ပိုက်ဆံချွေတာတဲ့အနေနဲ့ အိမ်မှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ မီးဖိုချောင်ထဲက ဟင်းသီးဟင်းရွက်များ

ပိုက်ဆံချွေတာရင်း မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာအောင် အိမ်မှာပဲ သီးပင်စားပင်လေးတွေ စိုက်ကြမယ်

အိမ်တွင်းမှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်များဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေးတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။

တချို့ဟင်းသီးဟင်းရွက်တွေဟာဆိုရင်ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။

မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခုလို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

ကြက်သွန်မြိတ်

စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့ ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆိုရင်နောက်ထပ်ဝယ်ဖို့ကိုတွေးမိမှာမဟုတ်တော့ပါဘူး။

ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီးတော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာရေလက်မတစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။

နေရောင်နွေးနွေးလေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်လောက်ကြာရင်ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်လေးတွေကို အနှေးနဲ့အမြန်မြင်တွေ့ရမှာပါပဲ။

စပါးလင်

ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံးထဲမှာရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း အပင်ပေါက်လာတာကိုမြင်တွေ့ရမှာပါ။

ငရုတ်ပွသီး

ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာမြေကြီးနဲ့အတူမြုပ်ကာနေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

ထောပတ်သီး

ထောပတ်သီးအစေ့ကိုရေဆေးပြီးဘေးပတ်ပတ်လည်ကနေ သွားကြားထိုးတံလေးချောင်းထိုးပေးကာရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။

နေရောင်အောက်မှာထားပေးပြီးနှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်အနည်း ငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

ဂျင်း

ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ် အိုးတစ်လုံးထဲမှာမြေကြီးထည့်ကာနှစ်လက်မလောက်နက်တဲ့အထိ ထိုးထည့်လိုက်ပါ။

ရေမှန်မှန်လောင်းပြီးတော့နေရောင်မရှိတဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှာဖြစ်ပါတယ်။

Zawgyi

ပိုက္ဆံေခြၽတာရင္း မီးဖိုေခ်ာင္ထဲမွာ အမႈိက္ေတြပြတာလည္း သက္သာေအာင္ အိမ္မွာပဲ သီးပင္စားပင္ေလးေတြ စိုက္ၾကမယ္

အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္း႐ြက္မ်ားဟင္းသီးဟင္း႐ြက္ေတြကို လွီးခြၽတ္ၿပီးလို႔ ပိုေနတဲ့ အပိုင္းအစေလးေတြကို ခ်က္ခ်င္းလႊင့္မပစ္လိုက္ပါနဲ႔။

တခ်ိဳ႕ဟင္းသီးဟင္း႐ြက္ေတြဟာဆိုရင္ျပန္ၿပီးေတာ့ကို စိုက္ပ်ိဳးၿပီး စားသုံးလို႔ရႏိုင္တာေၾကာင့္ ပိုက္ဆံလည္းေခြၽတာရင္း
အပ်င္းလည္းေျပရင္းျဖစ္ေအာင္ အပင္ေလးေတြ စိုက္ၾကည့္လိုက္ပါ။

မီးဖိုေခ်ာင္ထဲမွာ အမႈိက္ေတြပြတာလည္း သက္သာတဲ့အျပင္ အခုလို ပိုးသတ္ေဆးေတြ အလြန္အက်ဴးသုံးေနခ်ိန္မွာ က်န္းမာေရးထိခိုက္မွာလည္း စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။

ၾကက္သြန္ၿမိတ္

စိုက္ရတာအလြယ္ဆုံးနဲ႔ အျမန္ဆုံးအေပါက္လြယ္တဲ့ ဟင္းသီး ဟင္း႐ြက္တစ္မ်ိဳးျဖစ္ၿပီးေတာ့ အိမ္မွာစိုက္ထားမယ္ဆိုရင္ေနာက္ထပ္ဝယ္ဖို႔ကိုေတြးမိမွာမဟုတ္ေတာ့ပါဘူး။

ၾကက္သြန္ၿမိတ္အပင္ေအာက္ေျခကို အျမစ္ေတြပါအပါခ်န္ၿပီးေတာ့ ခရားတစ္ခု သို႔မဟုတ္ ဖန္ခြက္တစ္လုံးထဲမွာေရလက္မတစ္ဝက္ေလာက္ျဖည့္ၿပီး ထည့္ထားလိုက္ပါ။

ေနေရာင္ေႏြးေႏြးေလးေအာက္မွာ ထားေပးလိုက္ၿပီး သုံးေလးရက္ေလာက္ၾကာရင္ေရအသစ္လဲေပးမယ္ဆိုရင္ေတာ့ အပင္ေပါက္ေလးေတြကို အေႏွးနဲ႔အျမန္ျမင္ေတြ႕ရမွာပါပဲ။

စပါးလင္

ၾကက္သြန္ၿမိတ္ေတြလိုပဲ အျမစ္နားေအာက္ေျခကို ဖန္ခြက္တစ္လုံးထဲမွာေရနည္းနည္းနဲ႔အတူထားမယ္ဆိုရင္ ရက္တိုအတြင္း အပင္ေပါက္လာတာကိုျမင္ေတြ႕ရမွာပါ။

င႐ုတ္ပြသီး

င႐ုတ္ပြသီးေတြထဲက အေစ့ေတြကို ပန္းအိုးတစ္လုံးထဲမွာေျမႀကီးနဲ႔အတူျမဳပ္ကာေနေရာင္ျခည္ေအာက္မွာ တိုက္႐ိုက္ထားေပးပါ။

ေထာပတ္သီး

ေထာပတ္သီးအေစ့ကိုေရေဆးၿပီးေဘးပတ္ပတ္လည္ကေန သြားၾကားထိုးတံေလးေခ်ာင္းထိုးေပးကာေရထည့္ထားတဲ့ဖန္ခြက္တစ္လုံးထဲမွာ ဟန္ခ်က္ညီေအာင္ထည့္ေပးပါ။

ေနေရာင္ေအာက္မွာထားေပးၿပီးႏွစ္ရက္တစ္ခါေရလဲပါ။ ရက္သတၱပတ္အနည္း ငယ္ၾကာတဲ့ေနာက္ အေစ့ကြဲကာ ႐ိုးတံေလးထြက္လာမွာျဖစ္ပါတယ္။

ဂ်င္း

ဂ်င္းကိုဖန္ခြက္တစ္လုံးထဲမွာ တစ္ညေရစိမ္ပါ။ အဝက်ယ္က်ယ္ အိုးတစ္လုံးထဲမွာေျမႀကီးထည့္ကာႏွစ္လက္မေလာက္နက္တဲ့အထိ ထိုးထည့္လိုက္ပါ။

ေရမွန္မွန္ေလာင္းၿပီးေတာ့ေနေရာင္မရွိတဲ့ေနရာမွာထားေပးပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အပင္ေပါက္လာမွာျဖစ္ၿပီး သုံးေလးလၾကာရင္ေတာ့ စားသုံးႏိုင္မွာျဖစ္ပါတယ္။