ကုလသမဂ္ဂ အန္တရာယ်ရှိနေပြီဟု စစ်ကောင်စီ သတိပေး

ဂျီနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ တင်သွင်းခဲ့တဲ့ မြန်မာအရေး အစီရင်ခံစာနဲ့ ပြောကြားချက်များကို ကန့်ကွက်ပယ်ချကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် လိုက်ပါတယ်။

” မြန်မာနိုင်ရဲ့ အခြေအနေဟာ ပေါက်ကွဲသံတွေနဲ့ ပြည်တွင်းစစ်ကြီးဆီကို ဦးတည်နေပါပြီ ။ အချို့ဒေသတွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေပြီး အရပ်သားခုခံကာကွယ်ရေးတပ်ဖွဲ့တွေလည်း သေကြေ ၊ ဒဏ်ရာရ ၊ ဖမ်းဆီး နှိပ်စက်ခံနေရပါပြီ ။

ဒါ့အပြင် ကိုဗစ်နိုင်တင်း ကပ်ရောဂါကလည်း ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ် ။ ကုလအဖွဲ့ကြီးအတွက် အမြန်ဆုံး အက်ရှင်ဝင်နိုင်မှသာ ဆိုးရွားတဲ့ အခြေအနေတွေကို ထိန်းနိုင်ပါလိမ့်မယ် ။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ အာဏာသိမ်းစကတည်းက အရပ်သားပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်းနေပါတယ် ။ မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့တွေကို ကြည့်နိုင်ပါတယ် ။ အချို့ ပြစ်မှု့တွေဟာ အလွန်ပြင်းထန်ပါတယ် ။

မြန်မာပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့် ၊ လွတ်လပ်မှု့ ၊ လုံခြုံရေးတွေအတွက် ကူညီဖို့ လိုပါတယ် ။ ညှဉ်းပန်းနှိပ်စက်မှု့ကို အချိန်မီတားမြစ်ဖို့ လိုအပ်ပါတယ် ။ တရားမျှတသော ရုံးတင်စစ်ဆေးပိုင်ခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်တွေအတွက် တာဝန်ယူပေးဖို့လိုပါတယ် ။

ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်တာဟာ ပြည်သူတွေကို လက်နက်ကိုင်ချင်လာအောင် တွန်းအားပေးလိုက်သလိုပါပဲ ။ လူ့အခွင့်အရေး ချိူးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ ခုခံကာကွယ်ဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး ။

လက်ရှိအခြေအနေမှာတော့ မြန်မာစစ်တပ်ဟာ ခုခံကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အရပ်သားပြည်သူတွေနဲ့ ထိပ်တိုက်တွေ့နေပါပြီ ။ အချို့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အနိုင်မရနိုင်တော့

တိုက်လေယာဉ်တွေ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ချေမှုန်းနေပါတယ် ။ ဒီလို တိုက်လေယာဉ်တွေ သုံးတဲ့အတွက် ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးနေပါတယ် ။

မြန်မာ့အမျိူးသားရေး အကျိူးဆက်တွေဟာ ကြောက်စရာကောင်းသလို ၊ ကြေကွဲဖွယ်လည်း ကောင်းလှပါတယ် ။” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ရှ်ချလက် က မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုထားပါတယ်။

ဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံကို အမြန်ဆုံး အက်ရှင်ဝင်ဖို့ တောင်းဆိုလိုက်တဲ့ အစီရင်ခံစာပါ ။

အဆိုပါ အစည်းအဝေးကာလအတွင်းမှာ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်တဲ့ ဆွေးနွေးမှု (၃)ခုကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး ယင်းဆုံးဖြတ်ချက်မှာ အပြန် အလှန် ဆွေးနွေးမှုများရဲ့

အနှစ်သာရကို လျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံရဲ့ မျက်ကွယ်မှာ တစ်ဖက်သတ် ပြုလုပ်တဲ့ ကိစ္စဖြစ်တာကြောင့် လူ့အခွင့်အရေးကောင်စီမှာ အန္တရာယ်ရှိတဲ့ အစဉ်အလာကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ၂၂-၉-၂၀၂၁ ရက်မှာ နှုတ်ဖြင့် အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အထူးအစီရင်ခံစာ တင်သွင်းသူတို့ လိုက်နာရမယ့် ကျင့်ဝတ်မှာ ၎င်းရဲ့ကောက်ချက်များကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ ပထမဆုံး ပေးပို့ဖို့နဲ့

လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များအပေါ် အများပြည်သူသို့ ထုတ်ဖော်ပြောကြားရာမှာ သက်ဆိုင်ရာနိုင်ငံရဲ့ တုံ့ပြန်ချက်များကို ထည့်သွင်းဖော်ပြရန် ပါရှိသည်ကို ချိုးဖောက်ထားကြောင်း တွေ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးအစီရင်ခံစာတင်သွင်းသူက ၎င်းရဲ့ကျင့်ဝတ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ ခြင်းကြောင့် တစ်ဖက်သတ်အစီရင်ခံမှုများ ဖြစ်ပေါ်စေကာ နိုင်ငံတကာအသိုက် အဝန်းကို မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားစေခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရန် အထောက်အကူမပြုတဲ့အပြင် အဟန့်အတား ဖြစ်စေပြီး

ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားတဲ့ ယန္တရားများရဲ့ အစီရင်ခံစာများနဲ့ ပြောကြားချက် များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

———-

ဂ်ီနီဗာၿမိဳ႕မွာ က်င္းပလ်က္ရွိတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ (၄၈)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ကာလအတြင္းမွာ တင္သြင္းခဲ့တဲ့ ျမန္မာအေရး အစီရင္ခံစာနဲ႔ ေျပာၾကားခ်က္မ်ားကို ကန႔္ကြက္ပယ္ခ်ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ လိုက္ပါတယ္။

” ျမန္မာႏိုင္ရဲ႕ အေျခအေနဟာ ေပါက္ကြဲသံေတြနဲ႔ ျပည္တြင္းစစ္ႀကီးဆီကို ဦးတည္ေနပါၿပီ ။ အခ်ိဳ႕ေဒသေတြမွာ ျပင္းထန္တဲ့ တိုက္ပြဲေတြျဖစ္ေနၿပီး အရပ္သားခုခံကာကြယ္ေရးတပ္ဖြဲ႕ေတြလည္း ေသေၾက ၊ ဒဏ္ရာရ ၊ ဖမ္းဆီး ႏွိပ္စက္ခံေနရပါၿပီ ။

ဒါ့အျပင္ ကိုဗစ္ႏိုင္တင္း ကပ္ေရာဂါကလည္း ဆိုး႐ြားတဲ့အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရပါတယ္ ။ ကုလအဖြဲ႕ႀကီးအတြက္ အျမန္ဆုံး အက္ရွင္ဝင္ႏိုင္မွသာ ဆိုး႐ြားတဲ့ အေျခအေနေတြကို ထိန္းႏိုင္ပါလိမ့္မယ္ ။

ျမန္မာစစ္တပ္ဟာ ေဖေဖာ္ဝါရီ အာဏာသိမ္းစကတည္းက အရပ္သားျပည္သူေတြအေပၚ အင္အားသုံး ႏွိမ္နင္းေနပါတယ္ ။ မွတ္တမ္းတင္ထားတဲ့ လူ႔အခြင့္အေရး ခ်ိဴးေဖာက္မႈ႕ေတြကို ၾကည့္ႏိုင္ပါတယ္ ။ အခ်ိဳ႕ ျပစ္မႈ႕ေတြဟာ အလြန္ျပင္းထန္ပါတယ္ ။

ျမန္မာျပည္သူေတြရဲ႕ အသက္ရွင္သန္ခြင့္ ၊ လြတ္လပ္မႈ႕ ၊ လုံၿခဳံေရးေတြအတြက္ ကူညီဖို႔ လိုပါတယ္ ။ ညႇဥ္းပန္းႏွိပ္စက္မႈ႕ကို အခ်ိန္မီတားျမစ္ဖို႔ လိုအပ္ပါတယ္ ။ တရားမွ်တေသာ ႐ုံးတင္စစ္ေဆးပိုင္ခြင့္ ၊ လြတ္လပ္စြာေျပာဆိုခြင့္၊ ၿငိမ္းခ်မ္းစြာစုေဝးခြင့္ေတြအတြက္ တာဝန္ယူေပးဖို႔လိုပါတယ္ ။

ဆႏၵျပသူေတြကို စစ္တပ္က အၾကမ္းဖက္တာဟာ ျပည္သူေတြကို လက္နက္ကိုင္ခ်င္လာေအာင္ တြန္းအားေပးလိုက္သလိုပါပဲ ။ လူ႔အခြင့္အေရး ခ်ိဴးေဖာက္ခံေနရတဲ့ ျမန္မာျပည္သူေတြဟာ ခုခံကာကြယ္ဖို႔ကလြဲၿပီး ဘာမွမတတ္ႏိုင္ေတာ့ပါဘူး ။

လက္ရွိအေျခအေနမွာေတာ့ ျမန္မာစစ္တပ္ဟာ ခုခံကာကြယ္ဖို႔ ဖြဲ႕စည္းထားတဲ့ အရပ္သားျပည္သူေတြနဲ႔ ထိပ္တိုက္ေတြ႕ေနပါၿပီ ။ အခ်ိဳ႕ေဒသေတြမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို အႏိုင္မရႏိုင္ေတာ့

