လက်ရှိအခြေအနေကို ရေစပ်သီကုံးကာ သီဆိုပြလာတဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ မင်းမော်ကွန်းရဲ့ သီချင်းသစ် တစ်ပုဒ်

လွှတ်မြောက်နယ်မြေထဲကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ မင်းမော်ကွန်းရဲ့ သီချင်းသစ်တစ်ပုဒ်

အောက်တွင် ရုပ်သံတင်ပေးထားသည်။

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။

ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။

အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်..

မင်းသားမင်းမော်ကွန်းကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်.။

နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။

တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာလောလောဆယ်မှာလွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး သူကတော့တတ်နိုင်တဲ့ဘက်ကနေပြီး အာဏာရှင်ကိုတွန်းလှန်နေတာပဲဖြစ်ပါတယ်။

အာဏာရှင်ကိုတွန်းလှန်နေကြတဲ့အထဲမှာမိသားစုတွေကိုလည်း ခွဲထားခဲ့ရတာမို့ ကလေးငယ်လေးတွေရှိတဲ့ မိသားစုတွေကတော့ စိတ်ဒဏ်ရာတွေရရှိမှာလည်း သေချာပါတယ်နော်.

မင်းမော်ကွန်းရဲ့သားလေးလည်း ဖေဖေ့ကိုလွမ်းနေရှာလို့ အထုတ်ပြင်ပြီးလိုက်ဖို့တောင် ကြိုးစားရှာပါတယ်နော်.. ဒီနေ့လေးမှာတော့ ဖေဖေမင်းမော်ကွန်းက လွတ်မြောက် နယ်မြေကို ရောက်ရှိ နေ တဲ့ သားအငယ် ဆုံးလေးရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။

အဆင်ပြေသလို နေထိုင် စားသောက် နေရပေမယ့် ပြုံးပျော်ရွှင်နေတဲ့ သားအငယ် ဆုံးလေးကို မင်းမော်ကွန်းက ဓာတ်ပုံ ရိုက် ကူးပြီး မှတ်တမ်းတင် ထားခဲ့ တာပဲ ဖြစ်ပါ တယ်။

Credit