
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အခြေပြုပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က
စစ်သင်တန်းတွေကို ခေတ္တရပ်နားပြီး စစ်မျက်နှာပြင် စတင်ဖွင့်တော့မယ်လို့ အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာပဲ ကြေညာလိုက်ပါတယ်။
လက်ရှိ အမျိုးသားစစ်သင်တန်း ကိုးခုနဲ့ အမျိုးသမီးစစ်တန်း နှစ်ခု စုစုပေါင်း စစ်သင်တန်း ၁၁ ခု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၆၆ ဦးအထိ ရှိလာပြီလို့ PRA ရဲ့ကြေညာမှာ ပါရှိပါတယ်။
ရိက္ခာနဲ့ လက်နက်တပ်ဆင်နေရတဲ့အပြင် စစ်သင်တန်းတွေ ပေးနေရတာကြောင့် တိုက်စစ် မဖွင့်နိုင်တာကို ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့နဲ့ စာရင်းပေးထားပြီး သင်တန်းမတက်ရသေးတဲ့ လူငယ်တွေကိုလည်း တောင်းပန်တယ်လို့ PRA ဆိုပါတယ်။
PRA ကို ဧပြီလ ၉ ရက်နေ့မှာ ကော်မတီဝင် ၁၇ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနဲ့ အလယ်ပိုင်းတိုင်းဆိုတဲ့ အဖွဲ့ခွဲတွေ ဖွဲ့စည်းထားတဲ့အပြင်
ပုလဲမြို့၊ မြိုင်မြို့နဲ့ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုံတောင်တော်လှန်ရေးအဖွဲ့စတဲ့ အဖွဲ့တွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်တဲ့ မည်သည့် အဖွဲ့အစည်းမဆို လက်ခံမှာမဟုတ်ဘဲ စစ်ကောင်စီကို တော်လှန်တဲ့ ဘယ်အဖွဲ့နဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – ပြည်သူ့တော်လှန်ရေးတပ်မတော်
(ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)
————
လက္ရွိ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းထဲမွာ အေျချပဳၿပီး အာဏာသိမ္းစစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ (PRA) က
စစ္သင္တန္းေတြကို ေခတၱရပ္နားၿပီး စစ္မ်က္ႏွာျပင္ စတင္ဖြင့္ေတာ့မယ္လို႔ ေအာက္တိုဘာလ ၁ ရက္ ဒီကေန႔မွာပဲ ေၾကညာလိုက္ပါတယ္။
လက္ရွိ အမ်ိဳးသားစစ္သင္တန္း ကိုးခုနဲ႔ အမ်ိဳးသမီးစစ္တန္း ႏွစ္ခု စုစုေပါင္း စစ္သင္တန္း ၁၁ ခု ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့ၿပီး တပ္ဖြဲ႕ဝင္ ၁၆၆ ဦးအထိ ရွိလာၿပီလို႔ PRA ရဲ႕ေၾကညာမွာ ပါရွိပါတယ္။
ရိကၡာနဲ႔ လက္နက္တပ္ဆင္ေနရတဲ့အျပင္ စစ္သင္တန္းေတြ ေပးေနရတာေၾကာင့္ တိုက္စစ္ မဖြင့္ႏိုင္တာကို ျပည္သူေတြအေနနဲ႔ နားလည္ေပးၾကဖို႔နဲ႔ စာရင္းေပးထားၿပီး သင္တန္းမတက္ရေသးတဲ့ လူငယ္ေတြကိုလည္း ေတာင္းပန္တယ္လို႔ PRA ဆိုပါတယ္။
PRA ကို ဧၿပီလ ၉ ရက္ေန႔မွာ ေကာ္မတီဝင္ ၁၇ ဦးနဲ႔ စတင္ဖြဲ႕စည္းခဲ့ၿပီး ေတာင္ပိုင္းတိုင္း၊ ေျမာက္ပိုင္းတိုင္းနဲ႔ အလယ္ပိုင္းတိုင္းဆိုတဲ့ အဖြဲ႕ခြဲေတြ ဖြဲ႕စည္းထားတဲ့အျပင္
ပုလဲၿမိဳ႕၊ ၿမိဳင္ၿမိဳ႕နဲ႔ ေတာင္ႀကီးၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕၊ ပုံေတာင္ေတာ္လွန္ေရးအဖြဲ႕စတဲ့ အဖြဲ႕ေတြနဲ႔လည္း မဟာမိတ္ဖြဲ႕ထားတယ္လို႔ ေၾကညာထားပါတယ္။
အာဏာသိမ္းစစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ မည္သည့္ အဖြဲ႕အစည္းမဆို လက္ခံမွာမဟုတ္ဘဲ စစ္ေကာင္စီကို ေတာ္လွန္တဲ့ ဘယ္အဖြဲ႕နဲ႔မဆို လက္တြဲေဆာင္႐ြက္မယ္လို႔လည္း ဆိုပါတယ္။
ဓာတ္ပုံ – ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္
(ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ (PRA) တပ္ဖြဲ႕ဝင္ေတြကို ေတြ႕ရစဥ္)