NUG ကို တရားဝင်အသိအမှတ်ပြုလို့ ပြင်သစ်သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ခေါ်ယူသတိပေး

NUG ကို တရားဝင်အသိအမှတ်ပြုလို့ ပြင်သစ်သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ခေါ်ယူသတိပေး

နေပြည်တော်၊ အောက်တိုဘာ ၆

SAC လက်အောက်ခံ နိုင်ငံခြားရေးဌာန ဝန်ကြီးဦးဝဏ္ဏမောင်လွင်က NUG ကို တရားဝင်အစိုးရအဖြစ် ပြင်သစ်အထက်လွှတ်တော်က အတည်ပြုခဲ့တာကြောင့် လက်မခံနိုင်ကြောင်း ပြင်သစ်သံအမတ်ကို ခေါ်ယူပြီး SAC ရဲ့ သဘောထားကို ပြောကြားခဲ့ပါတယ်။

NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြု ဆုံးဖြတ်ချက်အပေါ် လုံးဝလက်ခံစရာမရှိကြောင်း ပြင်သစ်သံအရာရှိကို ခေါ်ယူ တွေ့ဆုံကာ သတိပေးလိုက်တာဖြစ်ပါတယ်။

ပြင်သစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်နေသော SACကို ကျော်လွန်ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားတဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာချက်ဟာ မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာကိုစော်ကားရာရောက်တယ်လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ပြင်သစ်လွှတ်တော်က NUG ကို အတည်ပြုလိုက်တဲ့ကိစ္စဟာ ပြင်သစ်နိုင်ငံသားတွေရဲ့ဆန္ဒကို ကိုယ်စားပြုလုပ်ဆောင်တာဖြစ်တယ်လို့ ပြည်တွင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

ဒါပေမဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအလေးထားခြင်းမရှိတဲ့ SAC က ဒီလိုကိစ္စမျိုးကို သတိမထားမိတာဟာ မဆန်းဘူးလို့လည်း သူတို့က ယူဆပါတယ်။

တဆက်တည်းမှာပဲ ပြင်သစ်ကို မြန်မာဘက်က စီးပွားရေးအဆက်အဆံဖြတ်တောက်မယ်ဆိုတာမျိုး သတင်းတွေထွက်နေမဲ့ မြန်မာမြေမှာ ပြင်သစ်က ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတာဆိုလို့ တိုတယ်ရေနံကုမ္ပဏီတစ်ခုပဲ ရှိတယ်လို့ သူတို့က ထောက်ပြပါတယ်။

အခုလိုသတင်းတွေထွက်ပေါ်နေပေမယ့် နိုင်ငံခြားရေးဝန်ကြီဌာနရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Source : Mercury_Media

———-

NUG ကို တရားဝင္အသိအမွတ္ျပဳလို႔ ျပင္သစ္သံအမတ္ကို ႏိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္ ေခၚယူသတိေပး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၆

SAC လက္ေအာက္ခံ ႏိုင္ငံျခားေရးဌာန ဝန္ႀကီးဦးဝဏၰေမာင္လြင္က NUG ကို တရားဝင္အစိုးရအျဖစ္ ျပင္သစ္အထက္လႊတ္ေတာ္က အတည္ျပဳခဲ့တာေၾကာင့္ လက္မခံႏိုင္ေၾကာင္း ျပင္သစ္သံအမတ္ကို ေခၚယူၿပီး SAC ရဲ႕ သေဘာထားကို ေျပာၾကားခဲ့ပါတယ္။

NUG အစိုးရကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေၾကာင္း ျပင္သစ္အထက္လႊတ္ေတာ္က ကန္႔ကြက္သူမရွိအတည္ျပဳ ဆုံးျဖတ္ခ်က္အေပၚ လုံးဝလက္ခံစရာမရွိေၾကာင္း ျပင္သစ္သံအရာရွိကို ေခၚယူ ေတြ႕ဆုံကာ သတိေပးလိုက္တာျဖစ္ပါတယ္။

ျပင္သစ္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကိုတရားဝင္အုပ္ခ်ဳပ္ေနေသာ SACကို ေက်ာ္လြန္ၿပီး အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကျငာထားတဲ့ NUG ကို အစိုးရအျဖစ္ အသိအမွတ္ျပဳေၾကာင္း ေၾကညာခ်က္ဟာ ျမန္မာအစိုးရရဲ႕ ဂုဏ္သိကၡာကိုေစာ္ကားရာေရာက္တယ္လို႔ ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

ျပင္သစ္လႊတ္ေတာ္က NUG ကို အတည္ျပဳလိုက္တဲ့ကိစၥဟာ ျပင္သစ္ႏိုင္ငံသားေတြရဲ႕ဆႏၵကို ကိုယ္စားျပဳလုပ္ေဆာင္တာျဖစ္တယ္လို႔ ျပည္တြင္း ႏိုင္ငံေရးေလ့လာသူေတြက ဆိုပါတယ္။

ဒါေပမဲ့ျမန္မာျပည္သူေတြရဲ႕ဆႏၵကိုအေလးထားျခင္းမရွိတဲ့ SAC က ဒီလိုကိစၥမ်ိဳးကို သတိမထားမိတာဟာ မဆန္းဘူးလို႔လည္း သူတို႔က ယူဆပါတယ္။

တဆက္တည္းမွာပဲ ျပင္သစ္ကို ျမန္မာဘက္က စီးပြားေရးအဆက္အဆံျဖတ္ေတာက္မယ္ဆိုတာမ်ိဳး သတင္းေတြထြက္ေနမဲ့ ျမန္မာေျမမွာ ျပင္သစ္က ႀကီးႀကီးမားမားရင္းႏွီးျမႇဳပ္ႏွံထားတာဆိုလို႔ တိုတယ္ေရနံကုမၸဏီတစ္ခုပဲ ရွိတယ္လို႔ သူတို႔က ေထာက္ျပပါတယ္။

အခုလိုသတင္းေတြထြက္ေပၚေနေပမယ့္ ႏိုင္ငံျခားေရးဝန္ႀကီဌာနရဲ႕ တရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာထုတ္ျပန္ထားတာ မရွိေသးပါဘူး။

Source : Mercury_Media