သူမနဲ့ပတ်သက်ပြီး တပ်တွင်းမှာတင်ဖြန့်တဲ့ သတင်းတစ်ခုကို ပြောပြလာတဲ့ ပန်ဆယ်လို
သူမနဲ့ပတ်သက်ပြီး တပ်တွင်းမှာတင်ဖြန့်တဲ့ သတင်းတစ်ခုကို ပြောပြလာတဲ့ ပန်ဆယ်လို
တပ်တွင်းဖရဲသီးတစ်လုံးက သတင်းပေးလာတယ်။ မပန်ရေ…. တပ်ထဲမှာတင်ဖြန့်တဲ့ မပန်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုရှိတယ်တဲ့။
ပန်ဆယ်လိုဆိုတဲ့ဟာမက မေဒိကန်စီအိုင်အေရဲ့ စပိုင်တဲ့။ စီအိုင်အေရဲ့ လက်တံပေါ့။ ဒါ့ကြောင့် ဒီကိစ္စရပ်ဖြစ်တာနဲ့ မေဒိကန်က ကယ်ထုတ်သွားတာတဲ့။
သူတို့စောက်တပ်က ဝိုင်းရင် လွတ်ရိုးမရှိဘဲ ဒီဟာမ လွတ်သွားတယ်ဆိုတာ အထူးအေးဂျင့်မို့တဲ့။
ဒါပေမယ့် စောက်တပ်တို့ မပူကြပါနဲ့တဲ့။ ဒီဟာမ ပြန်ရောက်လာမှာပါတဲ့။ ငါတို့စောက်တပ်က မေဒိကန်နိုင်ငံသားတွေကို ဖမ်းထားတာ ရှိတာပဲတဲ့။
အကျဉ်းသားလဲလှယ်ရေးလုပ်ရင် ပြန်ရောက်လာမှာပါတဲ့။ အခုတော့ ပြောထားဦးပေါ့။ အဲ့ကျရင် ဟင်းဟင်းတဲ့။
ဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖို့ ရှိတယ် မပန်ရေဆိုလို့ သူတို့မဖွခင် ကိုယ်ပဲ ဖွပေးလိုက်တော့တယ်။
အိုင်အဇမ်း ဘွင်မြင့်မိနေပြီ။ အထူးအေးဂျင့်နော်။ အိုင့်ကို မကြောက်ကြဘူးလား။
ဟောလိဝုဒ်ကားတွေကြည့်တာ လျှော့ကြပါဦး ဂေါင်းကြီးတို့ရဲ့။ အစကတည်းက ဦးနှောက်က မပြည့်ရတဲ့ကြား အခုဆို ချောင်ပြီးရင်း ချောင်ရင်းပဲ။
ငလူးကွာ… စောက်တပ်က စောက်ပေါကျလက်ထှာ
ပန်ဆယ်လို
———-
ပန်ဆယ်လို