နိူင်ငံကို အေးချမ်းစွာ ပုံမှန်အတိုင်း လည်ပတ်တော့မည်ဟု ဆိုသည့်အပြင် သံလွင်မြစ်နှင့် ကျောက်မီးသွေးတို့ အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရန် စကစခေါင်းဆောင် ပြောကြား

ယမန်နေ့ အောက်တိုဘာလ ၁ ရက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ရောက်ရှိစဉ် မင်းအောင်လှိုင်က စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသများမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး၊

လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်နိုင်သည့် သံလွင်မြစ်နှင့် အခြားအရင်းအမြစ်များစွာရှိကြောင်းနှင့် ကျောက်မီးသွေးများထွက်ရှိသဖြင့်

ကျောက်မီးသွေးအသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျအသုံးပြုနိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှုကိုနည်းပါးစေပြီး လျှပ်စစ်ဓါတ်အားထုတ်ယူ၍ ရကြောင်း၊

၎င်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း သဘာဝရဲ့အရင်းအမြစ်များစွာရှိရာ သံလွင်မြစ်ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို အသုံးပြုခါ လိုအပ်နေသော လျှပ်စစ်ဓာတ်အားထုတ်ယူလို့ရကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါ သံလွင်မြစ်ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးများအသုံးပြု၍ လျှပ်စစ်ထုတ်ယူမှုကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက် တရုတ်နိုင်ငံနှင့်ပူပေါင်း၍ ဆယ်နှစ်ကျော်ကာလအတွင်း စီမံကိန်း (၆)ခု တည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး

မြစ်ကြောင်းတစ်လျှောက်နေထိုင်သော ပြည်သူများအပါအဝင် နိုင်ငံရေးအဖွဲ့အစည်း ၁၃၀ ကျော်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးနိုင်တာကြောင့် လက်မှတ်ရေးထိုးကန့်ကွက်တောင်းဆို ခဲ့ကြဖူးပါသည်။

သို့သော် စစ်ခေါင်းဆောင် ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိစဉ်မှာတော့ စစ်ကောင်စီမှခန့်အပ်ထားသော အစိုးရအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြစဉ် ယခုလိုရေအားလျှပ်စစ်ထုတ်ယူလို့ ရနိုင်ကြောင်းကို ထပ်မံပြောကြခဲ့တာလည်းဖြစ်ပါသည်။

ထို့အပြင် နိူင်ငံကိုအေးချမ်းစွာလည်ပတ်နိူင်ဖို့နဲ့ ၊ကျောင်းများမကြာခင်ဖွင့်နိူင်ဖို့၊ ရုပ်ရှင်ရုံးများနှင့်အခြားသော ကိုဗစ်ကြောင့်ပိတ်ထားရသည့် စီးပွါးရေးများ အများဆုံးပြန်ဖွင့်ပြီး ၊နိူင်ငငံကိုအေးချမ်းစွာလည်ပတ်တော့မည်လို့ဆိုခဲ့ပါသည်။

———–

ယမန္ေန႔ ေအာက္တိုဘာလ ၁ ရက္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕သို႔ေရာက္ရွိစဥ္ မင္းေအာင္လႈိင္က စစ္ေကာင္စီခန႔္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသမ်ားမွတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး၊

လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ျခင္းႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အတြင္း ေရအားလွ်ပ္စစ္ထုတ္ႏိုင္သည့္ သံလြင္ျမစ္ႏွင့္ အျခားအရင္းအျမစ္မ်ားစြာရွိေၾကာင္းႏွင့္ ေက်ာက္မီးေသြးမ်ားထြက္ရွိသျဖင့္

ေက်ာက္မီးေသြးအသုံးျပဳ၍ ေခတ္မီနည္းပညာမ်ားျဖင့္ စနစ္တက်အသုံးျပဳႏိုင္ပါက ပတ္ဝန္းက်င္ထိခိုက္မႈကိုနည္းပါးေစၿပီး လွ်ပ္စစ္ဓါတ္အားထုတ္ယူ၍ ရေၾကာင္း၊

၎ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရးအတြက္ ရွမ္းျပည္နယ္အတြင္း သဘာဝရဲ႕အရင္းအျမစ္မ်ားစြာရွိရာ သံလြင္ျမစ္ေရအားလွ်ပ္စစ္ႏွင့္ ေက်ာက္မီးေသြးတို႔ကို အသုံးျပဳခါ လိုအပ္ေနေသာ လွ်ပ္စစ္ဓာတ္အားထုတ္ယူလို႔ရေၾကာင္းေျပာၾကားခဲ့ပါသည္။

အဆိုပါ သံလြင္ျမစ္ေရအားလွ်ပ္စစ္ႏွင့္ ေက်ာက္မီးေသြးမ်ားအသုံးျပဳ၍ လွ်ပ္စစ္ထုတ္ယူမႈကို ယခင္ ဦးသိန္းစိန္အစိုးရလက္ထက္ တ႐ုတ္ႏိုင္ငံႏွင့္ပူေပါင္း၍ ဆယ္ႏွစ္ေက်ာ္ကာလအတြင္း စီမံကိန္း (၆)ခု တည္ေဆာက္ရန္ ႀကိဳးပမ္းခဲ့ၿပီး

ျမစ္ေၾကာင္းတစ္ေလွ်ာက္ေနထိုင္ေသာ ျပည္သူမ်ားအပါအဝင္ ႏိုင္ငံေရးအဖြဲ႕အစည္း ၁၃၀ ေက်ာ္က သဘာဝပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ပ်က္စီးႏိုင္တာေၾကာင့္ လက္မွတ္ေရးထိုးကန႔္ကြက္ေတာင္းဆို ခဲ့ၾကဖူးပါသည္။

သို႔ေသာ္ စစ္ေခါင္းေဆာင္ ရွမ္းျပည္နယ္ေတာင္ပိုင္းကို ေရာက္ရွိစဥ္မွာေတာ့ စစ္ေကာင္စီမွခန႔္အပ္ထားေသာ အစိုးရအဖြဲ႕ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားမွ တာဝန္ရွိသူတို႔တက္ေရာက္ခဲ့ၾကစဥ္ ယခုလိုေရအားလွ်ပ္စစ္ထုတ္ယူလို႔ ရႏိုင္ေၾကာင္းကို ထပ္မံေျပာၾကခဲ့တာလည္းျဖစ္ပါသည္။

ထို႔အျပင္ ႏိူင္ငံကိုေအးခ်မ္းစြာလည္ပတ္ႏိူင္ဖို႔နဲ႔ ၊ေက်ာင္းမ်ားမၾကာခင္ဖြင့္ႏိူင္ဖို႔၊ ႐ုပ္ရွင္႐ုံးမ်ားႏွင့္အျခားေသာ ကိုဗစ္ေၾကာင့္ပိတ္ထားရသည့္ စီးပြါးေရးမ်ား အမ်ားဆုံးျပန္ဖြင့္ၿပီး ၊ႏိူင္ငငံကိုေအးခ်မ္းစြာလည္ပတ္ေတာ့မည္လို႔ဆိုခဲ့ပါသည္။