
အမေရိကန် ၊Californiaပြည်နယ် Sacramentoမြို့လေးက “Free Burma” နှင့် “ပန်ဆယ်လို” တို့၏ နွေဦးတော်လှန်ရေး ရန်ပုံငွေ ပထမနေ့အဖြစ် ကန်ဒေါ်လာ၃သောင်းခွဲ(မြန်မာငွေကျပ် သိန်း၇၀၀)ရရှိခဲ့ကြာင်းသိရှိရပါသည်။
နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေကြသော ODFသူရဲကောင်းများနှင့် မြန်မာ့ပြည်က စစ်ဘေးရှောင် ပြည်သူများအတွက် ရည်စူးပြီး အလှူငွေရန်ပုံငွေ ကောက်ခံခြင်း ပြုလုပ်ပေးနေတဲ့ အမေရိကန် ပြည်ထောင်စုရောက် စာရေးဆရာမ
“မပန်ဆယ်လို” နှင့်” Free Burma-Sacramento “တို့ ပူပေါင်းပြီး ရန်ပုံငွေ ရှာဖွေပွဲပြုလုပ်ကြရာ ပထမနေ့အဖြစ် အချိန်ခဏလေးအတွင်းမှာ ကန်ဒေါ်လာ ၃သောင်းခွဲ(မြန်မာကျပ်ေငွသိန်း၇၀၀)ခန့် ရရှိခဲ့တယ်လို့ ဆိုပါသည်။
” California State ရဲ့ အဖွင့်ကတော့ လှသွားပါပြီ Sacramento မြို့လေးရဲ့ Myanmar Community က သေးပေမယ့် မခေပါဘူး။”ဝိုင်းဝန်းလှူဒါန်းလိုက်ကြတာ အချိန်တိုအတွင်းမှာ အကြမ်းဖျင်း ဒေါ်လာသုံးသောင်းခွဲဝန်းကျင် (မြန်မာသိန်း၇၀၀ခန့်) ရရှိခဲ့ပါတယ်။
ရရှိတဲ့ ကူညီလှူဒါန်းငွေအားလုံးကို Free Burma- Sacramento အဖွဲ့မှ မြန်မာ့နွေဦးတော်လှန်ရေးဆီ အရောက်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ မနက်ဖြန် San Francisco Bay Area မှာ တွေ့ဆုံကြပါဦးစို့နော်။ “”လို့ မ ပန်ဆယ်လို က ဝမ်းသာသတင်းစကားပြောကြားထားခြင်းပင် ဖြစ်သည်။
———
အေမရိကန္ ၊Californiaျပည္နယ္ Sacramentoၿမိဳ႕ေလးက “Free Burma” ႏွင့္ “ပန္ဆယ္လို” တို႔၏ ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ ပထမေန႔အျဖစ္ ကန္ေဒၚလာ၃ေသာင္းခြဲ(ျမန္မာေငြက်ပ္ သိန္း၇၀၀)ရရွိခဲ့ၾကာင္းသိရွိရပါသည္။
ေႏြဦးေတာ္လွန္ေရးတြင္ တိုက္ပြဲဝင္ေနၾကေသာ ODFသူရဲေကာင္းမ်ားႏွင့္ ျမန္မာ့ျပည္က စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ ရည္စူးၿပီး အလႉေငြရန္ပုံေငြ ေကာက္ခံျခင္း ျပဳလုပ္ေပးေနတဲ့ အေမရိကန္ ျပည္ေထာင္စုေရာက္ စာေရးဆရာမ
“မပန္ဆယ္လို” ႏွင့္” Free Burma-Sacramento “တို႔ ပူေပါင္းၿပီး ရန္ပုံေငြ ရွာေဖြပြဲျပဳလုပ္ၾကရာ ပထမေန႔အျဖစ္ အခ်ိန္ခဏေလးအတြင္းမွာ ကန္ေဒၚလာ ၃ေသာင္းခြဲ(ျမန္မာက်ပ္ေငြသိန္း၇၀၀)ခန္႔ ရရွိခဲ့တယ္လို႔ ဆိုပါသည္။
” California State ရဲ႕ အဖြင့္ကေတာ့ လွသြားပါၿပီ Sacramento ၿမိဳ႕ေလးရဲ႕ Myanmar Community က ေသးေပမယ့္ မေခပါဘူး။”ဝိုင္းဝန္းလႉဒါန္းလိုက္ၾကတာ အခ်ိန္တိုအတြင္းမွာ အၾကမ္းဖ်င္း ေဒၚလာသုံးေသာင္းခြဲဝန္းက်င္ (ျမန္မာသိန္း၇၀၀ခန္႔) ရရွိခဲ့ပါတယ္။
ရရွိတဲ့ ကူညီလႉဒါန္းေငြအားလုံးကို Free Burma- Sacramento အဖြဲ႕မွ ျမန္မာ့ေႏြဦးေတာ္လွန္ေရးဆီ အေရာက္ပို႔ေဆာင္သြားမွာ ျဖစ္ပါတယ္။ မနက္ျဖန္ San Francisco Bay Area မွာ ေတြ႕ဆုံၾကပါဦးစို႔ေနာ္။ “”လို႔ မ ပန္ဆယ္လို က ဝမ္းသာသတင္းစကားေျပာၾကားထားျခင္းပင္ ျဖစ္သည္။