“ဘာမှမလုပ်ရပါဘဲနဲ့ မြန်မာပြည်သူတွေ ၈လအတွင်း ထက်ဝက်ဆင်းရဲသွားပြီ” ဖြစ်ကြောင်း ရှင်းပြလာတဲ့ ပန်ဆယ်လို

“ဘာမှမလုပ်ရပါဘဲနဲ့ မြန်မာပြည်သူတွေ ၈လအတွင်း ထက်ဝက်ဆင်းရဲသွားပြီ” ဖြစ်ကြောင်း ရှင်းပြလာတဲ့ ပန်ဆယ်လို

ဒေါ်လာဈေး ၂၇၀၀ ဖြစ်သွားပြီ။ ဇန်နဝါရီလက ဒေါ်လာဈေး ၁၃၅၀၊ MaALoe အာဏာရူးမှ ၂၇၀၀ ဖြစ်ပြီ။

ငွေတန်ဖိုးက တစ်ဝက်တိတိကျသွားပြီ။ အရင် သိန်း၁၃၅၀ ရှိရင် ဒေါ်လာတစ်သိန်းနဲ့ညီတယ်။ အခု သိန်း၁၃၅၀ ရှိရင် ဒေါ်လာငါးသောင်းပဲ ပိုင်တော့တယ်။

အရင် ၁၃၅သိန်းရှိရင် ဒေါ်လာတစ်သောင်းပိုင်ပြီး အခု ၁၃၅သိန်းရှိရင် ဒေါ်လာ၅၀၀၀ ပဲ ရှိတော့တယ်။ထပ်သိသာအောင်ပြောရရင် ကိုယ့်မှာ ၁၃၅သိန်းတန် ကားလေးရှိရင် ဒေါ်လာတစ်သောင်းပိုင်ပြီး အခု ငါးထောင်ပဲ တန်တော့တာ။

ဘာမှမလုပ်ရပါဘဲနဲ့ မြန်မာပြည်သူတွေ ၈လအတွင်း ထက်ဝက်ဆင်းရဲသွားပြီ။ ဒီငွေတွေ ဘယ်ကို အငွေ့ပျံပျောက်သွားလဲ မေးစရာရှိတယ်။ အများကြီးလျှောက်ခေါင်းမစားနဲ့။ MaALoeတွေ အိတ်ကပ်ထဲ ရောက်သွားတာ။

မြန်မာငွေတွေရိုက်ထုတ်တယ်။ ဗဟိုဘဏ်က တိုင်းပြည်ဘဏ္ဍာအဖြစ် ထိန်းသိမ်းထားရမယ့် ဒေါ်လာသန်းပေါင်းများစွာ ထုတ်ရောင်းတယ်။

ထုတ်ရောင်းတယ်ဆိုပြီး ဈေးကွက်ထဲမရောက်ဘူး။ သူတို့ဖာသာ ရိုက်ထုတ်ထားတဲ့ မြန်မာငွေတွေနဲ့ ဒေါ်လာကို လဲယူလိုက်တယ်။ ဒါပဲ။

ဒေါ်လာဈေးတက်တာကို တမင်လွှတ်ထားတာ။ တိုင်းပြည်အပေါ် စောက်စေတနာ တစ်စက်မှ မရှိဘဲ ရဖို့ဝဖို့ အမဲဖျက်နေတဲ့ ကမကလတွေ။

တော်လှန်ရေးဘက်ခြမ်းမှာ ပြည်သူတွေလှူလိုက်တဲ့ ငွေကြေးသည်လည်း အလားတူပဲ။ တစ်သိန်းလှူပေမယ့် ငါးသောင်းပဲ တန်တယ်။ သိန်းတစ်ရာပို့ပေမယ့် သိန်းငါးဆယ်ပဲ တန်ကြေးရှိတော့တယ်။

တော်လှန်ရေးအတွက် လိုအပ်နေတဲ့ အတိုအရှည် အတောင့် အစေ့တွေက ပြည်ပက ဝယ်ရတာ။ အဲ့တော့ လိုအပ်ချက်တွေ ပိုများလာပြီ။ အဲ့လိုဖြစ်အောင် စကစက တမင်လုပ်ထားတာ။

