ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းကို သုံးကြိမ်ခွဲပြီးပေးခဲ့ကြောင်း ဒီနေ့ နေပြည် တော် တရားရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါ တယ်။

ဦးဖြိုးမင်းသိန်းဟာ တရားလိုက စွပ်စွဲထားတဲ့အတိုင်း တရားခွင်မှာ ထွက်ဆိုခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

“ဦးဖြိုးမင်းသိန်း ကတော့ တရားလို ဦးရဲထက် ကို စစ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို အမေစုကို ပေးခဲ့တယ်ဆိုတဲ့ အကြောင်း ထွက်ဆိုထားတဲ့ဟာပေါ့နော်၊ အဲဒီဟာကိုပဲ ဦးဖြိုးမင်းသိန်းကလည်း အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာအပြင် မိုင်းဖုန်းဆရာတော်ကြီးက အမေစုကို ပေး ထားတဲ့ ဆင်းတုတော်တစ်ဆူကိုပါ ပေးခဲ့တယ်ဆိုပြီး ထွက်ဆိုပါတယ်”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးရဲထက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိပုဒ်မ – ၅၅ နဲ့ စွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြ သက်သေအဖြစ်နဲ့ အဲဒီလို ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ဦးရဲထက်နဲ့ ဦးဖြိုးမင်းသိန်းတို့ကို ပြန်လှန်စစ်ဆေးတာတွေ မလုပ်ခဲ့ဘဲ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ ရုံးချိန်းမှာမှ ပြန်လည်စစ်မေးသွားမယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်၊ ဦးမင်းသူတို့ကို အဂတိပုဒ်မ-၅၅ နဲ့ စွဲဆိုထားတဲ့ နောက်ထပ် အမှုနှစ်ခုမှာလည်း တရားလိုနဲ့ လိုပြသက်သေတစ်ဦးစီကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရတာဖြစ်ပါတယ်။

———

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို အကယ္ဒမီ အေခါက္ေ႐ႊ ခုနစ္ပိႆာနဲ႔ အေမရိကန္ေဒၚလာ ေျခာက္သိန္းကို သုံးႀကိမ္ခြဲၿပီးေပးခဲ့ေၾကာင္း ဒီေန႔ ေနျပည္ ေတာ္ တရား႐ုံးခ်ိန္းမွာ ထြက္ဆိုခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြက ေျပာပါ တယ္။

ဦးၿဖိဳးမင္းသိန္းဟာ တရားလိုက စြပ္စြဲထားတဲ့အတိုင္း တရားခြင္မွာ ထြက္ဆိုခဲ့တာလို႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အက်ိဳးေဆာင္ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ေဒၚမင္းမင္းစိုး က ေျပာပါတယ္။

“ဦးၿဖိဳးမင္းသိန္း ကေတာ့ တရားလို ဦးရဲထက္ ကို စစ္တုန္းက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက အေမရိကန္ေဒၚလာ ေျခာက္သိန္းနဲ႔ အကယ္ဒမီ အေခါက္ေ႐ႊ ခုနစ္ပိႆာကို အေမစုကို ေပးခဲ့တယ္ဆိုတဲ့ အေၾကာင္း ထြက္ဆိုထားတဲ့ဟာေပါ့ေနာ္၊ အဲဒီဟာကိုပဲ ဦးၿဖိဳးမင္းသိန္းကလည္း အေမရိကန္ေဒၚလာ ေျခာက္သိန္းနဲ႔ အကယ္ဒမီ အေခါက္ေ႐ႊ ခုနစ္ပိႆာအျပင္ မိုင္းဖုန္းဆရာေတာ္ႀကီးက အေမစုကို ေပး ထားတဲ့ ဆင္းတုေတာ္တစ္ဆူကိုပါ ေပးခဲ့တယ္ဆိုၿပီး ထြက္ဆိုပါတယ္”

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္႐ုံး ၫႊန္ၾကားေရးမႉး ဦးရဲထက္က ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေ႐ႊခုနစ္ပိႆာနဲ႔ အေမရိကန္ေဒၚလာ ေျခာက္သိန္းေပးခဲ့ တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အဂတိပုဒ္မ – ၅၅ နဲ႔ စြဲဆိုထားတဲ့အမႈမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တရားလိုျပ သက္ေသအျဖစ္နဲ႔ အဲဒီလို ထြက္ဆိုခဲ့တာလို႔ ဆိုပါတယ္။

ဒါေပမဲ့ ဒီထြက္ဆိုခ်က္နဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြက ဦးရဲထက္နဲ႔ ဦးၿဖိဳးမင္းသိန္းတို႔ကို ျပန္လွန္စစ္ေဆးတာေတြ မလုပ္ခဲ့ဘဲ လာမယ့္ ေအာက္တိုဘာလ ၈ ရက္ေန႔ ႐ုံးခ်ိန္းမွာမွ ျပန္လည္စစ္ေမးသြားမယ္လို႔ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာမ်ိဳးေအာင္၊ ဦးမင္းသူတို႔ကို အဂတိပုဒ္မ-၅၅ နဲ႔ စြဲဆိုထားတဲ့ ေနာက္ထပ္ အမႈႏွစ္ခုမွာလည္း တရားလိုနဲ႔ လိုျပသက္ေသတစ္ဦးစီကို စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခံရႏိုင္တဲ့ အစိုးရ လွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ)၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ (၅၅) တို႔ အပါအဝင္ အမႈစုစုေပါင္း ၁၁ မႈနဲ႔ အေရးယူခံေနရတာျဖစ္ပါတယ္။