လက်ရှိ အခြေအနေရဆိုရင် ပညာရေးကဏ္ဍကတော့ ပြိုလဲသွားပါပြီ

ပညာရေးကဏ္ဍကတော့ ပြိုလဲသွားပါပြီ

ဒီအတိုင်း ကိုဗစ်အကြောင်းပြပြီး ဆက်ပိတ်ထားမယ်ဆိုရင်

နောက်လဆို သီတင်းကျွတ်ပြီ .. သီတင်းကျွတ်ဆိုတာ နှစ်လည်လို့ပြောရင်ရတာပေါ့။Fourth Wave ကလည်း စသလိုလိုဖြစ်နေတော့ ကြည့်ရတာ ဒီနှစ်လည်း ထပ်အောက်မယ့်ပုံများနေတယ်။

ကျောင်းသားမိဘတွေအနေနဲ့လည်း အခုလိုဟိုနေရာပေါက်လိုက် ဒီနေရာပစ်လိုက်ဖြစ်နေတဲ့အခြေအနေမှာ ဘယ်သူမှာ အသက်နဲ့ရင်းပြီးပညာရှာဖို့မလွတ်တော့ဘူး။

ကလေးတွေကိုယ်တိုင်ကိုကလည်း တက်ချင်စိတ်မရှိကြတာ.. ဒီလိုလူတွေအုပ်ချုပ်နေတဲ့စနစ်မှာ သူတို့မတက်ချင်ဘူးဆိုတာ သူတို့ကိုယ်တိုင်သိနေကြတဲ့သဘော…။

တက်လက်စ ကလေးတွေကလည်း မတက်တဲ့ကလေးတွေနဲ့ ဘာမှသိပ်မထူးဘူး။

နောက်တခုက CDM မဝင်ဘဲ စာအရမ်းသင်ချင်လွန်းလို့ ကျောင်းတက်နေကြတဲ့ ဆရာမတွေကလည်း သူတို့ကျောင်းပြန်တက်ရင် မြှားဦးကသူတို့ဘက်လှည့်လာနိုင်တယ်ဆိုတာ ခပ်ရေးရေးမြင်နေကြပြီ

လိမ်လို့မရဘူး ညာလို့မရဘူး။ အဖြူနဲ့အစိမ်းဝတ်ထားရင် ဒါ Non-CDM ဆရာမပဲ။ နွေရာသီတုန်းကတောင် အပြင်ဝတ်စုံတွေနဲ့သင်တန်းသွားတက်ခဲ့ရတာ … ဒါက အခြေခံအဆင့်ကိုပြောတာ…

အဆင့်မြင့်ပညာရေးကတော့ပိုဆိုးမယ်… ကျောင်းသားသမဂ္ဂတွေလို လိုက်ဖမ်းနေတယ်။ ကျောင်းထဲကကျော်ဇောသတင်းရှိသူတွေကို လိုက်ရှာနေတယ်။

တချို့ကျောင်းသားတွေတော့ တောထဲရောက်သွားပြီ။ အဲဒီတော့ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ဆိုတာ ( ဘယ်လိုပဲကိုဗစ်အကြောင်းပြနေပေမယ့်) ဖြစ်ကိုမဖြစ်နိုင်တာ

သူတို့ကတော့ အရှက်ပြေပြန်ဖွင့်ပြမှာပဲ … Non-CDM တွေကလည်း လာတက်/လာသင်ကြမှာပဲ .. ခက်တာက တက်မယ့်ကျောင်းသားမရှိတော့တာ … ရှိလည်း 10% အောက်ပဲ။

MWD / MRTV ထဲမှာတော့ ပြန်ဖွင့်တဲ့အချိန် စည်စည်ကားကားဖြစ်အောင် တပ်ထဲကလူတွေ ထည့်ရိုက်တာမျိုး .. အပြင်က သူတို့ခိုင်းလို့ရတဲ့လူတွေကို စာသင်ခန်းထဲထိုင်ခိုင်းပြီး ရိုက်ပြတာမျိုး လုပ်မှာပဲ ( ဒါက သူတို့လုပ်နေကြ )

online က သင်နေပါတယ်ဆိုတဲ့ ကျားကန်ကန်ပြီးဖွင့်နေတဲ့ ဘာကျူရှင်/ညာကျူရှင်တွေလည်း တောင့်မခံနိုင်တော့လို့ ပိတ်လိုက်ကြပြီ။ ကိုယ်ပိုင်ကျောင်းတချို့လည်း ပြန်ရောင်းတဲ့သူကရောင်းနေကြပြီ။

CDM ဆရာ/ဆရာမတွေလည်း ပြေးတဲလူကပြေး … ဈေးရောင်းတဲ့လူကရောင်းနေကြပြီ… ကျူရှင်ဆရာတချို့လည်း ကားဆွဲ/ဈေးရောင်းလုပ်နေရပြီ။

နိုင်ငံခြားကျောင်းတချို့ပဲ ပုံမှန်ဆက် run နေကြတယ်။ ဒါကလည်း အင်တာနက်အခြေအနေ နိုင်ငံရေးအခြေအနေအပေါ် အကုန်မှီခိုနေကြတော့ သူတို့လည်း ခပ်ယဲ့ယဲ့နဲ့ ခပ်လှုပ်လှုပ်ပဲ။

ဒီလိုကာလမျိုးမှာ စားဝတ်နေရေးမပူပန်ရဘဲ ရွှေပေါ်မြတင်အထားခံရတဲ့ကလေးတွေလေက်သာ online learning တွေနဲ့သင် ဆရာတွေအိမ်ခေါ်သင်ပြီး ပညာရေးနဲ့မပြတ်အောင် ထားနိုင်တာ… ( ဒါကလည်း ၁% လောက်ပဲ )

ကျန်တဲ့တနိုင်ငံလုံးက သာမန်လူတန်းစားက ကလေးတွေကတော့ အိမ်ထဲနေရင်း အသက်ကြီးခံနေကြရုံပေါ့… Game ဆော့ ဖုန်းပွတ်နဲ့ပဲ အချိန်ကုန်ကြရုံပေါ့… အရွယ်နည်းနည်းရလာတဲ့ကလေးတွေကတော့ ဝင်ငွေလေးဘာလေးရဖို့ နေ့စားလုပ်ဖို့ထွက်ကြရုံပေါ့

တောထဲရွာထဲကကလေးတွေကတော့ အိုးပစ်အိမ်ပစ်ပြီး အသက်လုပြေးနေရတုန်း ကျောင်းတက်ဖို့ အသာထား စားဖို့နဲ့အိပ်ဖို့တောင်နေရာရှာနေရတုန်း .. အသက်မသေအောင် ပြေးလွှားနေရတုန်း…

သူတို့ကတော့ အေးဆေးပဲ … တက်မယ့်သူမရှိတဲ့ကျောင်းတွေပိတ်ပြီး ဖြေမယ့်သူမရှိတဲ့ စာမေးပွဲတွေကို ပုံမှန်ကျင်းပပေးနေရုံပဲ

ပညာတတ်တွေမထွက်လာလေလေ သူတို့ကြိုက်လေလေပဲမဟုတ်လား… ။

Credit : Min Yel Kyaw Swar’s Facebook