
အဆီအဆိမ့်များတဲ့ ဒံပေါက် ၊ အုန်းနို. ၊ မျှစ်ချဉ် ၊တညင်းသီး တို့ကိုအန္တရာယ်ကင်းအောင် စားသုံးနည်း
အန္တရာယ်ကင်းအောင် စားသောက်နည်းများ
၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင် ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ)
ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။
၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည် များကို အရင်သောက် ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ် ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။
၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်း ပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲ နေက အန္တရာယ် ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ် ထဲသို့ သံပုရာရည် အနှံ့ ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ် ကြိုက် ချက်စားပါ။
သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီးမွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွား ပါသည်။
၄။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ် ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာ ပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက် သလို သုပ်စားပါ။
၅။အထက်အညာ ဒေသ အိမ်ရှင်မ များသည် မန်းကျည်းသီး စိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ် များကို ဓားနှင်.ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။
၆။လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြား ကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွ လာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။
ရေခန်းမှ ချ၍ သုံးဆောင်ပါ။အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။ တနည်းမှာဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။
အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
Crd