သီပေါမင်းရဲ့ ရင်သွေးကိုလွယ်ထားပါလျက်နှင့် ဘာကြောင့် ဒိုင်းခင်ခင် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရင်းအမှန်

သီပေါမင်းရဲ့ ရင်သွေးကိုလွယ်ထားပါလျက်နှင့် ဘာကြောင့် ဒိုင်းခင်ခင် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရင်းအမှန်

သီပေါ မင်း သည် စုဖုရားလတ်တစ်လင်တစ်မယားစနစ်၏ ပြင်းထန်သော အပြစ်ပေးမှုများအားသိရှိပါသော်လည်း…… အသက် ၁၇ နှစ်အရွယ်ရှိမိန်းမချောလေး ဒိုင်းခင်ခင် အား ချစ်ခင်စုံမက်ပါသောကြောင့် မြောက်နန်းစံမိဖုရားအဖြစ်တင်မြောက်လိုသည်ဟု ဆိုလာသည်။

သို့သော် ဒိုင်းခင်ခင် ၏မိဘများသည် စုဖုရားလတ်၏ အန္တရာယ်ကို ကြောက်လှပါကြောင်း လျှောက်တင်သည့်အခါ …. သီပေါမင်းသည်… မိမိတာဝန်ယူကြောင်း စုဖုရားလတ် အားတဖြည်းဖြည်း ပြော၍အသိပေး သွားမည်ဖြစ်ကြောင်းနှင့်

အကယ်၍ ဒိုင်းခင်ခင် အပေါ်၌စုဖုရားမှ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်စေခဲ့ပါမူ … …. မိမိသ ည် ထီးနန်း အား လက်လွှတ် ဆုံးရှုံးစေပြီး တိုင်းပြည် ပျက်ပါစေကြောင်း ကတိသစ္စာ ကျိန်ဆိုခဲ့ပါသည်….။

စုဖုရားလတ်တွင် ဒုတိယသမီးတော်ဖွားမြင်ပြီး နောက်ပိုင်းမှာ သီပေါမင်းမှ ဒိုင်းခင်ခင်အား ချစ်ခင်စုံမက်ကြောင်း မြောက်နန်းစံ ထားလိုကြောင်း စုဖုရားအား ဖွင့်ပြောလိုက်စဉ် အမြတ်တော်ရှသော်လည်း

ချက်ချင်းထိန်းကာ အခြေနေအား စောင့်ကြည့်ရင်း ….သီပေါမင်းတိုင်းပြည်ရေး အနည်းငယ် စိတ်ထွေနေချိန်တွင် စုဖုရား သည် ဒိုင်းခင်ခင် အား ကွက်မျက်စေခဲ့သည်။ဒိုင်းခင်ခင် အား နန်းဝတ်နန်းစားများအား ချွတ်စေပြီး မြေပြင်တွင်ဒူးထောက်ကာ လက်ပြန်ကြိုးတုတ် ဦးခေါင်း အားမော့စေပြီး ၀ါးစိမ်းဒုတ်ဖြင့် လည်မြိုအားရိုက်ကာ ကွက်မျက်မိန့်ချခဲ့သည်။

ထိုချိန်တွင်ဒိုင်းခင်ခင်၏နောက်ဆုံးဆန္ဒအား ပြောခွင့်ပေးရာတွင် သီပေါဘုရင် မျက်နှာတော်အား တကြိမ်မျှဖူးခွင့် တောင်းခံခဲ့သည်…။ သို့သော်…သီပေါမင်းမှလာရောက်ဖူးမျှော်ခွင့်မပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ မိမိ ကျိန်ဆိုခဲ့သည် များကိုလဲ ဥပက္ခာပြုခဲ့သည်။

ဒိုင်းခင်ခင်မှ မိဘ များခြေနေမေးမြန်းခဲ့ရာတွင် အဆင်ပြေကြကြောင်းသတင်းစကားရရှိပါသော်လည်း…ထိုအချိန်တွင် ဒိုင်းခင်ခင် ၏ မိဘ များအား စုဖုရားလတ် အမိန့်တော် နှင့်ကွပ်မျက်ခဲ့ပြီး ဖြစ်သည်။ ဒိုင်းခင်ခင် သိမသွားခဲ့ရှာပေ…။

