စစ်ဗိုလ်ဟောင်း တစ်ဦး၏ “မှန်းဆချက်တခု”
စစ်မှာ ဆုတ်တယ်ဆိုတာ မရှိဘူး။
ခွာတာပဲ ရှိတယ်။
ခွာတယ် ဆိုသော်ငြားလည်း ရန်သူနဲ့
ထိတွေ့နေရာကနေ စနစ်တကျနဲ့ အဆုံးအရှူံးမရှိ
ခွာလိုက်နိုင်တာဟာ ဗျူဟာမြောက်
အောင်မြင်မှုလို့ သတ်မှတ်တယ်။
အထူးသဖြင့်
ပူးတုံ ခွာတုံ၊ ငြိမ်ချီတခါ ကြွချီတလှည့် ကစားရတဲ့ ပျောက်ကြားစစ်မှာ ခွာတဲ့အပိုင်းက သိပ်အရေးကြီးတာပ။ သူသေ ကိုယ်ရှင်စတမ်းကိုး။
သတိထား ကြည့်လိုက်ရင်တော့
နစကရဲ့ ခံစစ်”စည်း”ဟာ ထိုးတိုင်း”ပေါက်”နေတာ တွေ့ရမယ်။ မစွံ။
“ထု”ရှိသေးလို့ ပြန်ဖာနိုင်ပေမယ့်
တဖက်က ခွာချိန်မှာတော့
သူလိုက်နိုင်တဲ့ “တာ”က တိုသထက် တိုလာနေပြီ။
တချိန်တည်းမှာ
စစ်သားဆိုရင် အစိမ်းလိုက် ဝါးစားချင်တဲ့ဖက်က
လူတွေ များသထက် ပိုများလာတယ်။
လက်နက်တွေက တစထက် တစ ပိုကောင်းလာတယ်။ စစ်ပွဲအတွေ့အကြုံတွေလည်း ပိုပို ရင့်ကျက်လာတယ်။
ဒါတောင်
ရေခဲတောင်ရဲ့ထိပ်ဖျားလေးပဲရှိသေးတယ်။ အောက်ခြေက ထုနဲ့ထည်နဲ့ရှိနေတဲ့ EAOs တွေ မပါသေးဘူး။
ဒီတော့ …
နိမိတ်ဖတ်လိုက်မယ်။
စစ်ဦးဘီလူးဆိုတဲ့ကောင်တွေ သိပ်မကြာခင်မှာ
အတုံးတုံး၊ အတစ်တစ်နဲ့ ပြန်ပေးဆပ်ရတော့မယ်။
မယုံကြည်သူများနဲ့ လောင်းကြေးတောင်
ထပ်လိုက်ချင်တယ်။
ဒီပွဲမှာ စစ်အုပ်စု အမြစ်ပြုတ်ကို ပြုတ်စေရမယ်။
စိုင်းသိန်းဝင်း
စစ်မှုထမ်းဗိုလ်ဟောင်း ရေးသည်။
🚀သံပါးစပ်
———-
ခွာတာပဲ ရှိတယ်။
အထူးသဖြင့်
တချိန်တည်းမှာ
ဒါတောင်
ဒီတော့ …
နိမိတ်ဖတ်လိုက်မယ်။
ထပ်လိုက်ချင်တယ်။
စိုင်းသိန်းဝင်း
🚀သံပါးစပ်