ဘုရားမှာ တန်ဖိုးရှိတဲ့ အရာတွေ ထည့်သွင်း ဌာပနာကြရတဲ့ အကြောင်း

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ ထည့်သွင်းထားတာတုန်း။ တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ။

ဘုရားထဲမှာ ဌာပနာတယ်။ ဌာပနာဆိုတာ…ထည့်သွင်းတာ၊ ထည့်သွင်းခြင်း တည်ထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း။ နိုင်ငံခြားသားတွေ အမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးလို့ ပြောမှာပေါ့နော်။

ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း။ ဘုရားရုပ်ပွား ဆင်းတုတော် ထည့်တာတော့ထားပါတော့။ ရတနာတွေ ထည့်တယ်။ အခုခေတ်လည်း ထည့်တာပဲ။

ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။ ဘာအတွက် ထည့်တာလဲဆိုတော့ ကြည်ညိုလို့ လှူတာပဲ သိတယ်။

သို့သော်…တကယ့်အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။

ဓာတ်တော်တွေက ရှစ်ပြည်ထောင်တောင်ရောက်သွားတယ်။ ဒီဓာတ်တော်တွေကို အန္တရာယ်ဖြစ်မှာစိုးလို့အရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့ဓာတ်တော်တိုက်ကြီး တစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်တဲ့။

အဲဒီလို စုထည့်ထားပြီး အင်မတန် တန်ဖိုးရှိတဲ့ ပတ္တမြား တစ်လုံးကို အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်။

နောင်တစ်ချိန်ကျရင်… ဒီဓာတ်တော်တိုက်ကြီး ပျက်စီးသွားရင်ပြင်ဆင်ဖို့အတွက် ငွေကြေး မတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ… သင်္ခါရသဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ။

maintenance လိုတယ်လေ။ maintenance အတွက် ထည့်ခဲ့တာ။ ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတယ်ပေါ့။

maintenance အတွက် deposit လုပ်ထားခဲ့တာ။ ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့။ အဲဒီ ရည်ရွယ်ချက်ပဲ။

နောက်ပိုင်းကျတော့… ဒီရည်ရွယ်ချက်က တဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲ။

မြန်မာပြည်မှာ…ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ ရှိကြတယ်လေ။ ဘုရားတံတိုင္းတို့ ဘာတို့ ညာတို့ အကုန်လုံးပေါ့။

ကုသိုလ်ရှင်တွေ ဘာလို့ ထိုးတာတုန်း-? နာမည် ကြော်ငြာတာလား။ ရည်ရွယ်ချက်က ဘာလဲ။

ကိုယ့်ကို လူသိစေချင်လို့ ထိုးတာလား။ မသိလည်း ဘာဖြစ်လဲ-? လှူတာက လှူတာပဲပေါ့။

အဲဒီတော့ ဆိုင်းဘုတ်ထိုးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့။

ဒါ့ကြောင့်မို့…ရှေးတုန်းက မိသားစုကောင်းမှုဆိုတာရဲ့ နောက်မှာ… နတ်လူ သာဓုခေါ်စေသော် ဆိုတာလေး ပါတယ်။

အခုခေတ်ကတော့…အဲဒီ နတ်လူသာဓု ခေါ်စေသော်ဆိုတာလေးပျောက်သွားပြီး နာမည်ကြော်ငြာတာ ဖြစ်သွားတယ်။

ဒါက ပြောင်းလဲလာတဲ့ သဘောပေါ့နော်။ မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့ သဘောဟာ ဒီလိုပဲ ရှိတယ်ပေ့ါ။

စပြီးလုပ်တဲ့ အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်။ အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ နောက်ပိုင်း အဓိပ္ပါယ် မသိတော့ဘူး။

တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

——-

Zawgyi

ဘုရားထဲမွာ တန္ဖိုးရွိတဲ့ အရာေတြ ဘာလို႔ ထည့္သြင္းထားတာတုန္း။ တစ္ခ်ိဳ႕လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာ။

ဘုရားထဲမွာ ဌာပနာတယ္။ ဌာပနာဆိုတာ…ထည့္သြင္းတာ၊ ထည့္သြင္းျခင္း တည္ထားျခင္းလို႔ အဓိပၸါယ္ရပါတယ္။

အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာ ထည့္ၾကတာတုန္း။ ႏိုင္ငံျခားသားေတြ အျမင္နဲ႔ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိဘူးလို႔ ေျပာမွာေပါ့ေနာ္။

ဒါေတြထည့္လိုက္လို႔ဘာအက်ိဳးရွိမွာတုန္း။ ဘုရား႐ုပ္ပြား ဆင္းတုေတာ္ ထည့္တာေတာ့ထားပါေတာ့။ ရတနာေတြ ထည့္တယ္။ အခုေခတ္လည္း ထည့္တာပဲ။

