မြေကြီး တူးဖို့ အဆင်မပြေတဲ့နေရာတွေမှာ အရေးပေါ် ဗုံးခိုကျင်း ပြုလုပ်နည်း…

အားလုံး မှတ်ထားကြပါနော်

မိုးတွင်းဘက် မြေကြီးတူးဖို့အဆင်မပြေတဲ့အခါ တိုက်ပွဲဖြစ်တဲ့အခါ အကာအကွယ်အနေနဲ့အုတ်တိုက်အိမ်ဆိုပါက မိမိအိပ်ခန်း သို့ အကာအကွယ်ရှိသော အခန်းထဲတွင် သဲအိတ်ကာအပေါ်တွင်တန်းပစ်ပြီး သဲအိတ်တင်ထားလို့ရပါတယ်

ကျည်ကွယ် ဗုံးဒဏ်ကာကွယ်ဖို့ လုပ်ထားလို့ရပါတယ်…တချို့ အိမ်အမြင့်တွေနဲ့သစ်သားအိမ်တွေမှာ အိမ်အောက်ဘက်မှာ သဲအိတ်ကာအပေါ်တန်းပစ်ပြီး ခိုကျင်းသဘော လုပ်ထားလို့ရပါတယ်။

တချို့နေရာတွေမှာ သဲမရှိရင် ဝါးကပ်ယက် ကပ်၂ခုကြား မြေကြီးထည့်ပြီး ယာယီခိုကျင်းပြုလုပ်နိုင်ပါတယ် မြေကြီးနဲ့လုပ်တဲ့အခါ အနည်းဆုံး ၁ပေ ၁ပေခွဲအထူရှိရမှာပါ ပိုထူလေပိုကောင်းလေပါ

ဝါးကပ်မရရင် သံဇကာ ၊ဗီနိုင်းစ၊ မိုးကာဖျင်စ စတာတွေကာရံ သဲထည့်ပြီးပြုလုပ်နိုင်ပါတယ်

တိုက်အိမ်တွေ သစ်သားအိမ်အထဲနဲ့အောက်ဘက်မှာ ခိုကျင်းပြုလုပ်ရင် နံရံနဲ့ကြမ်းခင်းကပ်လျက်အနေအထားတွေမှာ ပြုလုပ်တာပိုကောင်းပါတယ်

ဗုံးဆံထိလို့အပေါ်ကပြိုကျတဲ့အခါမျိုးမှာ လူကိုမပိမိအောင် golden triangle အသက်ကယ်တြိဂံနေရာတွေရွေးသင့်ပါတယ်။

ဒီဘက်မှာအရင်ကပြုလုပ်ခဲ့ဖူးတဲ့ပုံစံတွေပြောပြခြင်းပါ

ပိုကောင်းတဲ့ပုံစံတွေရှိရင် ပြောပြပေးကြပါ

တိုက်ပွဲကြားကပြည်သူတွေအတွက်လည်း

အကာအကွယ်ဖြစ်စေဖို့ပါ။

———-

အားလုံး မွတ္ထားၾကပါေနာ္

မိုးတြင္းဘက္ ေျမႀကီးတူးဖို႔အဆင္မေျပတဲ့အခါ တိုက္ပြဲျဖစ္တဲ့အခါ အကာအကြယ္အေနနဲ႔အုတ္တိုက္အိမ္ဆိုပါက မိမိအိပ္ခန္း သို႔ အကာအကြယ္ရွိေသာ အခန္းထဲတြင္ သဲအိတ္ကာအေပၚတြင္တန္းပစ္ၿပီး သဲအိတ္တင္ထားလို႔ရပါတယ္

က်ည္ကြယ္ ဗုံးဒဏ္ကာကြယ္ဖို႔ လုပ္ထားလို႔ရပါတယ္…တခ်ိဳ႕ အိမ္အျမင့္ေတြနဲ႔သစ္သားအိမ္ေတြမွာ အိမ္ေအာက္ဘက္မွာ သဲအိတ္ကာအေပၚတန္းပစ္ၿပီး ခိုက်င္းသေဘာ လုပ္ထားလို႔ရပါတယ္။

တခ်ိဳ႕ေနရာေတြမွာ သဲမရွိရင္ ဝါးကပ္ယက္ ကပ္၂ခုၾကား ေျမႀကီးထည့္ၿပီး ယာယီခိုက်င္းျပဳလုပ္ႏိုင္ပါတယ္ ေျမႀကီးနဲ႔လုပ္တဲ့အခါ အနည္းဆုံး ၁ေပ ၁ေပခြဲအထူရွိရမွာပါ ပိုထူေလပိုေကာင္းေလပါ

ဝါးကပ္မရရင္ သံဇကာ ၊ဗီႏိုင္းစ၊ မိုးကာဖ်င္စ စတာေတြကာရံ သဲထည့္ၿပီးျပဳလုပ္ႏိုင္ပါတယ္

တိုက္အိမ္ေတြ သစ္သားအိမ္အထဲနဲ႔ေအာက္ဘက္မွာ ခိုက်င္းျပဳလုပ္ရင္ နံရံနဲ႔ၾကမ္းခင္းကပ္လ်က္အေနအထားေတြမွာ ျပဳလုပ္တာပိုေကာင္းပါတယ္

ဗုံးဆံထိလို႔အေပၚကၿပိဳက်တဲ့အခါမ်ိဳးမွာ လူကိုမပိမိေအာင္ golden triangle အသက္ကယ္ႀတိဂံေနရာေတြေ႐ြးသင့္ပါတယ္။

ဒီဘက္မွာအရင္ကျပဳလုပ္ခဲ့ဖူးတဲ့ပုံစံေတြေျပာျပျခင္းပါ

ပိုေကာင္းတဲ့ပုံစံေတြရွိရင္ ေျပာျပေပးၾကပါ

တိုက္ပြဲၾကားကျပည္သူေတြအတြက္လည္း

အကာအကြယ္ျဖစ္ေစဖို႔ပါ။

Credit