ကမ္ဘာ့ဇာတ်ခုံမှာ ဘယ်သူမှ မကြည်ဖြူတော့သလို စစ်ကောင်စီကို ရာဇသံပေးလိုက်ပြန်တဲ့ အာဆီယံ

စစ်ကောင်စီကို ရာဇသံပေးလိုက်တဲ့ အာဆီယံ

အာဆီယံအထူးကိုယ်စားလှယ်ဝင်ခွင့်အတွက် မပူးပေါင်းတဲ့စစ်ကောင်စီကို အင်မတန်စိတ်ပျက်ကြောင်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေက ယနေ့အစည်းအဝေးမှာ ထုတ်ပြောလိုက်ပါတယ်။

အာဆီယံမူဘောင် (၅) ချက်ကလည်း တိုးတက်မှုမရှိဘူး၊ အခြေအနေကိုလည်း ပြန်အစီရင်မခံဘူး၊ အကြမ်းဖက်မှုတွေကလည်းရပ်မသွားဘဲ လူ ၁၁၀၀ ကျော် သေဆုံးခဲ့ရပြီ။

ဒီလိုသာ ဆက်လုပ်နေရင် ဒီလကုန်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မအလကို ပေးမတက်ခိုင်းဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

အာဆီယံဟာ အထူးကိုယ်စားလှယ်ရွေးဖို့ကို လနဲ့ချီကြာခဲ့ပြီး၊ အခုထိအောင် ပြည်ဝင်ခွင့်မရသေးတာနဲ့ အမေစုနဲ့တွေ့ခွင့်တောင်းတာကို ခွင့်မပြုလို့ ဒေါသထွက်နေကြပါတော့တယ်။

ခုတော့ ဘယ်သူမှလက်မခံတော့မှန်း တကယ့်ကိုသေခြာခဲ့လေပြီ။ 😂

ZMN
Ref: Agencies via CNA

ဒီကနေ့ အမေရိကန် သံရုံးရဲ့ စာမျက်နာမှာ ဖော်ပြချက်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

” မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာပြန်လည်ရောက်ရှိရေးအတွက် ထားရှိတဲ့ သူရဲ့ ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ဇာတ်ခုံမှာတင်ပြခဲ့ပါတယ်။

“ဒီမိုကရေစီဟာ ဘီလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နေရာတိုင်းမှာ ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းထောက်တွေ၊ ငြိမ်းချမ်းရေးအတွက်ဆန္ဒပြသူတွေနဲ့အတူ

ဒီမိုကရေစီဟာ ဆက်လက်ရှင်သန်လျက်ရှိနေပါတယ်” လို့ ဒီမိုကရက်တစ်ကမ္ဘာဟာ နေရာတိုင်းမှာရှိနေတဲ့အကြောင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရှေ့မှောက်မှာ သမ္မတဘိုင်ဒင်က အခုလိုပြောကြားခဲ့တာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုအဆုံးသတ်ရေးအတွက်မြန်မာစစ်အာဏာရှင်ကို ဖိအားပေးဖို့အရေးပေါ်လိုအပ်နေတဲ့အကြောင်းကိုလည်း စက်တင်ဘာ ၂၃ ရက်က နယူးယောက်မှာကျင်းပတဲ့

အထွေထွေညီလာခံမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့ အခြားသောအမေရိကန်အရာရှိတွေက အထူးအလေးပေးပြောကြားခဲ့ကြပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မြန်မာ့ ဒီမိုကရေစီအရေးလိုလားသူ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း

တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားရေးတွေလိုအပ်တဲ့အကြောင်းကို ဆွေးနွေးခဲ့ကြပါသေးတယ်။ မြန်မာပြည်သူတွေရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အားပေးကူညီမှုကို ပိုမိုအားကောင်းအောင်ဆောင်ရွက်ရေးနဲ့ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုပါတယ်” လို့ ချောလက်က ပြောတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

“စစ်အာဏာရှင်ဟာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရပါမယ်၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရပါမယ်” ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ရပါမယ် လို့

စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်တဲ့ကြေညာချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ထည့်သွင်းပြောကြားခဲ့ပါတယ်” လို့ U.S. Embassy Rangoon စာမျက်နာမှာ ဖော်ပြထားပါတယ်။