မှတ်ထား .. ရပ်တည်တဲ့ဘက်မှားတဲ့အခါ ပူလောင်ခြင်းဟာ သာမန်ထက်ပိုကြာတယ် ပိုပူတယ်….။

အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလလောက်တုန်းကတော့

“အနီတွေ ခုတော့ဘာတတ်နိုင်သေးလဲ”

“မှတ်လောက်သားလောက်အောင် လုပ်ပြလိုက်စမ်းပါ”

“ဖိပြီးနှိပ်ကွပ်ပြလိုက်ရင် ငြိမ်သွားမှာပါ”ဆိုပြီး အာဏာသိမ်းတာကို ထောက်ခံခဲ့ကြတာပေါ့။

သူတို့စိတ်ထဲကဒီလို…. NLD က မဲခိုးတယ်။မဲခိုးလို့ စစ်တပ်ကအာဏာသိမ်းတယ် သိမ်းသင့်တယ်။စစ်တပ်က လုပ်စရာရှိတာလုပ်ပြီး ရွေးကောက်ပွဲပြန်လုပ်ပေးမယ်။

အဲဒီအခါကျရင် ငါတို့နိုင်မယ် နိုင်ရင်အာဏာပြန်ရပြီ ( ဒါ့ကြောင့် ရွေးကောက်ပွဲမှာ NLD ပါတီကိုဖျက်သိမ်းပြီး ဝင်မပါခိုင်းတော့ဘူး )။

ပြီးရင် တိုင်းပြည်ကို အနိုင်ရပါတီနဲ့စစ်တပ်နဲ့ပေါင်းပြီး ငြိမ်းချမ်းရေးရအောင် လုပ်ပြမယ်။စင်ကာပူလိုဖြစ်အောင် ဩဇီလိုဖြစ်အောင်လုပ်ပြမယ်။

ဗုဒ္ဓဘာသာကြီးအတွက် ငါတို့လုပ်ရမယ်။သူတို့လုပ်ရင် ဘာသာပျောက်လိမ့်မယ်။ငါတို့လုပ်မှ ဗုဒ္ဓဘာသာတည်မြဲမယ်..။အဲဒီလိုတွေးခဲ့ကြတာ….

တကယ်ဖြစ်လာတာက … အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့တရာကျော်ရှိနေရာက အခု တောထဲမှာPDF အဖွဲ့တွေပါ ရာနဲ့ချီပေါ်လာရုံသာမက

မြို့ပေါ်မှာလည်း UG အဖွဲ့တွေ အသီးသီးပေါ်လာတာ.. လက်နက်ကိုင်အင်အားက အရင်ကထက် ဆယ်ဆလောက်ပိုများလာတယ်။

( ဟိုနေရာကို အပစ်အခတ်ရပ် ဒီနေရာကို ပြန်ဖိ ဟိုနေရာကို စစ်ရေးအင်အားဖိ ဒီနေရာကိုတပ်တွေပြန်လျှော့ စစ်တပ်က အရင်ကထက် အဆတရာလောက် အလုပ်ပိုရှုပ်လာတယ်)

ဒေါ်လာဈေး ဆီဈေး အကုန်ခုန်တက်လာတယ်။ဒီဂယက်က အနီရော /အစိမ်းရော ခံရတယ်။အစိမ်းတွေ ဆီဆိုင်မှာဆီဖြည့်ရင်ပျော်နေလား သိချင်တယ်။

ဒေါ်လာဈေးတွေအဆမတန်တက်တော့ သွင်းကုန်ဈေးတွေပါတက်.. နောက်ဆုံး အခြေခံဈေးနှုန်းတွေ အကုန်တက်ကုန်တယ်။

အစိမ်းတွေပါမက အပြာတွေပါ ဈေးတခါသွားရင်တခါမျက်လုံးပြူးကုန်တယ်။တိုင်းပြည်စီးပွားရေးက လပိုင်းအတွင်းမှာ ဇောက်ထိုးထိုးဆင်းသွားတယ်။

စင်ကာပူလိုဖြစ်မယ့်အစား အရင်တုန်းကအီသီယိုးပီးယားလိုဖြစ်သွားတယ်။ငတ်ရင် အနီရော အစိမ်းရော အပြာရော အဝါရော တူတူငတ်ကြတာ။

