
မအလနဲ့ သူရဲ့စစ်တပ်ဟာ အာဏာသိမ်းဖို့အတွက် NLD အစိုးရတက်လာပြီး သူ့ကာချုပ်သက်တမ်း တိုးတာကို လက်မှတ်မထိုးပေးကထဲက မကောင်းကြံခဲ့ပါတယ်။
ပထမ စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းကို ကောလဟာလတွေနဲ့ ပြုတ်အောင်လုပ်ပါတယ်။ အနီအချို့က ယုံခဲ့ပါတယ်။ သူ့ကိုအစိုးရအဖွဲ့က ထွက်ရအောင်လုပ်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
နောက် ဦးဝင်းထိန်ကို ဒေါ်အောင်ဆန်းစုကြည် အနားကထုတ်ဖို့ကြိုးစားပါတယ်။ ကောလဟာလတွေထုတ်ပါတယ်။ အနီ အချို့က ယုံပါတယ်။ ဘထိန်လည်း ဒေါ်အောင်ဆန်းစုကြည် အနားက ထွက်သွားခဲ့ရပါတယ်။
နောက်ပြီးဒေါ်အောင်ဆန်းစုကြည်နားက သက်တော်စောင့်ကိုလည်း သေအောင် မအလနဲ့ အပေါင်းအပါ ဝန်ကြီးအချို့က ဝိုင်းလုပ်နိုင်ခဲ့ပါတယ်။
ကွီးဖြိုးဟာလဲ မအလကို ညွှန်ချုပ်အဆင့် ပြောပြီးကထဲက မအလဟာ အငြိုးထားခဲ့ပါတယ်။
ကိုဗစ်ဖြစ်ချိန်ကစလို့ အာဏာသိမ်းချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က လူကြီးတွေ အလွတ်သဘောတွေ့လို့မရတော့ပါ။
တကယ်အာဏာသိမ်းတော့ ဒေါ်အောင်ဆန်းစုကြည် နားမှာ ဘယ်သူမှမရှိခဲ့ပါ။ မအလတပ်က ဘထိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး သိပ်အပြောအ ဆိုမရှိတာအပေါ် မူတည်ပြီး လွှတ်ထားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြုံချိန်မှာမှ ဘထိန်ကိုသာ စာပေးသွားခဲ့တာပါ။
ယခုအာဏာသိမ်းအပြီးမှာ စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းကိုဖမ်းထားတာ အားလုံးသိမှာပါ။ ဘာလို့လဲဆိုတော့ မအလဟာ မိုင်တဲဗီယက်နမ်က ဒေါ်လာတစ်သန်း လာဘ်ယူတာကို သူကအကောင့်ထဲဝင်တာသိချိန်မှာ အထက်ကိုတင်ပြလို့ မအလက ဝင်ငွေကြေညာပြီး အခွန်ပေးခဲ့ရပါတယ်။ သူလာဘ်စားတာကို ဖော်ခဲ့လို့ ဦးကျော်ဝင်းကို အငြိုးထားခဲ့တာပါ။
ဘထိန်ကိုလည်း ဖမ်းထားတာ အားလုံးရှင်းပါတယ်။ ကွီးဖြိုးကို ဒုတိယအကြိမ် ပြန်ဖမ်းချိန်မှာ နှိပ်စက်ပါတယ်။ မေးသူက ဗိုလ်မှူးကြီးအဆင့်ပါ။ အစာမကျွေးတာ မအိပ်ရအောင်လုပ်တာကအစ မျိုးစုံနဲ့လုပ်ပါတယ်။ နောက်ဆုံးမရတဲ့အခါ သူ့မိန်းမကို ဖမ်းပြီးနှိပ်စက်ပါတယ်။
ယခုအ ထိလဲ သူ့မိန်းမကို ဖမ်းထားပါတယ်။ သူနေပြည်တော်ကိုသွားချိန်မှာ သူ့မိန်းမကို ဓားစာခံအဖြစ် ရေကြည်အိုင်မှာ ခေါ်ထားပါတယ်။