ဆုံးဖြတ်ရမယ့်အချိန် ဖြစ်လာပြီ။ ငွေကြေးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တန်ဖိုးဆုံးရှုံးနေတာကို ထိုင်ကြည့်မလား။ မအလတွေ အိတ်ကပ်ထဲရောက်နေတာကို ထိုင်ကြည့်နေကြမလား။ ဒီပွဲအမြန်ပြီးဖို့ ပိုပိုအားစိုက် ကူညီကြမလား။

တိုင်းပြည်က ပျက်တော့မှာလို့ ထိုင်တွေးမနေနဲ့။ ပျက်ကို ပျက်နေပြီ။ အားလုံးဟာ သင်္ဘောကြီး တစ်စီးတည်းပေါ်မှာ။ လှေဝမ်းက ပေါက်နေပြီ။ ပေါက်နေတာကို ဖာဖို့ ကိုယ့်ပစ္စည်းတွေသုံးပြီး ပိတ်ဆို့ရတော့မယ်အချိန်မှာ ငါ့ဥစ္စာလေး အပါမခံနိုင်ဘူးဆိုပြီး အထုတ်ပိုက်ထားလည်း နစ်တဲ့အခါ အကုန်အတူတူပဲပါမှာ။

တော်လှန်စရာကလွဲရင် ဘာမှလုပ်စရာမရှိတော့တဲ့ အချိန်ကို ရောက်လာအောင် မင်းအောင်လှိုင်တို့ MaALoe တစ်သိုက်ကပဲ တွန်းပို့ပေးလိုက်ပြီ။

ရုန်းကန်တော့မလား … ကြုံးခံတော့မလား … ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မေးကြပါတော့။

———

“ဘာမွမလုပ္ရပါဘဲနဲ႔ ျမန္မာျပည္သူေတြ ၈လအတြင္း ထက္ဝက္ဆင္းရဲသြားၿပီ” ျဖစ္ေၾကာင္း ရွင္းျပလာတဲ့ ပန္ဆယ္လို

ေဒၚလာေစ်း ၂၇၀၀ ျဖစ္သြားၿပီ။ ဇန္နဝါရီလက ေဒၚလာေစ်း ၁၃၅၀၊ MaALoe အာဏာ႐ူးမွ ၂၇၀၀ ျဖစ္ၿပီ။

ေငြတန္ဖိုးက တစ္ဝက္တိတိက်သြားၿပီ။ အရင္ သိန္း၁၃၅၀ ရွိရင္ ေဒၚလာတစ္သိန္းနဲ႔ညီတယ္။ အခု သိန္း၁၃၅၀ ရွိရင္ ေဒၚလာငါးေသာင္းပဲ ပိုင္ေတာ့တယ္။

အရင္ ၁၃၅သိန္းရွိရင္ ေဒၚလာတစ္ေသာင္းပိုင္ၿပီး အခု ၁၃၅သိန္းရွိရင္ ေဒၚလာ၅၀၀၀ ပဲ ရွိေတာ့တယ္။ထပ္သိသာေအာင္ေျပာရရင္ ကိုယ့္မွာ ၁၃၅သိန္းတန္ ကားေလးရွိရင္ ေဒၚလာတစ္ေသာင္းပိုင္ၿပီး အခု ငါးေထာင္ပဲ တန္ေတာ့တာ။

ဘာမွမလုပ္ရပါဘဲနဲ႔ ျမန္မာျပည္သူေတြ ၈လအတြင္း ထက္ဝက္ဆင္းရဲသြားၿပီ။ ဒီေငြေတြ ဘယ္ကို အေငြ႕ပ်ံေပ်ာက္သြားလဲ ေမးစရာရွိတယ္။ အမ်ားႀကီးေလွ်ာက္ေခါင္းမစားနဲ႔။ MaALoeေတြ အိတ္ကပ္ထဲ ေရာက္သြားတာ။