ဒိုင်းခင်ခင်မှ မိမိ သည် သီပေါမင်း ၏ ကိုယ်ဝန် အားဆောင်ထားချိန် ဖြစ်ပါသောကြောင့် ရင့်မာနေသော ကိုယ်ဝန်အား မီးရှူးသန့်စင်မွေးပြီးပါမှ ကွပ်မျက်ပါရန် တောင်ဆိုခဲ့ပါသည်။ …

တိုင်တားမင်းကြီးမှလည်း ဘုရင့်သွေးသားတော် အား ကွပ်မျက်ခဲ့သော် တိုင်းပြည်ပျက်တတ် သောအယူရှိကြောင်း သံတော်ဦးတင် လျှောက်ထားပါသော်လည်း စုဘုရား၏ အမိန့်အာဏာအားမလွန်ဆန်နိုင်သော သီပေါမင်းမှာ တားဆီးခဲ့ခြင်းမရှိပေ…။

(ထိုစဉ် နန်းတွင်းပုရောဟိတ်များမှ ဒိုင်းခင်ခင် သည် သီပေါမင်း အား သားတော်လေး ဖွားမြင်ပေးမည်ဖြစ်ပြီး ထိုသားတော်လေးသည် ထီးမွေနန်းမွေဆက်ခံ မည်ဖြစ်ပြီး တိုင်းပြည်သာယာဝ ပြောစည်ပင်တိုးတတ်အံ့ဟု နိမိတ်ဖတ်ခဲ့သည်။)

ထိုနိမိတ်ကြောင့် သမီးတော်များသာ မွေးထားသောစုဖုရားသည် မိမိနေရာအာဏာ မရတော့သည်များအား စိုးရိမ်ကြီးကာ တိုင်တားမင်းကြီး တားနေသည့်ကြားမှ ဒိုင်းခင်ခင် အား အမြန်ကွက်မျက်စေခဲ့သည်။

ဒိုင်းခင်ခင် မှ ကံတော်မကုန်ခင်အချိန်တွင်းတွင် မိမိအားသစ္စာကျိန်ဆိုသိမ်းပိုက်ခဲ့သော မိမိ ချစ်မြတ်နိုးရပါသော သီပေါဘုရင် အား ရည်မှန်းဦးချခဲ့ပြီး သစ္စာများမစူးရှပါစေရန် မျက်ရည်များဖြင့်ဆုတောင်းခဲ့သည်…။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ညတွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ခဲ့သည်။ ထူးခြားဖြစ်စဉ်များမှာ မုန်းတိုင်းကျရောက်ခဲ့ပြီး တစ်ညလုံးနီးပါးကောင်းကင်ယံမှ ကြယ်များတဖြုတ်ဖြုတ်ကြွေခဲ့သည်။

သဘာဝတရားကြီးကပင်လျှင် ကုန်းဘောင်မင်းဆက် မလှမပ အဆုံးသတ်ခြင်းကို ငိုကြွေးနေသယောင် ထင်ရသည်….။ … ၁၈၈၅ ခုနှစ် နိုင်ဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မြန်မာဘုရင် အရှင်နှစ်ပါးအား အိန္ဒိယနိုင်ငံသို့ သူရိယသဘောင်္ဖငြ့် ပင့်ဆောင်ခေါ်ယူလာခဲ့ပြီး မြန်မာ ကုန်းဘောင် ဘုရင်စနစ် ပြတ်တောက်ခဲ့သည်။

… လွန်ခဲ့သော ၂၀၁၆ နိုဝင်ဘာ ၂၉ ရက်… သီပေါမင်း နှင့် စုဖုရား ပါတော်မူခဲ့သည့်နေ့မှ နှစ်ပေါင်း ( ၁၃၁ ) တိတိတိုင်ခဲ့ပါပြီ..။

Credit shwewiki

ကိုးကား ။ ။ The King In Exile (ဘာသာပြန် ) နှင့် ချစ်မိမှားသူ ဒိုင်းခင်ခင်နှင့် နန်းတွင်း လျှို့ဝှက်ဇာတ်လမ်းများ