တရုပ် နိုင်ငံသားများ မြန်မာမှ ထွက်ခွာရန် နယ်စပ်တွင် စုပြုံရောက်ရှိနေ

ဆိုးရွားနေသော နိုင်ငံရေး အခြေအနေ နှင့် ကိုဗစ် ကပ်ဘေး ကြောင့် မြန်မာနိုင်ငံ အတွင်း ရှိနေသောတရုတ် နိုင်ငံသား များ ပြည်တော် ပြန်လျက် ရှိနေရာ ယခု ရွှေလီ နယ်စပ် ဂိတ်တွင် နိုင်ငံတွင်း ဝင်ရောက်ခွင့် ရရေး အတွက်

စောင့်ဆိုင်းနေသူ စုစုပေါင်း ၁၀,၀၀၀ ကျော်ခန့် ရှိလာနေပြီဟု တရုတ် အစိုးရ အာဘော်တပိုင်း ဂလိုဘယ် တိုင်း သတင်းစာတွင် ဖေါ်ပြထားသည်။

သို့သော် တနေ့ လူ ၁၀၀ ခန့်သာ ဝင်ရောက်ခွင့် ပြုနေ၍ အခြေအနေများ ရှုပ်ထွေးနေပုံရသည်။ မင်း အောင်လှိုင် တို့အဖွဲ့ ပြာယာခတ်နေဆဲ ဘဝ မှ ယခုထိ တိုးတက်မှု ရှိမလာသေးသဖြင့် တရုတ်အစိုးရမှ

၎င်းတို့၏ သတင်းစာတွင် ထိန်းမရအောင် ရှုပ်ထွေးနေသော ပြည်တွင်း နိုင်ငံရေး အနေအထားဟု ခေါင်းစဉ် တပ်လာခြင်း ဖြင့် မှ ၎င်းတို့၏ စိတ်မရှည် ဖြစ်လာနေမှု ကို ထုတ်ဖေါ်လိုက်ပြီ ဖြစ်သည်။

စစ်‌အာဏာသိမ်း ကောင်စီ သည် ၎င်းတို့၏ အလွန်အကျွံ လုပ်ရပ်များကို တရုတ်ပင် လက်မခံနိုင်အောင် ဖြစ်လာနေသည်ကို ရိပ်စားမိနေသော်လည်း ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်ခံရတော့မည့်အရေး နှင့်

ကြုံနေရပြီ ဖြစ်၍ လက်ရှိ နိုင်ငံသား များ အပေါ် လူမဆန်စွာ ပြုကျင့်နေ မှု များကို အလျော့ ပေး၍ မည်သို့မျှမဖြစ်တော့ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဆန္ဒပြ သံဃာများအား အိမ်စီကားဖြင့် ဝင်တိုက်ပြီး မိုက်မိုက် ရိုင်းရိုင်း ဖြိုခွင်းလာသည်ကို ကြည့်က ၎င်းတို့အဖို့ မည်မျှအထိ ဂမူးရှုးထိုး ဖြစ်လာနေသည်ကို ပြဆိုနေသည်။ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကိုပင် ဟန်ဆောင် ပန်ဆောင် လုပ်မနေနိုင်တော့ သည့် အထိ ဖြစ်လာသည်။

ထိုလုပ်ရပ်များ ဖြင့်‌ အောင်မြင်မှု ရသွားခဲ့ကလည်း အမြတ်ဟု ယူဆကာ တွန်းလုပ်နေခြင်းပင် ဖြစ်သည်။‌ နောက်မှ နိုင်ငံတကာ လူ့အသိုက်အဝန်း မှ ပြန်လက်ခံလာအောင် ကုလားအုပ်လို တဖြေးဖြေး နှင့် ခေါင်းတိုး ဝင်မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ကို ပစ်ခတ်ဖမ်းဆီးဖို့ စကစ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အမိန့်ပေး ညွှန်ကြားခဲ့

၎င်းတို့နှင့် လက်ရည်တူ ယှဉ်ပြိုင်ရမည့်သူက တာလီဘန် တို့သာလျှင် ရှိပေတော့သည်၊ သို့သော် တာလီဘန်တို့က ကုလတွင် အသိအမှတ် ပြုခံရဖို့ အရေးက အာဏာသိမ်း ‌ကောင်စီထက်စာလျှင် အများကြီး သာနေပေသည်။

နောက်ဆုံး မည်သူကမျှ ၎င်းတို့နှင့် မဆက်ဆံလည်း အရေးမကြီးတော့၊ လူထုကို ထမင်းတလုတ် ဒုတ်တချက် ပုံစံဖြင့် မြောက်ကိုရီယားလို အုပ်ချုပ်သွားမည်ဟု ယူဆထားသည်။

သို့သော် မြောက်ကိုရီယားတွင် ကိုရီးယား စစ်ပွဲ အဆုံးသတ် သွားပြီး နောက်ပိုင်း ပြည်တွင်းစစ် ဒဏ် တကြိမ်တခါဖူးမျှ ခံခဲ့ရခြင်း မရှိသည့် အဖြစ်၊ ဝါဒရေးရာ ခံယူချက် ပညာရေး၊ ကျန်းမာရေးကအစ နိုင်ငံသားများ အပေါ် လိုလေသေး မရှိ ထားနိုင်ခဲ့မှု

အစရှိသည်တို့ကို ထဲထဲဝင်ဝင် လေ့လာရကောင်း မှန်းလည်း မသိ၊ ၎င်းတို့ အဖို့ က တဖက်ပိတ်များ ဖြစ်၍ မည်သို့သော ဖြစ်ရပ်မျိုးကို မဆို သင် ခန်းစာ ယူပြီး ထုတ်နှုတ် ကျင့်သုံးရမည်ကို နားလည်နိုင်စွမ်း မရှိကြ၊