ၾကည္ညိဳတဲ့ပုဂၢိဳလ္ေတြက ကိုယ့္သဒၶါတရားနဲ႔ ကိုယ္ ထည့္ၾကတယ္။ ဘာအတြက္ ထည့္တာလဲဆိုေတာ့ ၾကည္ညိဳလို႔ လႉတာပဲ သိတယ္။

သို႔ေသာ္…တကယ့္အစစ္အမွန္က ရည္႐ြယ္ခ်က္ ရွိတယ္။ ျမတ္စြာဘုရား ပရိနိဗၺာန္စံတဲ့အခါ ဘုရားရဲ႕ ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကို ခြဲေဝၿပီး ေပးလိုက္တယ္။

ဓာတ္ေတာ္ေတြက ရွစ္ျပည္ေထာင္ေတာင္ေရာက္သြားတယ္။ ဒီဓာတ္ေတာ္ေတြကို အႏၲရာယ္ျဖစ္မွာစိုးလို႔အရွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႔ တိုင္ပင္ၿပီးေတာ့ဓာတ္ေတာ္တိုက္ႀကီး တစ္ခုလုပ္ၿပီး ဓာတ္ေတာ္ေတြ စုထည့္ထားတယ္တဲ့။

အဲဒီလို စုထည့္ထားၿပီး အင္မတန္ တန္ဖိုးရွိတဲ့ ပတၱျမား တစ္လုံးကို အဲဒီထဲမွာ ထည့္ထားၿပီး စာေရးထားတယ္။

ေနာင္တစ္ခ်ိန္က်ရင္… ဒီဓာတ္ေတာ္တိုက္ႀကီး ပ်က္စီးသြားရင္ျပင္ဆင္ဖို႔အတြက္ ေငြေၾကး မတတ္ႏိုင္ဘူးဆိုရင္ ဒီပတၱျမားတုံးႀကီးကို ေရာင္းခ်ၿပီး ျပဳျပင္ပါတဲ့။

အဲဒီေတာ့ ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ဟာ… သခၤါရသေဘာတရားအရ တစ္ေန႔က် ပ်က္မွာပဲ။

maintenance လိုတယ္ေလ။ maintenance အတြက္ ထည့္ခဲ့တာ။ ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္႐ြယ္ခ်က္ ေကာင္းတယ္ေပါ့။

maintenance အတြက္ deposit လုပ္ထားခဲ့တာ။ ဒါေတြကိုယူၿပီး ဘုရားျပင္ရမယ္ေပါ့။ အဲဒီ ရည္႐ြယ္ခ်က္ပဲ။

ေနာက္ပိုင္းက်ေတာ့… ဒီရည္႐ြယ္ခ်က္က တျဖည္းျဖည္း ေပ်ာက္လာတဲ့ သေဘာပဲ။

ျမန္မာျပည္မွာ…ကုသိုလ္ရွင္ေတြ ဆိုင္းဘုတ္ ထိုးေလ့ ရွိၾကတယ္ေလ။ ဘုရားတံတိုင္းတို႔ ဘာတို႔ ညာတို႔ အကုန္လုံးေပါ့။

ကုသိုလ္ရွင္ေတြ ဘာလို႔ ထိုးတာတုန္း-? နာမည္ ေၾကာ္ျငာတာလား။ ရည္႐ြယ္ခ်က္က ဘာလဲ။

ကိုယ့္ကို လူသိေစခ်င္လို႔ ထိုးတာလား။ မသိလည္း ဘာျဖစ္လဲ-? လႉတာက လႉတာပဲေပါ့။

အဲဒီေတာ့ ဆိုင္းဘုတ္ထိုးျခင္းရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲဆိုရင္ အမွ်ေဝတဲ့သေဘာ၊ ျမင္တဲ့ပုဂၢိဳလ္က သာဓုေခၚရေအာင္လို႔။

ဒါ့ေၾကာင့္မို႔…ေရွးတုန္းက မိသားစုေကာင္းမႈဆိုတာရဲ႕ ေနာက္မွာ… နတ္လူ သာဓုေခၚေစေသာ္ ဆိုတာေလး ပါတယ္။

အခုေခတ္ကေတာ့…အဲဒီ နတ္လူသာဓု ေခၚေစေသာ္ဆိုတာေလးေပ်ာက္သြားၿပီး နာမည္ေၾကာ္ျငာတာ ျဖစ္သြားတယ္။

ဒါက ေျပာင္းလဲလာတဲ့ သေဘာေပါ့ေနာ္။ မူရင္းအဓိပၸါယ္ ေပ်ာက္သြားၿပီးေတာ့ ေျပာင္းလဲလာတဲ့ သေဘာဟာ ဒီလိုပဲ ရွိတယ္ေပ့ါ။

စၿပီးလုပ္တဲ့ အခ်ိန္ကေတာ့ အဓိပၸါယ္ရွိတယ္။ အဲဒီအဓိပၸါယ္ရွိတာေတြဟာ ေနာက္ပိုင္း အဓိပၸါယ္ မသိေတာ့ဘူး။

တစ္မ်ိဳးတစ္မည္ ေျပာင္းလဲသြားတတ္တယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