
ကြက်တွေအိပ်တန်း မမှန်တော့ရင်၊ ကျီးတွေညပိုင်း အော်ဟစ်ဆူညံကြရင်၊ ခွေးတွေနေ့ညအူသံပေးရင် သေချာပြီခေတ်ပျက်မယ်ဆိုတဲ့နိမိတ်။
ပတ်ဝန်းကျင်ကို သတိထားမိကြရဲ့လား။ ကြက်တွေအိပ်တန်း မှန်နေသေးရင်၊ ကျီးတွေအရုဏ်မတက်ခင်မှာ အသံကြားနေရရင်၊ ခွေးတွေနေ့ညရက်ဆက် အူသံမကြားရရင် ခေတ်ဆိုတာမပျက်သေးဘူးဆိုတဲ့နိမိတ်ပါပဲ။
ဒါကိုရှေးပညာရှိတွေက ခေတ်ပျက်ခြင်းနိမိတ်သုံးမျိုးဆိုပြီး ကဗျာလေးစီထားခဲ့ကြပြန်တယ်။ “ရောခွေးဒုကြက်ဝဂ်သတ်” တဲ့။ ရောခွေးဆိုတာက ရောဂန္တရရောဂါကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ ခွေးတွေဟာလမ်းမပေါ်ကိုထွက်ကြပြီး နေ့ညမပျက်အူနေကြသတဲ့။
ဒုကြက်ဆိုတာက ဒုဗ္ဘိက္ခန္တရငတ်မွတ်ခေါင်းပါးခြင်း ကပ်ကြီးတစ်ခုကျရောက်တော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို ကျီးတွေဟာလည်း နေ့ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။
ဝဂ်သတ်ဆိုတာက ဝဂျဆိုတာဝဂ္ဂဆိုတဲ့ ပါဠိကနေလာတာ။ အဓိပ္ပါယ်က အပေါင်းစုအဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းတွေပေ့ါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့၊ ညီညွတ်ခြင်းတွေမရှိတော့ရင်၊ ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်၊ သတ္တန္တရလက်နက်ကပ်ဘေးကြီး ကျရောက်တော့မယ်ဆိုတာပါပဲ။
လမ်းမပေါ်တက်ပြီးခွေးတွေ နေ့ညမအူကြသေးဘူး။ ကြက်တွေအိပ်တန်း မှန်နေကြသေးသလိုကျီးတွေရဲ့ အသံအရုဏ်မတက်ခင်ကြားရဆဲ။ တစ်မြို့နဲ့တစ်မြို့၊ တစ်တိုင်းနဲ့တစ်တိုင်း ညီညွတ်နေကြသေးတယ်။
ခေတ်ကြီးပျက်ရင်တဲ့ ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ။ လက်ရှိအခြေအနေထိတော့ တခြားသောထေရဝါဒနိုင်ငံ ရဟန်းဘုန်းကြီးတွေ ဆွမ်းကိစ္စအတွက် အခက်အခဲရှိတယ်လို့ မကြားရသေးသလို မြန်မာနိုင်ငံအတွင်းမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးသီလရှင်တွေလည်း ဆွမ်းကိစ္စတစ်ရပ် အခက်အခဲရှိတယ်လို့လည်း မကြားမိသေးပါဘူး။
ဒီလိုအားလုံး အဆင်ပြေနေတဲ့ပုံဆိုရင် ခေတ်မပျက်သေးပါဘူး။ အားတင်းထားကြစေလိုပါတယ်။ မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့ဒီရောဂါတွေကို တိုက်ဖြတ်နိုင်ပါလိမ့်မယ်။ ယခုလက်ရှိ အချိန်အခါကာလလေးမှာတော့ လောဘကြောင့်ငတ်မွတ်ခေါင်းပါးခြင်းကပ် ကျရောက်လာတယ်ဆိုတာသိရင်၊
ဒေါသကြောင့်လက်နက်ဘေးကပ် ကျရောက်လာတယ်ဆိုတာသိရင်၊ မောဟကြောင့်ရောဂါကပ်ဘေးကြီး ကျရောက်လာတယ်ဆိုတာသိရင် အတတ်နိုင်ဆုံး လောဘ၊ဒေါသ၊မောဟတွေကို ထိန်းသိမ်းကြရင်းနဲ့ လောကကြီးအေးချမ်းလာစေဖို့ မေတ္တာတရားများသာနေ့စဉ်ပွား၍ နေထိုင်ကြစေလိုကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေ။
ဖန်ခါးမြေအရှင် (မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်)Credit
———-