ညဆယ်နာရီကျော်ရင် ဘယ်သူထွက်ထွက်ပစ်ခံရတယ်။မထင်ရင်မထင်သလို အရောင်မရွေးပါတီမရွေးအကုန်အဖမ်းခံရနိုင်တယ်။စီးပွားရေးမကောင်းတော့ အနီရော အစိမ်းရောအကုန်လုံး အလုပ်လက်မဲ့တွေဖြစ်ကုန်တယ်။

အင်တာနက်ဖြတ်ရင် အကုန်အဖြတ်ခံရတယ်။အင်တာနက်ပြန်ရလည်း အနီရော အစိမ်းရော VPN ခံရတယ်။ကျောင်းတွေပြန်မဖွင့်တော့ဘူး။

ဆေးရုံတွေမှာ ဆရာဝန်မရှိတော့ဘူး။ ပညာရေး ကျန်းမာရေး အကုန်ပြိုလဲသွားတယ်။ စစ်တပ်ထဲကလူတွေ အပြင်ထွက်လို့မရတော့ဘူး။ကျွန်ဝယ်ရာ အဆစ်ပါသလို

လင်ကရှေ့တန်းမှာ ပြည်သူတွေကိုထွက်ပြီး နှိပ်စက်နေချိန် မယားကပါ လက်နက်ကိုင်ပြီး ထိုင်စောင့်နေရပြီ
ကိုဗစ်ဖြစ်လည်း ဘယ်ဆေးရုံတက်ကုလို့မရဘူး။ရှိတာနဲ့ကု ကုလို့မရရင်သေ ပဲ။

ဒီကြားထဲ ဘယ်အချိန်လာဝိုင်းမလဲမသိလို့ ကျီးလန့်စာစားနေရတယ်။ ထားရာနေ ‌စေရာသွားဘဝနဲ့ ပေးတာယူကျွေးတာစား…။

“ငါ့လင်စစ်သား ငါ့သားစစ်ဗိုလ်” အပြင်ထွက်ရင်မပြောရဲတော့ဘူး။ ဂုဏ်သိက္ခာဆိုတာမရှိတော့ဘူး

တိုင်းပြည်ရဲ့ ရွံစရာအကောင်းစားလူတန်းစားဖြစ်သွားတာ..။

ခက်တာက စစ်တပ်ထဲကအမှန်အမှားခွဲခြားသိတဲ့လူကောင်းတွေပါ … တပြည်လုံးကရွံကြတဲ့အထဲပါသွားတာ…။

********

အခုတော့

“အနီတွေဘာတတ်နိုင်သေးလဲ” လို့ မပြောနိုင်တော့ဘူး။ သူတို့ပါ ထိကုန်ပြီ သူတို့ပါငတ်ကုန်ပြီ ( ဒါတောင် ခွက်ခေါက်ရင်း ထောက်ခံနေကြတုန်း )။

“ငါတို့ထောက်ခံတဲ့စစ်တပ်က အာဏာသိမ်းလိုက်ရင် ငါတို့အနေအစားချောင်ပြီ “လို့ထင်နေတဲ့လူတွေလည်း အထင်နဲ့အမြင် တခြားစီဖြစ်ကုန်ပြီ။

NLD တက်ရင် ဗုဒ္ဓဘာသာပျောက်မယ်လို့ မှိုင်းမိခဲ့တဲ့လူတွေလည်း အခုခေတ်မှာ စစ်တပ်က ဘုန်းကြိးကျောင်းတွေပါ ဝင်စီးလို့ ကျောင်းတချို့ပိတ်ထားရတယ်။

ဓမ္မာရုံတွေထဲ စခန်းချ အရက်ဝိုင်းထောင်နေကြပြီ.. စီးပွားရေးတွေမကောင်းတော့ဆွမ်းလောင်းတဲ့လူတွေနည်းသွားလို့ ဘုန်းကြီးတွေပါဆွမ်းငတ်ကုန်ပြီ။

အမျိုးဘာသာသာသနာစကားတွေလည်း အရာမထင်တော့ဘူး…။

မှတ်ထား .. ရပ်တည်တဲ့ဘက်မှားတဲ့အခါ ပူလောင်ခြင်းဟာ သာမန်ထက်ပိုကြာတယ် ပိုပူတယ်….။

Crd – Min Yel Kyaw Swar