္ေနတဲ့ ကြာဒ့္ေလးႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြ ေဆြးေႏြးပြဲအၿပီး ၊ ပူးတြဲေၾကျငာခ်က္ပါ ။ )
စာေရးသူရဲ႕ ေဝဖန္သုံးသပ္မႈ႕ မပါဝင္ပါဘူး ။
ဘႀကီးေအာင္ LA