ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည့် အောင်လံလွှင့်ချီ နွေဦးထီနှင့် စကစတို့ လက်ရှိအခြေအနေ

နွေဦးထီ ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည့်ရက်ကို NUG မှ ထုတ်ပြန်၊ စစ်တပ်ကလည်း နွေဦးထီ အားပေးသူ ၃၀၀၀ ကျော်ကို စုံစမ်းနေကြောင်း သိရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းမှတဆင့် ရောင်းချသည့် ‘အောင်လံလွှင့်ချီ နွေဦးထီ’ ရှေ့ပြေးစီမံချက် (Pilot Project) ၏ ကံထူးရှင်ရွေးချယ်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ Computerized Random Selection (ကွန်ပျူတာဖြင့် ကျဘမ်းရွေချယ်ခြင်း) ဖြင့် ကံထူးရှင် နံပါတ်များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီ နွေဦးထီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

NUG ၏ အောင်လံလွှင့်ချီ နွေဦးထီကို တစောင်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် သြဂုတ်လ ၁၅ ရက်နေ့က စတင် စမ်းသပ်ရောင်းချခဲ့ပြီး ယင်းနေ့တွင် ဝင်ရောက်ထီထိုးသူ များပြား၍ ၁ နာရီအတွင်းမှာပင် သတ်မှတ်စောင်ရေ ကုန်သည်အထိ ဖြစ်ခဲ့သည်။

အဆိုပါ နွေဦးထီ ပထမအသုတ် စမ်းသပ်ကာလ ရောင်းရငွေများထဲက ၇၀ ရာခိုင်နှုန်းကို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားထားသည်။

နွေဦးထီကို စမ်းသပ်ရောင်းချခဲ့သည့် ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်တာ ကာလအတွင်း ထီလက်မှတ် နှစ်သိန်းခွဲခန့် ရောင်းချခဲ့ရမှုမှ ငွေကျပ်သိန်း ငါးထောင်ခန့် ရရှိခဲ့ကြောင်း သိရသည်။

၎င်း နွေဦးထီနှင့်ပတ်သက်ပြီး စကစဘက်မှ လုပ်ဆောင်နေတဲ့ အခြေအနေ သတင်းတစ်ပုဒ်ကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

NUG ဘဏ္ဍာရင်းမြစ်တစ်ခုဖြစ်တဲ့ နွေဦးထီ ရောင်းချအားပေးသူ ၃၀၀၀ ကျော်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ တပ်တွင်းသတင်းပေးကို ကိုးကားပြီး CDM ရဲအသိုင်းအဝိုင်းက လူထုကို အသိပေးပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့် ၃၀၀၀ ကျော်ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရောင်းချ အားပေးသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေတပ်ပြီး အရေးယူဖို့ ဒေသအလိုက်စခန်းတွေကို ညွှန်ကြားထားတယ်လို့လည်း CDM ရဲတွေက ပြောထားပါတယ်။

နွေဦးထီကို နည်းပညာ ပလက်ဖောင်းကနေ ဆန်းသစ်တီထွင်ပြီး ရောင်းချခဲ့ရာမှာ လူထုကြား ဝယ်မရတဲ့အထိ ရောင်းရပြီး NUG ရဲ့ လုပ်ရည်ကိုင်ရည်ထဲက ထင်ရှားတဲ့တစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အောင်ဘာလေထီ ရောင်းအားတွေ ထိုးကျပြီးတဲ့နောက် လူထုကို နည်းမျိုးစုံဆွဲဆောင်တဲ့အပြင် NUG နွေဦးထီလို နည်းပညာပလက်ဖောင်းကနေ ရောင်းချဖို့ထိ အတုယူခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နွေဦးထီ ရောင်းချအားပေးသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားတဲ့စစ်ကောင်စီနဲ့ သူ့စစ်တပ်ဟာ ရှစ်လအတွင်း ပြည်သူ တစ်ထောင်ကျော်ကို သတ်ဖြတ်ထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

———–

ေႏြဦးထီ ကံထူးရွင္ေ႐ြးခ်ယ္ပြဲႀကီးျပဳလုပ္ေတာ့မည့္ရက္ကို NUG မွ ထုတ္ျပန္၊ စစ္တပ္ကလည္း ေႏြဦးထီ အားေပးသူ ၃၀၀၀ ေက်ာ္ကို စုံစမ္းေနေၾကာင္း သိရ

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အြန္လိုင္းမွတဆင့္ ေရာင္းခ်သည့္ ‘ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ’ ေရွ႕ေျပးစီမံခ်က္ (Pilot Project) ၏ ကံထူးရွင္ေ႐ြးခ်ယ္ပြဲကို လာမည့္ ေအာက္တိုဘာ ၁ ရက္ေန႔၊ နံနက္ ၉ နာရီအခ်ိန္တြင္ ျပဳလုပ္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