ၾကက္ေတြအိပ္တန္း မမွန္ေတာ့ရင္၊ က်ီးေတြညပိုင္း ေအာ္ဟစ္ဆူညံၾကရင္၊ ေခြးေတြေန႔ညအူသံေပးရင္ ေသခ်ာၿပီေခတ္ပ်က္မယ္ဆိုတဲ့နိမိတ္။
ပတ္ဝန္းက်င္ကို သတိထားမိၾကရဲ႕လား။ ၾကက္ေတြအိပ္တန္း မွန္ေနေသးရင္၊ က်ီးေတြအ႐ုဏ္မတက္ခင္မွာ အသံၾကားေနရရင္၊ ေခြးေတြေန႔ညရက္ဆက္ အူသံမၾကားရရင္ ေခတ္ဆိုတာမပ်က္ေသးဘူးဆိုတဲ့နိမိတ္ပါပဲ။
ဒါကိုေရွးပညာရွိေတြက ေခတ္ပ်က္ျခင္းနိမိတ္သုံးမ်ိဳးဆိုၿပီး ကဗ်ာေလးစီထားခဲ့ၾကျပန္တယ္။ “ေရာေခြးဒုၾကက္ဝဂ္သတ္” တဲ့။ ေရာေခြးဆိုတာက ေရာဂႏၲရေရာဂါကပ္ေဘးႀကီးတစ္ခု က်ေရာက္လာေတာ့မယ္ဆိုလွ်င္တဲ့ နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ ေခြးေတြဟာလမ္းမေပၚကိုထြက္ၾကၿပီး ေန႔ညမပ်က္အူေနၾကသတဲ့။
ဒုၾကက္ဆိုတာက ဒုဗၻိကၡႏၲရငတ္မြတ္ေခါင္းပါးျခင္း ကပ္ႀကီးတစ္ခုက်ေရာက္ေတာ့မယ္ဆိုလွ်င္တဲ့ နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ၾကက္ေတြဟာ အိပ္တန္းမမွန္ၾကေတာ့သလို က်ီးေတြဟာလည္း ေန႔ညမပ်က္ေအာ္ဟစ္ၿပီးေတာ့ေနၾကသတဲ့။
ဝဂ္သတ္ဆိုတာက ဝဂ်ဆိုတာဝဂၢဆိုတဲ့ ပါဠိကေနလာတာ။ အဓိပၸါယ္က အေပါင္းစုအဖြဲ႕အစည္းျဖစ္ပါတယ္။ အဲဒီဝဂၢဆိုတဲ့ အဖြဲ႕အစည္းေတြ အသင္းေတြေပ့ါ။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕၊ တစ္သင္းနဲ႔တစ္သင္း၊ တစ္႐ြာနဲ႔တစ္႐ြာ၊ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕၊ ညီၫြတ္ျခင္းေတြမရွိေတာ့ရင္၊ ခိုက္ရန္ေဒါသေတြျဖစ္ပြားလာရင္၊ သတၱႏၲရလက္နက္ကပ္ေဘးႀကီး က်ေရာက္ေတာ့မယ္ဆိုတာပါပဲ။
လမ္းမေပၚတက္ၿပီးေခြးေတြ ေန႔ညမအူၾကေသးဘူး။ ၾကက္ေတြအိပ္တန္း မွန္ေနၾကေသးသလိုက်ီးေတြရဲ႕ အသံအ႐ုဏ္မတက္ခင္ၾကားရဆဲ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕၊ တစ္တိုင္းနဲ႔တစ္တိုင္း ညီၫြတ္ေနၾကေသးတယ္။
ေခတ္ႀကီးပ်က္ရင္တဲ့ ဘုန္းႀကီးနဲ႔ေခြးပဲ အရင္ဆုံးငတ္မွာတဲ့ေလ။ လက္ရွိအေျခအေနထိေတာ့ တျခားေသာေထရဝါဒႏိုင္ငံ ရဟန္းဘုန္းႀကီးေတြ ဆြမ္းကိစၥအတြက္ အခက္အခဲရွိတယ္လို႔ မၾကားရေသးသလို ျမန္မာႏိုင္ငံအတြင္းမွာ သီတင္းသုံးေနထိုင္ၾကတဲ့ ဘုန္းႀကီးသီလရွင္ေတြလည္း ဆြမ္းကိစၥတစ္ရပ္ အခက္အခဲရွိတယ္လို႔လည္း မၾကားမိေသးပါဘူး။
ဒီလိုအားလုံး အဆင္ေျပေနတဲ့ပုံဆိုရင္ ေခတ္မပ်က္ေသးပါဘူး။ အားတင္းထားၾကေစလိုပါတယ္။ မၾကာခင္ကာလမွာ ေဆးေကာင္းေကာင္းနဲ႔ဒီေရာဂါေတြကို တိုက္ျဖတ္ႏိုင္ပါလိမ့္မယ္။ ယခုလက္ရွိ အခ်ိန္အခါကာလေလးမွာေတာ့ ေလာဘေၾကာင့္ငတ္မြတ္ေခါင္းပါးျခင္းကပ္ က်ေရာက္လာတယ္ဆိုတာသိရင္၊
ေဒါသေၾကာင့္လက္နက္ေဘးကပ္ က်ေရာက္လာတယ္ဆိုတာသိရင္၊ ေမာဟေၾကာင့္ေရာဂါကပ္ေဘးႀကီး က်ေရာက္လာတယ္ဆိုတာသိရင္ အတတ္ႏိုင္ဆုံး ေလာဘ၊ေဒါသ၊ေမာဟေတြကို ထိန္းသိမ္းၾကရင္းနဲ႔ ေလာကႀကီးေအးခ်မ္းလာေစဖို႔ ေမတၱာတရားမ်ားသာေန႔စဥ္ပြား၍ ေနထိုင္ၾကေစလိုေၾကာင္း အသိေပးတိုက္တြန္းလိုက္ပါရေစ။
ဖန္ခါးေျမအရွင္ (ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္)Credit