စွမ်းအင်လိုအပ်ချက်ကြောင့် ဒုက္ခရောက်နေတဲ့ တရုတ်ကို အဆင်းဘီးတပ်ပေးလိုက်တဲ့ အိန္ဒိယ

တရုတ်ဆိပ်ကမ်းတွေမှာပုံနေတဲ့ သြစတေးလျဆီက ကျောက်မီးသွေးတွေကို တရုတ်ကမဝယ်ဘဲ ထား ထားတာ အိန္ဒိယ ကဈေးသက်သက်သာသာနဲ့ဝယ်သွားလို့ခံလိုက်ရပြီး ပြာယာခပ်နေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံတွင် လောင်စာပြတ်တောက်တွေမှုတွေ ဖြစ်နေခြင်းကြောင့် စက်ရုံ အလုပ်ရုံများ ပိတ်ထားရသည့် သတင်းကို အားလုံးလည်း သိရှိကြမည် ထင်ပါသည်။

ပြောချင်တဲ့အကြောင်းက ဒီကိစ္စ မဟုတ်ပါဘူး။ သူ့ဖာသာ စက်ရုံ အလုပ်ရုံများ ပိတ်ထားရုံမျှမကလို့ ဘာဖြစ်ဖြစ် ဒါက သူ့ပြည်တွင်းရေးပါ။

တရုတ်နိုင်ငံ ဆိပ်ကမ်းတွေမှာ သြစတေးလျမှ တင်ပို့လာတဲ့ ကျောက်မီးသွေးများ ပိတ်မိနေပါတယ်။ ပိတ်မိရတဲ့အကြောင်းက ဒီကျောက်မီးသွေးများကို တရုတ်က မဝယ်ဘဲ ပစ်ထားလို့ ဖြစ်ပါတယ်။

ယခင်ကတော့ နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကြောင့် ဝင်လာသမျှ ကျောက်မီးသွေးများကို အတားအဆီးမရှိ ဝယ်ယူနေခဲ့ပါတယ်၊ ယခုအခါ သြစတေးလျအစိုးရရဲ့ နိုင်ငံရေး ပေါ်လစီ ပြောင်းလဲလာမှုများအပေါ် ဒေါသထွက်ပြီး ဆိပ်ကမ်းများတွင် ရှိနေသော ကျောက်မီးသွေးများကို မဝယ်ဘဲ ထားရှိပါတယ်။

ဒီအတွက် သြစတေသျှ အနေနဲ့လည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဖြစ်နေသော တန်ချိန် သန်းနဲ့ရှိသည့် ကျောက်မီးသွေးများကို မိမိနိုင်ငံသို့ ပြန်သယ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါကို သြစတေသျှနိုင်ငံအပါအဝင် လေးနိုင်ငံ မဟာမိတ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အိန္ဒိယမှ ကူညီ ဖြေရှင်းပေးသွားပါတယ်။

တန်ချိန် နှစ်သန်း ရှိသည့် ကျောက်မီးသွေးများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူသွားပါသည်။ အဲဒီမှာ တရုတ်တွေ ပျာယာခတ်သွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စက တရုတ်နိုင်ငံတွင် လောင်စာစွမ်းအင် ပြတ်တောက်သည့်အချိန်တွင် ဖြစ်သွားခြင်းကြောင့် ပျာယာခတ်မယ်ဆိုလည်း ခတ်စရာ ဖြစ်ပါသည်။

တရုတ်မှာ ဒီလိုစိတ်ဓါတ် ရှိသည်မှာ ယခုမှ မဟုတ်ပါ။ မိမိတို့နိုင်ငံမှ တရုတ်နိုင်ငံသို့ အထူးသဖြင့် မူဆယ်မှ တဆင့်သွားသော ဖရဲ၊ သခွား သီးနှံများဆိုရင်

လို လိုသလို မလို မလိုသလို သူတို့တရုတ်ကုန်သည် အချင်းချင်း လက်ဝါးရိုက် ဈေးကစားခဲ့ကြလို့ မြန်မာကုန်သည်များ အထိနာခဲ့ကြပါတယ်။

အထူးသဖြင့် တပိုင် တနိုင် စိုက်ပျိုးပြီး သွားရောက် ရောင်းချသည့် တောင်သူဦးကြီးများ ပို၍ခံခဲ့ကြရပါသည်။

မိမိတို့ရဲ့ ဖရဲ သခွားများကို ပြန်လည် သယ်ယူမည် ဆိုပါက ထပ်မံ၍ သယ်ယူစားရိတ် ကုန်ကျမှာကြောင့် လမ်းဘေးမှာ စွန့်ပစ်ခဲ့ရတာမျိုးတောင် ရှိခဲ့ပါသည်။

ယခု ကျောက်မီးသွေးကိစ္စမှာတော့ တရုတ်တွေ အရှိုက်မိသွားပါပြီ။ ၁၉၇၀ နောက်ပိုင်းတွင် အနောက်နိုင်ငံများမှ တရုတ် ကွန်မြူနစ်နိုင်ငံအား တံခါး ဖွင့်ပေးလိုက်ခြင်းကြောင့်

စီးပွားရေးများ တဟုန်ထိုး တိုးတက်သွားပြီး ချမ်းသာလာကြတော့ ဒီအပေါ်မှာ မာန်တက်လာကြပါသည်၊ မာန်တက်လာရုံမျှမက ကမ္ဘာကြီးကို သြဇာ ချဲ့ထွင်ဖို့ ကြံစည်လာကြပါသည်။

ထို့ကြောင့်လည်း တရုတ်နိုင်ငံအား ပြန်လည် တုံ့ပြန်နိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံငံများ စဉ်းစား လုပ်ဆောင်နေကြပါသည်။ ဥပမာအားဖြင့် အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ အိန္ဒိယတို့ပါဝင်သော

လေးနိုင်ငံ Quad အဖွဲ့၊ အမေရိကန် ဗြိတိန် သြစတေသျှတို့ပါဝင်သော သုံးနိုင်ငံ စစ်ရေးမဟာမိတ်အဖွဲ့တို့ ဖွဲ့ထားခြင်းကို ကြည့်ပါက သိနိုင်ပါကြောင်း အချက်အလက်အချို့ကို ဆက်စပ်၍ တင်ပြလိုက်ရပါသည်။

တခါတရံ ရန်သူကို ကျည်တစ်တောင့်မှမသုံးရဘဲ စီးပွါးရေးနည်းလမ်းသုံးကာ အနိုင်ယူလို့ရပါတယ်။ ပညာတတ်ဖို့တော့ လိုပါတယ် ။

Joseph Min
Ref: SCMP