NUG ၏ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္မွ Computerized Random Selection (ကြန္ပ်ဴတာျဖင့္ က်ဘမ္းေ႐ြခ်ယ္ျခင္း) ျဖင့္ ကံထူးရွင္ နံပါတ္မ်ားကို ေ႐ြးခ်ယ္ေပးသြားမည္ျဖစ္ေၾကာင္း ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေၾကညာထားသည္။

NUG ၏ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီကို တေစာင္လွ်င္ ၂၀၀၀ က်ပ္ႏႈန္းျဖင့္ ၾသဂုတ္လ ၁၅ ရက္ေန႔က စတင္ စမ္းသပ္ေရာင္းခ်ခဲ့ၿပီး ယင္းေန႔တြင္ ဝင္ေရာက္ထီထိုးသူ မ်ားျပား၍ ၁ နာရီအတြင္းမွာပင္ သတ္မွတ္ေစာင္ေရ ကုန္သည္အထိ ျဖစ္ခဲ့သည္။

အဆိုပါ ေႏြဦးထီ ပထမအသုတ္ စမ္းသပ္ကာလ ေရာင္းရေငြမ်ားထဲက ၇၀ ရာခိုင္ႏႈန္းကို အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) ျပဳလုပ္ထားသည့္ ဝန္ထမ္းမ်ားကို ကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းႏိုင္က ေျပာၾကားထားသည္။

ေႏြဦးထီကို စမ္းသပ္ေရာင္းခ်ခဲ့သည့္ ဩဂုတ္ ၁၅ ရက္မွ ၁၉ ရက္အထိ ငါးရက္တာ ကာလအတြင္း ထီလက္မွတ္ ႏွစ္သိန္းခြဲခန႔္ ေရာင္းခ်ခဲ့ရမႈမွ ေငြက်ပ္သိန္း ငါးေထာင္ခန႔္ ရရွိခဲ့ေၾကာင္း သိရသည္။

၎ ေႏြဦးထီႏွင့္ပတ္သက္ၿပီး စကစဘက္မွ လုပ္ေဆာင္ေနတဲ့ အေျခအေန သတင္းတစ္ပုဒ္ကိုလည္း ဆက္လက္ေဖာ္ျပေပးလိုက္ပါတယ္။

NUG ဘ႑ာရင္းျမစ္တစ္ခုျဖစ္တဲ့ ေႏြဦးထီ ေရာင္းခ်အားေပးသူ ၃၀၀၀ ေက်ာ္ကို စစ္တပ္က စုံစမ္းစစ္ေဆးဖို႔ ျပင္ဆင္ေနတယ္လို႔ တပ္တြင္းသတင္းေပးကို ကိုးကားၿပီး CDM ရဲအသိုင္းအဝိုင္းက လူထုကို အသိေပးပါတယ္။

လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္အေကာင့္ ၃၀၀၀ ေက်ာ္ကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးတပ္ဖြဲ႕က စုံစမ္းေဖာ္ထုတ္မွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေရာင္းခ် အားေပးသူေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြတပ္ၿပီး အေရးယူဖို႔ ေဒသအလိုက္စခန္းေတြကို ၫႊန္ၾကားထားတယ္လို႔လည္း CDM ရဲေတြက ေျပာထားပါတယ္။

ေႏြဦးထီကို နည္းပညာ ပလက္ေဖာင္းကေန ဆန္းသစ္တီထြင္ၿပီး ေရာင္းခ်ခဲ့ရာမွာ လူထုၾကား ဝယ္မရတဲ့အထိ ေရာင္းရၿပီး NUG ရဲ႕ လုပ္ရည္ကိုင္ရည္ထဲက ထင္ရွားတဲ့တစ္ခုျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ ေအာင္ဘာေလထီ ေရာင္းအားေတြ ထိုးက်ၿပီးတဲ့ေနာက္ လူထုကို နည္းမ်ိဳးစုံဆြဲေဆာင္တဲ့အျပင္ NUG ေႏြဦးထီလို နည္းပညာပလက္ေဖာင္းကေန ေရာင္းခ်ဖို႔ထိ အတုယူခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ေႏြဦးထီ ေရာင္းခ်အားေပးသူေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူဖို႔ ၫႊန္ၾကားတဲ့စစ္ေကာင္စီနဲ႔ သူ႔စစ္တပ္ဟာ ရွစ္လအတြင္း ျပည္သူ တစ္ေထာင္ေက်ာ္ကို သတ္ျဖတ္ထားတဲ့ အဖြဲ႕ေတြျဖစ္ပါတယ္။