တိုက္ေလယာဥ္ေတြ ၊ တိုက္ခိုက္ေရးရဟတ္ယာဥ္ေတြနဲ႔ ေခ်မႈန္းေနပါတယ္ ။ ဒီလို တိုက္ေလယာဥ္ေတြ သုံးတဲ့အတြက္ ကေလးငယ္ေတြနဲ႔ အျပစ္မဲ့ျပည္သူေတြ ေသဆုံးေနပါတယ္ ။

ျမန္မာ့အမ်ိဴးသားေရး အက်ိဴးဆက္ေတြဟာ ေၾကာက္စရာေကာင္းသလို ၊ ေၾကကြဲဖြယ္လည္း ေကာင္းလွပါတယ္ ။” လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး မစ္ရွဲလ္ ဘက္ရွ္ခ်လက္ က ျမန္မာႏိုင္ငံကို အျမန္ဆုံး အက္ရွင္ဝင္ဖို႔ ေတာင္းဆိုထားပါတယ္။

ဒါကေတာ့ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက ျမန္မာႏိုင္ငံကို အျမန္ဆုံး အက္ရွင္ဝင္ဖို႔ ေတာင္းဆိုလိုက္တဲ့ အစီရင္ခံစာပါ ။

အဆိုပါ အစည္းအေဝးကာလအတြင္းမွာ ျမန္မာႏိုင္ငံအေပၚ ဆန႔္က်င္တဲ့ ေဆြးေႏြးမႈ (၃)ခုကို သက္ဆိုင္ရာ ျမန္မာႏိုင္ငံမပါဝင္ဘဲ က်င္းပခဲ့ၿပီး ယင္းဆုံးျဖတ္ခ်က္မွာ အျပန္ အလွန္ ေဆြးေႏြးမႈမ်ားရဲ႕

အႏွစ္သာရကို လ်စ္လ်ဴရႈကာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ မ်က္ကြယ္မွာ တစ္ဖက္သတ္ ျပဳလုပ္တဲ့ ကိစၥျဖစ္တာေၾကာင့္ လူ႔အခြင့္အေရးေကာင္စီမွာ အႏၲရာယ္ရွိတဲ့ အစဥ္အလာကို ျဖစ္ေပၚေစတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ အထူးအစီရင္ခံစာတင္သြင္းသူက ၂၂-၉-၂၀၂၁ ရက္မွာ ႏႈတ္ျဖင့္ အစီရင္ခံစာ တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ အထူးအစီရင္ခံစာ တင္သြင္းသူတို႔ လိုက္နာရမယ့္ က်င့္ဝတ္မွာ ၎ရဲ႕ေကာက္ခ်က္မ်ားကို သက္ဆိုင္ရာ အစိုးရတာဝန္ရွိသူမ်ားထံ ပထမဆုံး ေပးပို႔ဖို႔နဲ႔

လူ႔အခြင့္အေရးဆိုင္ရာ စြပ္စြဲခ်က္မ်ားအေပၚ အမ်ားျပည္သူသို႔ ထုတ္ေဖာ္ေျပာၾကားရာမွာ သက္ဆိုင္ရာႏိုင္ငံရဲ႕ တုံ႔ျပန္ခ်က္မ်ားကို ထည့္သြင္းေဖာ္ျပရန္ ပါရွိသည္ကို ခ်ိဳးေဖာက္ထားေၾကာင္း ေတြ႕ရတယ္လို႔ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အထူးအစီရင္ခံစာတင္သြင္းသူက ၎ရဲ႕က်င့္ဝတ္ကို လိုက္နာရန္ ပ်က္ကြက္ခဲ့ ျခင္းေၾကာင့္ တစ္ဖက္သတ္အစီရင္ခံမႈမ်ား ျဖစ္ေပၚေစကာ ႏိုင္ငံတကာအသိုက္ အဝန္းကို ျမန္မာႏိုင္ငံအေပၚ အထင္အျမင္ လြဲမွားေစခဲ့တယ္လို႔ စစ္ေကာင္စီက ဆိုပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ တင္သြင္းခဲ့တဲ့ အစီရင္ခံစာေတြဟာ ျမန္မာႏိုင္ငံက ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈမ်ားကို ေျဖရွင္းရန္ အေထာက္အကူမျပဳတဲ့အျပင္ အဟန႔္အတား ျဖစ္ေစၿပီး

ယင္းသို႔ ႏိုင္ငံတစ္ႏိုင္ငံတည္းအေပၚ ပစ္မွတ္ထားတဲ့ ယႏၲရားမ်ားရဲ႕ အစီရင္ခံစာမ်ားနဲ႔ ေျပာၾကားခ်က္ မ်ားကို ျမန္မာႏိုင္ငံက ျပင္းထန္စြာ ကန႔္ကြက္ပယ္ခ်တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။