ျမန္မာေငြေတြ႐ိုက္ထုတ္တယ္။ ဗဟိုဘဏ္က တိုင္းျပည္ဘ႑ာအျဖစ္ ထိန္းသိမ္းထားရမယ့္ ေဒၚလာသန္းေပါင္းမ်ားစြာ ထုတ္ေရာင္းတယ္။

ထုတ္ေရာင္းတယ္ဆိုၿပီး ေစ်းကြက္ထဲမေရာက္ဘူး။ သူတို႔ဖာသာ ႐ိုက္ထုတ္ထားတဲ့ ျမန္မာေငြေတြနဲ႔ ေဒၚလာကို လဲယူလိုက္တယ္။ ဒါပဲ။

ေဒၚလာေစ်းတက္တာကို တမင္လႊတ္ထားတာ။ တိုင္းျပည္အေပၚ ေစာက္ေစတနာ တစ္စက္မွ မရွိဘဲ ရဖို႔ဝဖို႔ အမဲဖ်က္ေနတဲ့ ကမကလေတြ။

ေတာ္လွန္ေရးဘက္ျခမ္းမွာ ျပည္သူေတြလႉလိုက္တဲ့ ေငြေၾကးသည္လည္း အလားတူပဲ။ တစ္သိန္းလႉေပမယ့္ ငါးေသာင္းပဲ တန္တယ္။ သိန္းတစ္ရာပို႔ေပမယ့္ သိန္းငါးဆယ္ပဲ တန္ေၾကးရွိေတာ့တယ္။

ေတာ္လွန္ေရးအတြက္ လိုအပ္ေနတဲ့ အတိုအရွည္ အေတာင့္ အေစ့ေတြက ျပည္ပက ဝယ္ရတာ။ အဲ့ေတာ့ လိုအပ္ခ်က္ေတြ ပိုမ်ားလာၿပီ။ အဲ့လိုျဖစ္ေအာင္ စကစက တမင္လုပ္ထားတာ။

ဆုံးျဖတ္ရမယ့္အခ်ိန္ ျဖစ္လာၿပီ။ ေငြေၾကးေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး တန္ဖိုးဆုံးရႈံးေနတာကို ထိုင္ၾကည့္မလား။ မအလေတြ အိတ္ကပ္ထဲေရာက္ေနတာကို ထိုင္ၾကည့္ေနၾကမလား။ ဒီပြဲအျမန္ၿပီးဖို႔ ပိုပိုအားစိုက္ ကူညီၾကမလား။

တိုင္းျပည္က ပ်က္ေတာ့မွာလို႔ ထိုင္ေတြးမေနနဲ႔။ ပ်က္ကို ပ်က္ေနၿပီ။ အားလုံးဟာ သေဘၤာႀကီး တစ္စီးတည္းေပၚမွာ။ ေလွဝမ္းက ေပါက္ေနၿပီ။ ေပါက္ေနတာကို ဖာဖို႔ ကိုယ့္ပစၥည္းေတြသုံးၿပီး ပိတ္ဆို႔ရေတာ့မယ္အခ်ိန္မွာ ငါ့ဥစၥာေလး အပါမခံႏိုင္ဘူးဆိုၿပီး အထုတ္ပိုက္ထားလည္း နစ္တဲ့အခါ အကုန္အတူတူပဲပါမွာ။

ေတာ္လွန္စရာကလြဲရင္ ဘာမွလုပ္စရာမရွိေတာ့တဲ့ အခ်ိန္ကို ေရာက္လာေအာင္ မင္းေအာင္လႈိင္တို႔ MaALoe တစ္သိုက္ကပဲ တြန္းပို႔ေပးလိုက္ၿပီ။

႐ုန္းကန္ေတာ့မလား … ႀကဳံးခံေတာ့မလား … ကိုယ့္ကိုယ္ကိုယ္ ေသေသခ်ာခ်ာ ေမးၾကပါေတာ့။

ပန်ဆယ်လို