သူတို့ကို ဘာပြစ်မှုနဲ့မှ တရားစွဲထားတာမဟုတ်ပါ။ ဒါ့ကြောင့် သူတို့လင်မယားကို တရားမဝင် ဖမ်းထားတာပါ။ ကွီးဖြိုးက ပါတီ CEC မိုလို့ဖမ်းရင်တောင် တရားစွဲရပါမယ်။ ဒါ့ကြောင့် တရားမဝင်ပြန်ပေးစွဲထားတာပါ။ ဒါက အကြမ်းဖက်အဖွဲ့တွေမှာ လုပ်လေ့ရှိပါတယ်။
ယခင်ကထဲက အငြိုးထားခံရသူ ကွီးဖြိုးကို ယခုအချိန်မှာ ဘာပုဒ်မနဲ့မှ တရားမစွဲတာဟာ မထူးဆန်းဘူးလား စဉ်းစားပါ။
“ဟာ…ငါတို့က နှိပ်စက်တာခံနိုင်ရမယ်…ဘာညာပြောသူ” အချို့ရဲ့အကောင့်ကိုကြည့်ရာမှာ အချို့က မိမိအကောင့်ကို Lock လုပ်ထားပြီး အချို့က နိုင်ငံခြားကနေပြောသူ များပါ။ ထိုသူများကို ရွှေပြည်သာနဲ့ ရေကြည်အိုင်စစ် ကြောရေးကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပြောမကြီးပါနဲ့။
မအလဘာလို့ဒါမျိုးလုပ်လဲ။ ရည်ရွယ်ချက်က ရှင်းပါတယ်။ NLD ထဲမှာ ဒီမိုတွေထဲမှာ သွေးကွဲအောင်ပါ။ နောက် ကွီးဖြိုးကို နိုင်ငံရေး သေအောင်ပါ။ သူ့ကိုမယှဉ်နိုင်အောင်ပေါ့။ ဒါပေမယ့် မအလရဲ့ ဒီတွက်ချက်ဟာ ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်းမှာ ပြီးသွားခဲ့ပါပြီ။
ယခုအချိန်မှာ NUG က ဆရာဇော်ဝေစိုးတို့ ဒေါက်တာဆာဆာတို့က တက်သစ်စ ကြယ်ပွင့်လေးတွေ ဖြစ်လာခဲ့ပါပြီ။ ကိုမင်းကိုနိုင်ဟာလဲ DASSK ပြီးရင်သူ့နေရာတက်မယ့် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ပြည်သူ့ရင်ထဲမှာ ဝင်လာနေပြီးသားပါ။
ဒီနေရာမှာ စာရေးသူကို ကွီးဖြိုးအကြောင်းမေးသူများကိုပြောလိုတာက စာရေးသူအနေနဲ့ ကွီးဖြိုးဘာပြောပြော စိတ်မဝင်စားပါ။
သူဟာအကြမ်းဖက်အဖွဲ့ထံ ရောက်ရှိနေတဲ့ ဓားစာခံပါ။ သူ့မိန်းမဟာလဲ ဓားစာခံပါ။ စာရေးသူစိတ်ဝင်စားတာက တော်လှန်ရေးကို ဘယ်လိုနိုင်အောင်တိုက်မလဲဆိုတာပါ။
အကျဉ်းချုပ်ရရင် တော်လှန်ရေးကို အာရုံစိုက်ပါ။ မအလကိုဖြုတ်ချဖို့ဟာ NLD အတွက်မဟုတ်ဘဲ မိမိသေ တွင်းက လွတ်ဖို့ဆိုတာကို သိကြပါ။ သွေးမကွဲကြပါနဲ့။ သွေးကွဲရင်တော့ ခွေးဆွဲတာ ခံရပါလိမ့်မယ်။ မအလဟာ ကွီးဖြိုးလောက်ကိုသာ နိုင်ငံရေးလုပ်ကြံရင်း ကျန်ခဲ့ပေမယ့် ယခုခေတ်က NUG ခေတ်ဖြစ်သွားခဲ့ပါပြီလို့ ပြောပါရစေ။
Credit – Myat Tun Oo