ထိုသို့ မျက်စိမှိတ် ခံယူ နိုင်စွမ်းကို ဒေါ်စိန်အေး ကျောင်းတော်ကြီးက စနစ်တကျ လေ့ကျင့်ပေးထားခဲ့ပြီး ဖြစ်သဖြင့်လည်း ၎င်းတို့၏ အပြစ်ဟူ၍ကား တထစ်ချ ပြော၍ မရ ပြန်ပေ။

ထိုသို့သော တဖက်ပိတ် အသိလိမ္မာတရားဖြင့် စစ်ရေး မှသည် တိုင်းပြည် စီမံ အုပ်ချုပ်ရေး ဖက်သို့တက်လှမ်းလာသည့် အခါ တွင်တော့ ‌ကုန်းပေါ်ရောက်သည့် ငါးပမာ ဘဝ ရောက်နေကြရရှာပြီ ဖြစ်သည်။

Stupidity dominoes down the generations. ဟုသာ ပြောရပေမည်။ လက်ရှိ အနေအထားမှာပင် အလိုတော်ရိ ပါတီများနှင့် ရွေးကောက်ပွဲ ဟန်ပြလုပ်၊ မင်းအောင်လှိုင်ကို သမ္မတ တင်မြှောက်ကာ

နောက်နှစ်ပေါင်းများစွာ ဆက်၍ အုပ်ချုပ်သွား နိုင်မည်ဟု မိုက်မဲစွာ ယုံကြည်မျှော်လင့်နေကြသည်ကပင် ၎င်းတို့၏ stupidity ကို အတိုင်းသား ပြဆိုနေပေသည်။

တဖက်တွင်လည်း ပြည်သူများသည် မိမိတို့ကဲ့သို့ သာမန် မိသားစုများမှ ပေါက်ဖွားလာကြပြီး အခွင့်ထူးဟူ၍လည်း တစုံတရာ မရရှိ၊ ရူးသွပ်နေသူများလည်း မဟုတ်ပါပဲလျက် စစ်သားများသည် မဖြစ်စလောက်သော လစာငွေကြေး လေးဖြင့်

မည်သည့် အတွက်ကြောင့် လူစိတ်ပျောက်ကာ တိရစ္ဆာန်များ သဖွယ် ရိုင်းစိုင်းကြမ်းကြုပ်နေကြ‌ရသနည်းဟု နားမလည် နိုင်အောင် ဖြစ်လာကြရသည်။

ဦးဖြိုးမင်းသိန်း ဇနီးပင်မက ပုန်းရှောင်နေသူများ၏ မိသားစု များကိုပင် ဓါးစာခံ လုပ်လာသည့်အထိ ကျူးလွန်လာနေမှုများသည် ၎င်းတို့ မိသားစုဝင်များ မထိသရွေ့ ဆက်ပြီး အတင့်ရဲနေကြဦးမည်သာ ဖြစ်သည်။

ယခင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး တာဝန်ခံ ပါမောက္ခ ယန်ဟီလီး မှ လက်ရှိ စစ်ကောင်စီ သည် တရားမဝင် ပေါ်ပေါက်လာသော အဖွဲ့ ဖြစ်ပြီး နိုင်ငံသားများ အပေါ်

ဥပဒေမဲ့ အနိုင်ကျင့် သတ်ဖြတ်နေသည်မှာ လပေါင်းများစွာ ရှိလာနေသဖြင့် ယခုအခါ နှစ်ဖက်စလုံး အကြမ်းဖက်မှုများ ရပ်တန့်ရန် ပြောဆိုရန် မသင့်ဟု ဝေဖန်ပစ်တင်လိုက်သည်။

ပြည်သူများက မိမိတို့ အခြားနိုင်ငံသားများလို လူချင်းတူတူ သူချင်းမျှမျှ နေထိုင်‌နိုင်ရေး အား အဟန့်အတား ဖြစ်စေခဲ့ သော အရာများကို ရှင်းလင်းစွာ သိမြင်ခွင့် ရလာပြီး ဗမာ၊ ကရင်၊ ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသား လူမျိုးအချင်းချင်း အတူတကွ

လက်တွဲတိုက်နိုင်မှသာ အပြီးအပိုင် လွတ်မြောက်နိုင်‌ တော့မည် ကို သိလာကြပြီး ပို၍ စည်းလုံးလာခဲ့ကြသည့် သမိုင်း တွင်မည့် အကျိုးကျေးဇူးများ ထွက်ပေါ်လာခဲ့သည် က အမြတ်ပင် ဖြစ်ပေတော့သည်။

ထိုသို့ ယုံကြည်သည်ထက် ယုံကြည်လာစေရန်၊ အင်အားကောင်းလာစေရန် အာဏာသိမ်း ကောင်စီ တပ်များက အဖက်ဖက် မှ လူမဆန်အောင် ကြမ်းကြုပ် ရက်စက်သော နည်းလမ်းပေါင်းစုံ သုံး၍ ပံ့ပိုးပေးလျက် ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ဤသို့ဖြင့် စစ်ကောင်စီ တပ်များသည် ပြည်သူများ၏ တွန်းလှန်စစ် ပွဲ ကြီး အတွင်းသို့ ရုန်းထွက်၍ မရအောင် တိုးဝင်လျက် ရှိနေပြီ ဖြစ်သည်။

ဖက်ဆစ် တော်လှန်ရေး အောင်ရမည်!!!

Hla Soewai